ပြင်သစ်လီဂူးပြိုင်ပွဲတွင် ကာလရှည် အသုံးပြုခဲ့သည့် ကျောနံပါတ် စည်းမျဉ်းစနစ်ကို အသစ်ပြောင်းလဲ ကျင့်သုံးမည်

ပြင်သစ်လီဂူးပြိုင်ပွဲတွင် ကာလရှည် အသုံးပြုခဲ့သည့် ကျောနံပါတ် စည်းမျဉ်းစနစ်ကို အသစ်ပြောင်းလဲ ကျင့်သုံးမည်

ပြင်သစ်လီဂူးအဖွဲ့ချုပ်က ပြင်သစ်လီဂူးပြိုင်ပွဲတွင်  ကာလရှည် အသုံးပြုခဲ့သည့်   ကျောနံပါတ်စည်းမျဉ်း စနစ်ကို   အသစ်ပြောင်းလဲ ကျင့်သုံးမည်ဖြစ်ပြီး ယခင်သတ်မှတ်ချက် အားလုံးကို  ပယ်ဖျက်ခဲ့ကြောင်း သိရသည်။

ပြင်သစ်လီဂူးပြိုင်ပွဲတွင် အစောပိုင်းက ကျောနံပါတ် သတ်မှတ်မှုများကို ကျောနံပါတ် (၁) မှ (၃၀) အထိ အသုံးပြုခွင့်ပြုထားပြီး ကျောနံပါတ် (၃၀) နှင့်အထက် အသုံးပြုခွင့်ကို ပိတ်ပင်ထားခြင်းဖြစ်ကာ ကျောနံပါတ် (၁) မှ ကျောနံပါတ် (၁၆) နှင့် ကျောနံပါတ် (၃၀) တို့ကို ဂိုးသမားများအတွက်သာ အသုံးပြုခွင့်ပြုထားခြင်း ဖြစ်သည်။

ပြင်သစ်လီဂူးပြိုင်ပွဲတွင်  ကျောနံပါတ်ကန့်သတ် ချက်စည်းမျဉ်းများ ရှိနေသည့်အတွက် ကစားသမားများ အနေဖြင့် စိတ်ကြိုက်ကျောနံပါတ်ကို ဝတ်ဆင်အသုံး ပြုခွင့်မရရှိခဲ့ကြသော်လည်း ပြီးခဲ့သည့် ဘောလုံးရာသီက  ပီအက်စ်ဂျီအသင်းသို့   ပြောင်းရွှေ့ကစားသည့်  ဂိုးသမား ဒွန်နာရမ်မာနှင့် မက်ဆီတို့ အနေဖြင့် အထူးအခွင့်အရေး တစ်ရပ်ရရှိပြီး ဒွန်နာရမ်မာက ဂိုးသမား ဖြစ်သော်လည်း ကျောနံပါတ် (၅၀) ဝတ်ဆင်ခွင့်ရရှိခဲ့ပြီး မက်ဆီကလည်း ကျောနံပါတ် (၃၀) ကို ဝတ်ဆင်ကစားခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

ယခုအခါ ပြင်သစ်လီဂူး ဘောလုံးအဖွဲ့ချုပ်က ကာလရှည် အသုံးပြုခဲ့သည့် ကျောနံပါတ် အသုံးပြုမှု စည်းကမ်းများကို ပယ်ဖျက်ပေးမည် ဖြစ်သည့်အတွက် ပြင်သစ် လီဂူးတွင် ကစားနေသည့် ကစားသမားများ အနေဖြင့်လည်း စိတ်ကြိုက်ကျောနံပါတ်ကို ဝတ်ဆင်ကစားခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ 

Ref;L'Equipe