ဖိုဖာနာအတွက် စတာလင်ပေါင် သန်း ၇၀ ဖြင့် ချယ်လ်ဆီး အသင်း၏ ကမ်းလှမ်းမှုကို လက်စတာအသင်း ထပ်မံပယ်ချ

ဖိုဖာနာအတွက် စတာလင်ပေါင် သန်း ၇၀ ဖြင့် ချယ်လ်ဆီး အသင်း၏ ကမ်းလှမ်းမှုကို လက်စတာအသင်း ထပ်မံပယ်ချ

    ချယ်လ်ဆီးအသင်းက လက်ရှိကစားသမား အပြောင်းအရွှေ့ ကာလမပြီးဆုံးမီ လက်စတာအသင်းမှ ခံစစ်ကစားသမား ဖိုဖာနာကို မြင့်မားသည့် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြစ်သော စတာလင်ပေါင် သန်း ၇၀ ဖြင့် ကမ်းလှမ်းခဲ့သော်လည်း လက်စတာအသင်းက ထပ်မံပယ်ချခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းက လက်စတာအသင်းမှ ဖိုဖာနာကို ၂၀၂၁ ခုနှစ် နွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလကတည်းက  ခေါ်ယူရန်ကြိုးပမ်းခဲ့ပြီး မအောင်မြင်သည့် အတွက် လက်ရှိကစားသမား အပြောင်းအရွှေ့ ကာလတွင် ထပ်မံခေါ်ယူရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းက    လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် ခံစစ်ကစားသမား ခရစ္စတန်ဆန်နှင့် အဓိကကစားသမား ရူဒီဂါတို့ အသင်းမှ ထွက်ခွာခဲ့ပြီးနောက်  ဗဟိုခံစစ်ပိုင်း အတွက်  နာပိုလီအသင်းမှ  ကူလီဘာလေကို ခေါ်ယူပြီး  ဆီဗီလာ အသင်းမှ    ခွန်ဒေးကိုခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း   ဘာစီလိုနာအသင်းက   ခေါ်ယူခဲ့သည့် အတွက်  ဖိုဖာနာကိုခေါ်ယူရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ကူလီဘာလေကို ခေါ်ယူခဲ့ပြီး ဖြစ်သော်လည်း နောက်ထပ်ခံစစ် ကစားသမား တစ်ဦးဖြစ်သော သီယာဂိုဆေးလ်ဗားမှာ ကာလရှည် အသုံးပြုရန် ခက်ခဲနိုင်သည့် အတွက် အပြောင်းအရွှေ့ ကာလမပြီးဆုံးမီ    နောက်ထပ်ခံစစ် ကစားသမားတစ်ဦး ထပ်မံအင်အားဖြည့်တင်းရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းက အစောပိုင်းတွင် ဖိုဖာနာကို စတာလင်ပေါင် သန်း ၆၀ ဖြင့် ကမ်းလှမ်းခဲ့သော်လည်း လက်စတာအသင်းက ပယ်ချခဲ့သည့်အတွက် ယခုအခါ ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၇၀ဖြင့် ဒုတိယအကြိမ် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကာ လက်စတာအသင်းကလည်း  စတာလင်ပေါင် သန်း ၈၀ ရရှိမှသာ ရောင်းချမည်ဟု ကြေညာခဲ့ကြောင်း သိရသည်။

Ref;Football London