လီဗာပူးအသင်း သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်သွင်းဂိုး အများဆုံး ကစားသမား ရော်ဘီဖောင်လာ၏ စံချိန်ကို တိုက်စစ်မှူး ဆာလက်ချ်လိုက်မီရန် ရှစ်ဂိုးသာ လိုနေ

လီဗာပူးအသင်း သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်သွင်းဂိုး အများဆုံး ကစားသမား ရော်ဘီဖောင်လာ၏ စံချိန်ကို တိုက်စစ်မှူး ဆာလက်ချ်လိုက်မီရန် ရှစ်ဂိုးသာ လိုနေ

လီဗာပူးအသင်း တိုက်စစ်မှူး    ဆာလက်ချ်သည် အသင်းသမိုင်း တစ်လျှောက် ပရီးမီးယားလိဂ်သွင်းဂိုး အများဆုံး ကစားသမားအဖြစ်  ရပ်တည်နေသည့် ဂန္ထဝင်ကစားသမား ရော်ဘီဖောင်လာ၏ စံချိန်ကို လိုက်မီရန် ရှစ်ဂိုးသာ လိုနေကြောင်း သိရသည်။

အသက် ၃၀ အရွယ် ဆာလက်ချ်သည် ၂၀၁၇ ခုနှစ်က  ရိုးမားအသင်းမှ  လီဗာပူးအသင်းသို့ ပြောင်းရွှေ့ ကစားပြီး အသင်းနှင့်အတူ ဘောလုံး ရာသီတိုင်းတွင်  အကောင်းဆုံး ခြေစွမ်းပြနိုင်ကာ   မန်ယူအသင်းနှင့် လီဗာပူးအသင်းတို့ ကစားခဲ့သည့်ပွဲစဉ်တွင်   အသင်းအတွက်  သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက်  အသင်းနှင့် ပရီးမီးယားလိဂ် သွင်းဂိုး ၁၂၀ ပြည့်မြောက်ခဲ့ပြီး ရော်ဘီဖောင်လာ၏ စံချိန်ကို လိုက်မီနိုင်ရန် နီးစပ် လာခြင်းဖြစ်သည်။

လီဗာပူးအသင်းသမိုင်း တစ်လျှောက် ပရီးမီးယား လိဂ်သွင်းဂိုး အများဆုံး ကစားသမားစာရင်းတွင် ရော်ဘီဖောင်လာက ၁၂၈ ဂိုးဖြင့်  ထိပ်ဆုံး၌ ရပ်တည်နေပြီး ယခုအခါ  ဆာလက်ချ်က ရော်ဘီဖောင်လာ၏ စံချိန်ကို လိုက်မီရန် ရှစ်ဂိုးသာ လိုအပ်တော့ခြင်းဖြစ်သည်။

လီဗာပူးအသင်းသမိုင်း တစ်လျှောက် ပရီးမီးယား လိဂ်သွင်းဂိုး အများဆုံး ကစားသမားစာရင်းတွင် ရော်ဘီဖောင်လာနှင့် ဆာလက်ချ်တို့နောက်၌ စတီဗင်ဂျရတ် ကလည်း သွင်းဂိုး ၁၂၀ ဖြင့် ဆာလက်ချ်နှင့် ပူးတွဲရပ်တည်နေပြီး အိုဝင်က ၁၁၈ ဂိုးဖြင့် တတိယနေရာ၌ ရပ်တည် နေကြောင်း သိရသည်။

Ref;Opta.com