၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆက်လက် ကျင်းပ

၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆက်လက် ကျင်းပ

နေပြည်တော်  သြဂုတ်  ၂၃

၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားလေ့ကျင့်ရေး ကွင်းအမှတ်(၁)နှင့်(၃)တို့၌ ဆက်လက်ကျင်းပသည်။

ပြိုင်ပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ ဗိုလ်မှူးချုပ် ဖြိုးသန့်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊  ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊   ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးကြသည်။

ယနေ့အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ်  နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့်  ဘဏ္ဍာရေး ဝန်ကြီးဌာနအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီး ဌာနအသင်းက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအသင်းကို  ၆  ဂိုး ဂိုးမရှိဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။

အလားတူ   Myanmar National League II 2022 အမှတ်ပေးဘောလုံး ပြိုင်ပွဲ ပွဲစဉ်အဖြစ် ယနေ့ညနေ ၃ နာရီတွင် သုဝဏ္ဏလေ့ကျင့်ရေးကွင်း(၁)၌ ကချင်ယူနိုက်တက် အသင်းနှင့် ယောမြေအသင်းတို့ ယှဉ်ပြိုင်ကစားရာ ကချင်ယူနိုက်တက် အသင်းက ယောမြေအသင်းကို ၇ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။