ရတနာပုံအသင်းက  ISPE  အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ

ရတနာပုံအသင်းက  ISPE  အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ

နေပြည်တော်  သြဂုတ်  ၂၅

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာ  နေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၂  မြန်မာနေရှင်နယ်လိဂ်(၁)အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၉)အဖြစ် ယနေ့ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ရတနာပုံအသင်းနှင့်   ISPE အသင်းတို့ ယှဉ်ပြိုင်ကစားရာ   ရတနာပုံအသင်းက ISPE အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည်။

ယနေ့ပွဲစဉ်တွင်   ရတနာပုံအသင်းမှာ ဇယား၏အဆင့်(၂)၌   ရပ်တည်နေသော အသင်းဖြစ်သည်နှင့် အညီ တိုက်စစ်ပိုင်းကို  အဓိကထားပြီး ကစားခဲ့ရာ ပွဲကစားချိန်  ၄ မိနစ်နှင့်  ၃၁  မိနစ်တို့တွင်  သက်နိုင်က ၂ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ပထမပိုင်း ၄၄  မိနစ်တွင်  ရတနာပုံအသင်းမှ  ရဲရင့်အောင်က  ထပ်မံဂိုးသွင်း ယူပေးနိုင်ခဲ့သည့် အတွက်   ရတနာပုံအသင်းက   ISPE အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်း ပွဲကစားချိန် မိနစ် ၉၀+၂ နာကျင်အချိန်ပိုတွင်  ISPE   အသင်းမှ ကြည်စိုးက  ချေပဂိုး သွင်းယူပေးနိုင်ခဲ့သော်လည်း ပြိုင်ပွဲပြီးဆုံးချိန်တွင် ရတနာပုံအသင်းက ISPE   အသင်း ကို ၃ ဂိုး ၁ ဂိုး ဖြင့် အနိုင်ရရှိသည်။

၂၀၂၂ မြန်မာနေရှင်နယ်လိဂ်(၁) အမှတ် ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်ပထမ အကျော့ပွဲစဉ် များပြီးဆုံးခဲ့ပြီး  စက်တင်ဘာ ၃ ရက်တွင် ပွဲစဉ်(၁၀)မှ   ရှမ်းယူနိုက်တက် အသင်းနှင့် မြဝတီအသင်းတို့သည် ညနေ ၃ နာရီတွင် သုဝဏ္ဏအားကစားကွင်း၌    ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။