ဂျပန်က တာဝေးပစ် ဒုံးကျည်အစင်း ၁၀၀၀ ဖြန့်ကြက် ချထားရန် စဉ်းစားနေ

ဂျပန်က တာဝေးပစ် ဒုံးကျည်အစင်း ၁၀၀၀ ဖြန့်ကြက် ချထားရန် စဉ်းစားနေ

ဂျပန်စစ်ဘက်အနေဖြင့် တာဝေးပစ် ဒုံးကျည်အစင်း ၁၀၀၀ ဖြန့်ကြက်ချထားရန် စဉ်းစားနေကြောင်း Yomiuri သတင်းစာက သြဂုတ် ၂၁ ရက်တွင်  ဖော်ပြထားသည်။

အဆိုပါဒုံးကျည်များသည် လက်တွင်းရှိ အဆင့်မြှင့်တင်ထားပြီးသော ဒုံးကျည်များ ဖြစ်ကြောင်းနှင့် အကွာအဝေးအားဖြင့် ကီလိုမီတာ ၁၀၀ မှ ကီလိုမီတာ ၁၀၀၀ အထိအဆင့်မြှင့်တင်ထားခြင်းဖြစ်ကြောင်း သတင်းစာက ဆက်လက် ဖော်ပြထားသည်။

ရေယာဉ်များမှဖြစ်စေ၊ လေယာဉ်များမှ ဖြစ်စေ ပစ်ခတ်နိုင်သည့် အဆိုပါဒုံးကျည်များကို နိုင်ငံတောင်ပိုင်းရှိ နန်ဆိုင်းကျွန်းစုတွင် နေရာချထားသွားမည်ဖြစ်ပြီး ထိုနေရာမှပစ်ခတ်ပါက တရုတ်နှင့် မြောက်ကိုရီးယား နိုင်ငံတို့၏ ကမ်းရိုးတန်းမြို့များ အထိရောက်ရှိနိုင်ကြောင်း သတင်းစာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ဒုတိယကမ္ဘာစစ်ပြီးနောက် စစ်အင်အားကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရေးအတွက် အထိလျှော့ချခဲ့ရသည့် ဂျပန်နိုင်ငံက မကြာသေးမီနှစ်များမှစ၍ စစ်အင်အား တိုးမြှင့်မှုကို တဖြည်းဖြည်း လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။