ဆော်ဒီရဲ့ ထုတ်ပြန်ချက်တစ်ခုကြောင့် ကမ္ဘာ့ရေနံဈေး ၃ ရာခိုင်နှုန်းနီးပါး ခုန်တက်

ဆော်ဒီရဲ့ ထုတ်ပြန်ချက်တစ်ခုကြောင့် ကမ္ဘာ့ရေနံဈေး ၃ ရာခိုင်နှုန်းနီးပါး ခုန်တက်

ရေနံတင်ပို့ရောင်းချသည့် နိုင်ငံများအဖွဲ့နှင့် အပေါင်းအပါနိုင်ငံများ (OPEC+) အနေဖြင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် နည်းလမ်းများစွာရှိကြောင်း၊ ထိုနည်းလမ်းများတွင် ရေနံထုတ်လုပ်မှုကို လျှော့ချခြင်းလည်း ပါဝင်ကြောင်း ဆော်ဒီအာရေဗျ စွမ်းအင်ဝန်ကြီးက ပြောကြောင်း  နိုင်ငံပိုင်  SPA  သတင်းဌာနက သြဂုတ် ၂၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သြဂုတ် ၂၃ ရက် ကမ္ဘာ့ရေနံဈေးကွက် ဖွင့်ချိန်မှာတော့ ရေနံစိမ်းဈေးနှုန်းက ၃ ရာခိုင်နှုန်းနီးပါး  ခုန်တက်သွားတာကို မထိတ်သာမလန့်သာ မြင်တွေ့လိုက်ရပါတယ်။

ဂရင်းနစ်စံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန် ဈေးကွက်ပေါက်ဈေးအရ ကမ္ဘာ့စံပြုရေနံစိမ်း သတ်မှတ်ချက်ဖြစ်တဲ့ မြနညအ ရေနံစိမ်းက တစ်စည်ကို ၉၉ ဒေါ်လာနဲ့ ွျှွှှု ရေနံစိမ်းက တစ်စည်ကို ၉၂ ဒသမ ၇၀ ဒေါ်လာစီ အသီးသီးဖြစ်လာပါတယ်။ ရာခိုင်နှုန်းအားဖြင့်တော့   ၂  ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်သွားတာပါ။

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း   မြင့်တက်လာတာနဲ့အမျှ   နိုင်ငံအသီးသီးမှာ  အသုံးပြုနေကြတဲ့  စက်သုံးဆီဈေးနှုန်းတွေလည်း   အချိန်နဲ့တစ်ပြေးညီ မြင့်တက်လာမှာ အမှန်ပါပဲ။

အခုအခြေအနေက အဆိုးဆုံးလို့တော့ ပြောလို့မရပါဘူး။ မတ်လအတွင်းတုန်းကဆိုရင် ရေနံစိမ်းတစ်စည်ကို ၁၄၇ ဒေါ်လာအထိ မြင့်တက်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ လက်ရှိကမ္ဘာ တစ်ဝန်းဖြစ်ပွားနေတဲ့ ငွေကြေးဖောင်းပွမှုနဲ့ နှိုင်းယှဉ်ရင်တော့ အခုလို   ရေနံစိမ်းဈေးနှုန်းမြင့်တက်မှုဟာ သာမန်လက်လုပ်လက်စား ပြည်သူတွေအပေါ် သက်ရောက်မှုကြီးမားတာတော့ အမှန်ပါပဲ။

အခုဆိုရင်  ရေနံထွက်ရှိပါတယ်ဆိုတဲ့ အမေရိကန်နိုင်ငံမှာလည်း ကျန်ရှိတဲ့ အရန်ရေနံစိမ်း ပမာဏက နှစ်ပေါင်း ၃၅ နှစ် အတွင်း အနည်းဆုံးပမာဏကို ရောက်ရှိနေပြီလို့ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း    အရန်ရေနံစိမ်းစည်ပေါင်း  ၈ ဒသမ ၁ သန်း လျော့ကျပြီး လက်ရှိမှာ စည်ပေါင်း ၄၅၃ ဒသမ ၁ သန်းသာ ကျန်ရှိပါတော့တယ်။

နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်ရေး အတွက် နိုင်ငံတော် အရန်ရေနံစိမ်းထဲကနေ ခြောက်လအတွင်း တစ်ရက်ကို ရေနံစိမ်းစည် တစ်သန်းထုတ်ရောင်းပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ညွှန်ကြား ထားတာဖြစ်ပါတယ်။