ထိုင်းက စက်သုံးဆီ ရန်ပုံငွေအတွက် ဘတ်ဘီလီယံ ၁၅၀ အသင့်ပြင်ထား

ထိုင်းက စက်သုံးဆီ ရန်ပုံငွေအတွက် ဘတ်ဘီလီယံ ၁၅၀ အသင့်ပြင်ထား

    ထိုင်းအစိုးရက နိုင်ငံတော် စက်သုံးဆီ ရန်ပုံငွေအတွက် ဘတ်ဘီလီယံ ၁၅၀ ကို ချေးငွေ အဖြစ် ထုတ်ချေးပေးရန် အသင့်ပြင်ဆင် ထားပြီး အာမခံသည့် ဥပဒေကြမ်းတစ်ခုကို သြဂုတ် ၁၆ ရက်တွင် အတည်ပြုလိုက်သည်။

အစိုးရအနေဖြင့် နိုင်ငံအတွင်း ရင်ဆိုင်နေရသည့်  ငွေကြေးဖောင်းပွမှုကို ရင်ဆိုင် နိုင်ရေးအတွက် စွမ်းအင်ဈေးနှုန်းများကို အတိုင်းအတာ တစ်ခုအတွင်း ထိန်းညှိပေး နိုင်ရန်ရည်ရွယ်၍  အဆိုပါ ရန်ပုံငွေကို ထူထောင်ခြင်းဖြစ်ကြောင်း အစိုးရသတင်း အရင်းအမြစ်နှင့် ဒေသတွင်း သတင်းဌာနများ က ဖော်ပြထားသည်။

အစိုးရက ယခုအတည်ပြုလိုက်သည့် ဥပဒေကြမ်းကို ဥပဒေများစွာ စိစစ်အတည် ပြုသည့် နိုင်ငံတော်ကောင်စီရုံးက ထပ်ဆင့် အတည်ပြုရမည်ဖြစ်ပြီး  ယင်းနောက် လွှတ်တော်သို့ တင်သွင်းကာ ဥပဒေအဖြစ် အတည်ပြုချက် ရယူရမည်ဖြစ်သည်။

စက်သုံးဆီ ရန်ပုံငွေရုံး၌  လက်ရှိတွင် ကိုင်ဆောင်ထားသည့်  ရန်ပုံငွေပမာဏမှာ သြဂုတ် ၁၄ ရက်အထိ ဘတ် ၁၁၇ ဘီလီယံဖြစ်သည်။

ဇူလိုင်လအတွင်း ငွေကြေးဖောင်းပွမှုမှာ ၁၄ နှစ်အတွင်း အမြင့်ဆုံးဖြစ်လာသည့် ထိုင်းနိုင်ငံ၌   ထိုငွေကြေးဖောင်းပွမှုကို နည်းပါးစေရန်ရည်ရွယ်၍ စက်သုံးဆီ ဈေးနှုန်းများကို ထိန်းချုပ်နိုင်ရေးအတွက် ထိုရန်ပုံငွေကိုအသုံးပြုကာ ထောက်ပံ့မှုများ ပေးနေခြင်းဖြစ်ကြောင်း သိရသည်။