ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဘရာဇီး ကစားသမားများတွင် ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားအဖြစ် ကက်စ်မဲရိုး မှတ်တမ်းဝင်

ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဘရာဇီး ကစားသမားများတွင် ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားအဖြစ် ကက်စ်မဲရိုး မှတ်တမ်းဝင်

လက်ရှိ ကစားသမား အပြောင်းအရွှေ့ကာလအတွင်း ရီးယဲလ်မက်ဒရစ် အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည့် ကွင်းလယ် ကစားသမား ကက်စ်မဲရိုးသည်  ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဘရာဇီး ကစားသမားများတွင် ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အသက် ၃၀ အရွယ်  ကက်စ်မဲရိုးသည်   ပြီးခဲ့သည့်ရက်ပိုင်းက  ရီးယဲလ်မက်ဒရစ် အသင်းမှ  မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေး ယူရို ၇၀ ဒသမ ၆ သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဘရာဇီး ကစားသမားများတွင်  ပြောင်းရွှေ့ကြေး အမြင့်ဆုံးကစားသမားအဖြစ်  မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဘရာဇီး ကစားသမားများတွင် ပြောင်းရွှေ့ကြေး အမြင့်ဆုံးကစား သမားစာရင်း၌  ကက်စ်မဲရိုး၏ နောက်တွင်  လီဗာပူး အသင်းမှ ဘက်ကာက ယူရို ၆၂ ဒသမ ၅ သန်း၊ မန်ယူအသင်းမှ ဖရက်ဒ်က ယူရို ၅၉ သန်း၊ အဲဗာတန်အသင်းမှ ရစ်ချာလီဆန်က ယူရို  ၅၈ သန်း၊  အာဆင်နယ် အသင်းမှ ဂျီးဆပ်က ယူရို ၅၂ ဒသမ ၂ သန်း၊ လီဗာပူးအသင်းမှ ဖာဘင်ဟိုက ယူရို  ၄၅ သန်း၊  နယူးကာဆယ် အသင်းမှ ဂျိုလင်တန်က ယူရို ၄၄ သန်း၊ မန်စီးတီးအသင်း ကစားသမားဟောင်း ရော်ဘင်ဆင်က ယူရို ၄၃ သန်း၊ နယူးကာဆယ် အသင်းမှ ဂူမာရေးစ်က ယူရို ၄၂ ဒသမ ၁ သန်းဖြင့် အသီးသီး ရပ်တည်လျက် ရှိကြောင်း သိရသည်။             

 Ref;Transfer Market