ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၅၄ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၇၉ ရာခိုင်နှုန်းရှိ

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၅၄ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၇၉ ရာခိုင်နှုန်းရှိ

နေပြည်တော်  သြဂုတ်  ၁၇

    ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊  ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက် ရှိပြီး  ၁၆-၈-၂၀၂၂ ရက် ည ၈ နာရီမှ ၁၇-၈-၂၀၂၂ ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၆၈၃၃ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၅၄ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်းမှာ သုည ဒသမ ၇၉ ရာခိုင်နှုန်းရှိသည်။

ထို့ကြောင့် ယနေ့အတွက်ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ သုည ဒသမ ၇၉ ရာခိုင်နှုန်းရှိသည်။ ယနေ့တွေ့ရှိသော ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၅၄ ဦးအနက် ၄၅ ဦး၊ ၈၃ ဒသမ ၃ ရာခိုင်နှုန်းမှာ    ပြည်ပမှ ဝင်ရောက်လာသူများအား ဓာတ်ခွဲစစ်ဆေးရာမှ   တွေ့ရှိခြင်းဖြစ်ပြီး ကိုးဦးမှာ ပြည်တွင်းတွင် ကူးစက် ဖြစ်ပွားသူများဖြစ်သည်။ အဆိုပါပြည်ပမှ ဝင်ရောက်လာသည့် ဓာတ်ခွဲအတည်ပြု လူနာ ၄၅ ဦးအနက် ၄၂ ဦးသည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ နယ်စပ်မှပြန်လည် ရောက်ရှိလာသူများဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၆၄၀၄၃၅ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၁၄၅၁၀ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၂၇ ဦးရှိသဖြင့် ယနေ့အထိ ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၅၉၃၁၄၅ ဦး ရှိပြီဖြစ်သည်။ ယနေ့တွင်  ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ တစ်ဦးရှိသဖြင့်  ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၄၃၇ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၁၆-၈-၂၀၂၂ ရက်နေ့အထိ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ စုစုပေါင်း ၃၀၂၉၀၃၇၄ ဦးနှင့် အသက် ၁၈ နှစ်အောက် လူဦးရေ စုစုပေါင်း ၆၂၄၃၂၀၉ ဦးတို့အား ထိုးနှံထားရှိပြီး ဖြစ်ကြောင်း  ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။