စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် အမျိုးသမီး ဗိုလ်လောင်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲ စစ်ဆေးခြင်း

စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် အမျိုးသမီး ဗိုလ်လောင်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲ စစ်ဆေးခြင်း

၁။      စစ်တက္ကသိုလ်ဗိုလ်လောင်း၊ တပ်မတော်နည်းပညာ တက္ကသိုလ်ဗိုလ်လောင်း၊ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းနှင့် တပ်မတော် ဆေးတက္ကသိုလ် အမျိုးသမီးဗိုလ်လောင်း လျှောက်လွှာ တင်သွင်းသူများသည် ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲကို အောက်ပါအတိုင်း ဖြေဆိုကြရမည်-

    (က)တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းနှင့် တပ်မတော်ဆေး တက္ကသိုလ် အမျိုးသမီးဗိုလ်လောင်း သင်တန်း ဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် အောက်ပါအတိုင်း ဖြေဆိုရမည်-

        (၁) အင်္ဂလိပ်စာ    ၀၉၀၀    နာရီမှ    ၁၁၀၀    နာရီအထိ။

        (၂)  ဇီဝဗေဒ         ၁၃၀၀    နာရီမှ    ၁၅၀၀    နာရီအထိ။

    (ခ) တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ  ၃ ရက်နေ့တွင် အောက်ပါအတိုင်း ဖြေဆိုရမည်-

        (၁) အင်္ဂလိပ်စာ     ၀၉၀၀   နာရီမှ    ၁၁၀၀     နာရီအထိ။

        (၂)သင်္ချာ              ၁၃၀၀    နာရီမှ    ၁၅၀၀    နာရီအထိ။

    (ဂ) စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် အောက်ပါအတိုင်း ဖြေဆိုရမည်-

        (၁)အင်္ဂလိပ်စာ      ၀၉၀၀    နာရီမှ     ၁၁၀၀    နာရီအထိ။

        (၂)သင်္ချာ              ၁၃၀၀    နာရီမှ     ၁၅၀၀    နာရီအထိ။

၂။  စာမေးပွဲများကို မိမိတို့လျှောက်လွှာ တင်သွင်းရာ တိုင်းစစ်ဌာနချုပ်အလိုက် အောက်ဖော်ပြပါ နေရာများတွင်ဖြေဆိုကြရမည်-

    (က)နေပြည်တော်အမှတ်(၃) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ ဆင်ဖြူရှင်ခန်းမ။

    (ခ) မြစ်ကြီးနားမြို့တိုင်း စစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ။

    (ဂ) လားရှိုးမြို့တိုင်းစစ်ဌာနချုပ်ခန်းမ။

    (ဃ)တောင်ကြီးမြို့တိုင်း စစ်ဌာနချုပ်၊ သံလွင်ခန်းမ။

    (င) နမ့်စန်မြို့နမ့်စန်လေတပ်စခန်းဌာနချုပ်ခန်းမ။

    (စ) ကျိုင်းတုံမြို့တိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်းအေးခန်းမ။

    (ဆ) မော်လမြိုင်မြို့အထက၊ ရွှေနတ်တောင်။

    (ဇ) မြိတ်မြို့တိုင်းစစ်ဌာနချုပ်၊ တိုင်းရန်အောင်ခန်းမ။

    (ဈ)ရန်ကုန်မြို့တပ်မတော် ဆေးတက္ကသိုလ်(ပင်မစာသင်ဆောင်)။

    (ည)ပုသိမ်မြို့ တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ။

    (ဋ)  အမ်းမြို့တိုင်းစစ်ဌာနချုပ်၊ အမ်းတောင်ခန်းမ။

    (ဌ) မုံရွာမြို့အထက(၂)၊ အလုံတပ်မြို့။

    (ဍ) မန္တလေးမြို့တိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ။

    (ဎ) တောင်ငူမြို့တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ။

၃။  ဗိုလ်လောင်း သင်တန်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲဖြေဆိုရန်အတွက် သတ်မှတ်ချက်နှင့်ပြည့်စုံပြီး ဖြေဆိုခွင့်ရသူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တစ်ဆင့် အကြောင်းကြားပေးမည်။ ဖြေဆိုရမည့် ခုံအမှတ်မှာ လျှောက်လွှာတွင် ဖော်ပြထားသည့် ခုံအမှတ် ဖြစ်သည်။ မိမိတို့လျှောက်လွှာ ထုတ်ယူရာ တိုင်းစစ်ဌာနချုပ်များတွင် ဖြေဆိုရမည့် ခုံအမှတ်နှင့်ဖြေဆိုရမည့် နေရာများကို သွားရောက်ကြည့်ရှုနိုင်သည်။

၄။   စာမေးပွဲဖြေဆိုရန် လာရောက်သည့်အခါ နိုင်ငံသား စိစစ်ရေးကတ်ကို တစ်ပါတည်း ယူဆောင်လာရမည်။ နိုင်ငံသား စိစစ်ရေးကတ် တင်ပြနိုင်ခြင်း မရှိသူများအား ဖြေဆိုခွင့်မပြုပါ။

၅။  အသေးစိတ် သိရှိလိုပါက သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်၊ စာစစ်ဌာနများတွင် စုံစမ်းမေးမြန်းနိုင်သည်။

စစ်ရာထူးခန့်ချုပ်ရုံး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)