ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံအမျိုးသား ဘတ်စကက်ဘောပြိုင်ပွဲ ဆုပေးပွဲကျင်းပ

ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံအမျိုးသား ဘတ်စကက်ဘောပြိုင်ပွဲ ဆုပေးပွဲကျင်းပ

၂၀၂၂ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ အမျိုးသား ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို သြဂုတ် ၁၇ ရက်တွင် ဘားအံမြို့ မိုးလုံလေလုံအားကစား ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဗိုလ်လုပွဲစဉ်တွင် Old Star အသင်းနှင့် Royal Oshi  အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Old Star အသင်းက ၅၁ မှတ်-၄၁ မှတ်ဖြင့် အနိုင်ရဗိုလ်စွဲပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘတ်စကက်ဘော အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုပေးပွဲကျင်းပရာ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများဖြစ်သော လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးခင်ဇော်၊ လူမှုရေးရာ ဝန်ကြီးဦးစိုးလွင်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ စီးပွားရေးရာ ဝန်ကြီးဦးစောခင်မောင်မြင့်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်နှင့်ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းတို့က ပထမ၊  ဒုတိယ၊  တတိယဆုရရှိသော အသင်းများအား တစ်ဦးချင်း လည်ဆွဲဆုများ၊ အတိုးတက်ဆုံး အားကစားသမားဆု၊ ငွေသားဆုနှင့် ဆုကလပ်များကို ပေးအပ်ကြပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အနိုင်ရဗိုလ်စွဲသွားသော Old Star ဘတ်စကက်ဘော ကလပ်အသင်းအား ငွေသားဆုနှင့် တံခွန်စိုက် ဆုဖလားတို့ကို ပေးအပ်ကြောင်း သိရသည်။