ရုရှားက မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များဖြင့် အရှေ့ပင်လယ် အတွင်း ကင်းလှည့်

ရုရှားက မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များဖြင့် အရှေ့ပင်လယ် အတွင်း ကင်းလှည့်

    ရုရှားစစ်ဘက်က မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်နှစ်စင်းဖြင့် ဂျပန်ပင်လယ်ဟုလည်း ခေါ်သည့် အရှေ့ပင်လယ်အတွင်း ကင်းလှည့်မှုများ   လုပ်ဆောင်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက   ထုတ်ပြန်ထားသည်ဟု    ရုရှားသတင်း ဌာနများက သြဂုတ်   ၂၃  ရက်တွင်   ဖော်ပြထားသည်။

အဆိုပါကင်းလှည့် ပျံသန်းမှုသည် အချိန်အားဖြင့် ခုနစ်နာရီကြာမြင့်ပြီး ပျံသန်းစဉ် အချို့လမ်းကြောင်းများတွင် တောင်ကိုရီးယား နိုင်ငံမှ   F-16 တိုက်လေယာဉ်များက လိုက်ပါစောင့်ကြည့်ကြောင်း    ရုရှားသတင်းဌာနများက ဆက်လက် ဖော်ပြထားသည်။

ရုရှားဗုံးကြဲလေယာဉ်များသည် တောင်ကိုရီးယားနိုင်ငံ၏    လေကြောင်းရန် ကာကွယ်ရေး အသိအမှတ်ပြု ဇုန်အတွင်းသို့ ဝင်ရောက်ကာ ပုံမှန်လှုပ်ရှားမှုများ လုပ်ဆောင်သည်ဟု   တောင်ကိုရီးယား စစ်ဘက်က ထုတ်ပြန်ထားသည်။

ရုရှားအနေဖြင့် တောင်ကိုရီးယားနိုင်ငံက သတ်မှတ်ထားသော လေကြောင်းရန် ကာကွယ်ရေး အသိအမှတ်ပြုဇုန်ကို အသိအမှတ်ပြု ထားခြင်းမရှိပေ။

ထို့ပြင်  တောင်ကိုရီးယား၏ အဆိုပါဇုန်သည်  ပိုင်နက်ဝေဟင် တစ်ခုမဟုတ်ဘဲ နိုင်ငံများအားလုံး  လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့်ရှိသည်ဟု   တရုတ်အစိုးရကလည်း ထုတ်ပြန်ထားကြောင်း  သိရသည်။