IS စစ်သွေးကြွအဖွဲ့ဝင် နိုင်ငံခြားသား ၁၃ ဦးအား တူရကီဖမ်းဆီး

IS စစ်သွေးကြွအဖွဲ့ဝင် နိုင်ငံခြားသား ၁၃ ဦးအား တူရကီဖမ်းဆီး

တူရကီနိုင်ငံ   မြို့တော်အန်ကာရာ၌ ရဲတပ်ဖွဲ့က သြဂုတ် ၂၅ ရက်တွင် စီးနင်းမှုများ လုပ်ဆောင်ရာ IS စစ်သွေးကြွအဖွဲ့ဝင်ဟု ယူဆရသူ  နိုင်ငံခြားသား ၁၃ ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း နိုင်ငံပိုင် TRT ရုပ်သံဌာနက ထုတ်ပြန်သည်။

ရဲတပ်ဖွဲ့သည် IS  စစ်သွေးကြွအဖွဲ့ဝင်များဟု ယူဆရသူ  ၁၅ ဦးအား   ဖမ်းဆီးနိုင်ရေး အတွက် စီးနင်းမှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများအနက် အချို့မှာ IS စစ်သွေးကြွအဖွဲ့နှင့် အဆက်အသွယ် ရှိသူများဖြစ်ကြောင်း  ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။  ရဲတပ်ဖွဲ့သည်   ကျန်ရှိနေသည့် စစ်သွေးကြွအဖွဲ့ဝင် နှစ်ဦးကို  ဆက်လက် ရှာဖွေလျက်ရှိသည်။

တူရကီအစိုးရသည် IS စစ်သွေးကြွအဖွဲ့ကို  အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ၂၀၁၃ ခုနှစ်ကတည်းက တရားဝင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ယင်းစစ်သွေကြွအဖွဲ့သည် နိုင်ငံအတွင်း၌ ၂၀၁၅  ခုနှစ်မှစ၍ အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်ဆောင်လျက် ရှိသည်ဟု ပြောကြားထားသည်။

တူရကီနိုင်ငံ၏ တောင်ဘက်နယ်စပ်သည် ဆီးရီးယားနှင့် ထိစပ်နေပြီး ယင်းဒေသသည်  ဆီးရီးယား ပြည်တွင်းစစ်ဖြစ်ပွားရာ ၂၀၁၁  ခုနှစ်မှစ၍ ဆီးရီးယားပြည်သူများနှင့် ပြည်ပမှဝင်ရောက်လာသည့် အကြမ်းဖက်အဖွဲ့ဝင်များ ဖြတ်သန်းသွားလာရာ ဒေသတစ်ခုဖြစ်လာကြောင်း သိရသည်။

Ref:dimsumdaily