ပွဲကစားချိန် မိနစ်တိုင်းတွင် ဂိုးသွင်းယူနိုင်သည့် တတိယမြောက် ကစားသမားအဖြစ် ဘာစီလိုနာအသင်း တိုက်စစ်မှူး လီဝန်ဒေါစကီး မှတ်တမ်းဝင်

ပွဲကစားချိန် မိနစ်တိုင်းတွင် ဂိုးသွင်းယူနိုင်သည့် တတိယမြောက် ကစားသမားအဖြစ် ဘာစီလိုနာအသင်း တိုက်စစ်မှူး လီဝန်ဒေါစကီး မှတ်တမ်းဝင်

ဘာစီလိုနာအသင်းတိုက်စစ်မှူး   လီဝန်ဒေါစကီး သည်  စပိန်လာလီဂါ ပွဲစဉ်အဖြစ် ဆိုစီဒက်စ်အသင်း နှင့်ဘာစီလိုနာအသင်းတို့ ကစားသည့်ပွဲစဉ်တွင် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက် ကမ္ဘာ့ဘောလုံး လောက၌  ပွဲကစားချိန် မိနစ်တိုင်းတွင်  ဂိုးသွင်းယူနိုင်သည့် တတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

လီဝန်ဒေါစကီးသည်   အဆိုပါပွဲစဉ်၌   ပွဲချိန် ၁ မိနစ်တွင် အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ပြီးနောက်  ပွဲကစားချိန် ၁ မိနစ်မှ မိနစ် ၉၀ အထိ မိနစ်တိုင်းတွင် ဂိုးသွင်းယူနိုင်ခဲ့သည့် တတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။

လီဝန်ဒေါစကီးမတိုင်မီက ကမ္ဘာ့ဘောလုံး လောက၌  ပွဲကစားချိန် မိနစ်တိုင်းတွင် ဂိုးသွင်းယူနိုင်သည့် ကစားသမားအဖြစ် မန်ယူအသင်း၊ ရီးယဲလ်မက်ဒရစ် အသင်းနှင့်  ဂျူဗင်တပ်စ်အသင်း တို့တွင် ကစားခဲ့ပြီး အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည့် လက်ရှိ မန်ယူအသင်းတိုက်စစ်မှူး  စီရော်နယ်ဒိုနှင့်  လက်ရှိအေစီမီလန် အသင်း  ဝါရင့်တိုက်စစ်မှူး အီဗရာမိုဗစ်ချ်တို့ရှိနေပြီး  ယခုအခါ  လီဝန်ဒေါစကီးက တတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။

လီဝန်ဒေါစကီးသည် ၂၀၁၀ ပြည့်နှစ်မှ  ၂၀၁၄ ခုနှစ်အထိ ဒေါ့မွန်အသင်း၌ လည်းကောင်း၊ ၂၀၁၄ ခုနှစ် မှ ယခုနှစ်ဇွန်လအထိ ဘိုင်ယန်မြူးနစ် အသင်း၌လည်း ကောင်းကစားခဲ့ပြီး အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ကာ ဒေါ့မွန်အသင်းနှင့် ဘိုင်ယန်မြူးနစ် အသင်းတို့တွင် ကစားစဉ်က ပွဲချိန် ၁ မိနစ်တွင်သာ ဂိုးသွင်းယူနိုင် ခြင်းမရှိဘဲ ပွဲချိန် ၂ မိနစ်မှ မိနစ် ၉၀ အထိ မိနစ်တိုင်းတွင်   ဂိုးသွင်းယူနိုင်ပြီး ယခုအခါ ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့ ကစားပြီးနောက် ပွဲချိန် ၁ မိနစ်တွင်  ဂိုးသွင်းယူနိုင်သည့် အတွက် ပွဲကစားချိန် မိနစ် တိုင်း  ဂိုးသွင်းယူနိုင်ခဲ့သည့် တတိယမြောက် ကစားသမား ဖြစ်လာကြောင်း  သိရသည်။