လမ်းလျှောက်ခြင်းသည် ပန်ကရိယ ခေါ် မုန့်ချိုအိတ်ကို ကျန်းမာစေသည်

ပန်ကရိယလို့ခေါ်တဲ့ မုန့်ချိုအိတ်က မိမိတို့စားသောက်သမျှ အစာတွေအားလုံးကို ခန္ဓာကိုယ်ရဲ့ ကလာပ်စည်းတွေအတွက် လိုအပ်တဲ့လောင်စာအဖြစ် ပြောင်းလဲပေးတဲ့တာဝန်ကိုထမ်းဆောင်ပါတယ်။ သူ့မှာ လုပ်ငန်းကြီးနှစ်ခုရှိပါတယ်။ အဲဒါတွေကတော့ အစာခြေရည်ထုတ်ပေးခြင်းနဲ့ သွေးတွင်းသကြား ဓာတ်ကို ထိန်းညှိပေးခြင်းတို့ပါပဲ။

ပုံမှန်လမ်းလျှောက်ပေးခြင်းက သွေးတွင်းသကြားဓာတ် ပမာဏကို ကောင်းမွန်တဲ့ အခြေအနေ တစ်ခု မှာပဲ ရှိနေစေဖို့ ကူညီပေးပါတယ်။ လမ်းလျှောက်တဲ့သူနဲ့ ပြေးတဲ့သူနှိုင်းယှဉ်လိုက်ရင် လမ်းလျှောက်တဲ့ သူက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သွေးတွင်းသကြားဓာတ် ပမာဏကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ရာမှာ လမ်းလျှောက်ခြင်းဟာ ပြေးခြင်းထက်ပိုပြီး ထိရောက်မှု ရှိတယ်လို့ ဆိုတာပါ။