၂၀၂၂ ခုနှစ်၊  တိုင်းဒေသကြီးနှင့် ပြည်နယ် ဂျူဒိုပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆု၊ အမျိုးသမီးတံခွန်စိုက်ဆုနှင့် စုပေါင်းတံခွန်စိုက်ဖလားဆု ရရှိခဲ့သည့် ကချင်ပြည်နယ် ဂျူဒို အသင်းအား ဂုဏ်ပြုဆုချီးမြှင့်

၂၀၂၂ ခုနှစ်၊  တိုင်းဒေသကြီးနှင့် ပြည်နယ် ဂျူဒိုပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆု၊ အမျိုးသမီးတံခွန်စိုက်ဆုနှင့် စုပေါင်းတံခွန်စိုက်ဖလားဆု ရရှိခဲ့သည့် ကချင်ပြည်နယ် ဂျူဒို အသင်းအား ဂုဏ်ပြုဆုချီးမြှင့်

နေပြည်တော်၊ ဩဂုတ် - ၁၈

၂၀၂၂ ခုနှစ်၊  တိုင်းဒေသကြီးနှင့် ပြည်နယ် ဂျူဒိုပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆု၊ အမျိုးသမီးတံခွန်စိုက်ဆုနှင့် စုပေါင်းတံခွန်စိုက်ဖလားဆု ရရှိခဲ့သည့် ကချင်ပြည်နယ်ဂျူဒို အသင်းသည် ယနေ့နေ့လယ်ပိုင်းတွင် မြစ်ကြီးနားမြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်း သားပြည်သူများနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များက လေဆိပ်၌ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ထို့နောက် အဆိုပါအောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ဆက်လက်ပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ အောင်ပွဲရကစားသမားများနှင့် အားကစားဝါသနာရှင်များ တက် ရောက်ကြသည်။

ဦးစွာ ကချင်ပြည်နယ်ဂျူဒိုအသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ က စုပေါင်းတံခွန်စိုက်ဆုဖလားအား ပြည်နယ်ဝန်ကြီးချုပ်ထံ အပ်နှံကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး အောင်ပွဲရ ပြည်နယ်ဂျူဒို အသင်းအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ ၂၀၂၂ ခုနှစ်၊  တိုင်းဒေသကြီးနှင့် ပြည်နယ် ဂျူဒိုပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၂ သင်း၊ အမျိုးသမီးအသင်း ၁၃ သင်းတို့ဖြင့် ဩဂုတ် ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ် ဂျူဒိုအသင်းသည် ရွှေ ၄ ခု၊ ငွေ ၅ ခုဖြင့် အမျိုးသားတံခွန်စိုက်ဆုကိုလည်းကောင်း၊ ရွှေ ၇ ခု၊ ငွေ ၂ ခု၊ ကြေး ၂ ခုတို့ဖြင့် အမျိုးသမီးတံခွန်စိုက်ဆုကို လည်းကောင်း၊ စုစုပေါင်း ရွှေ ၁၁ ခု၊ ငွေ ၇ ခု၊ ကြေး ၂ ခုတို့ဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားအပြင် အမျိုးသားအကောင်းဆုံးဆု နှင့် အမျိုးသမီးအကောင်းဆုံဆုများကိုပါ ဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိသည်။