ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

 နေပြည်တော် ဩဂုတ်

ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း  ဆွမ်းကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ အပြည်ပြည် ဆိုင်ရာဝိပဿနာရိပ်သာကျောင်းတိုက်သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ဝါဆိုအေးမြဥယျာဉ်စာသင်တိုက်သို့လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ မြစေတီ စာသင်တိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ပုသိမ်ကျောင်းတိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်ရှိ ဒက္ခိဏာရုံကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော် များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။