အမေရိကန် စစ်သင်္ဘောများ ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်း

အမေရိကန် စစ်သင်္ဘောများ ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်း

   အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုဆီ၏ တရုတ်(တိုင်ပေ)ခရီးစဉ်ပြီးနောက် ပထမဆုံးအဖြစ် အမေရိကန် စစ်သင်္ဘောများက သြဂုတ် ၂၈ ရက်တွင် ထိုင်ဝမ်ရေလက်ကြားရှိ နိုင်ငံတကာ ရေပိုင်နက်မှ ဖြတ်သန်းသွားလာကြောင်း သိရသည်။

အမေရိကန်ရေတပ်မှ ခရူဆာစစ်သင်္ဘောကြီးများဖြစ်သည့်  ချန်ဆယ်လာဗေးနှင့် အန်တီးတမ်တို့က ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းမှုကို လုပ်ဆောင်ခြင်းဖြစ်ပြီး ၈ နာရီမှ ၁၂ နာရီအထိကြာမြင့်သော  အဆိုပါ လုပ်ဆောင်မှုကို   တရုတ်စစ်ဘက်က အနီးကပ်စောင့်ကြည့်ခဲ့သည်။

စစ်သင်္ဘောများအနေဖြင့် မည်သည့်ကမ်းရိုးတန်း ဒေသမဆို  ပိုင်နက်ရေပြင် အလွန်တွင်ရှိသော ရေလက်ကြား၏ စင်္ကြံမှ ဖြတ်သန်းသွားလာခြင်း ဖြစ်ကြောင်း အမေရိကန်ရေတပ်က ထုတ်ပြန်ထားသည်။

တရုတ်အရှေ့ပိုင်း စစ်နယ်ဝန်းဌာနချုပ်က အမေရိကန် စစ်သင်္ဘောများ၏ ထိုင်ဝမ်ရေလက်ကြားသို့ ဖြတ်သန်းမှုကို အနီးကပ် လိုက်ပါစောင့်ကြည့်ကာ  သတိပေးမှုများလုပ်ဆောင်ခဲ့ကြောင်းနှင့် စစ်နယ်ဝန်းအတွင်းရှိစစ်သည်များက တိုက်ပွဲဝင် အသင့်ရှိနေပြီး မည်သည့်အချိန်တွင်မဆို ဖြစ်လာနိုင်သော မည်သည့်ရန်စမှုမျိုးကိုမဆို ဟန့်တားသွားရန် အသင့်ရှိကြောင်း တရုတ်စစ်ဘက်က ထုတ်ပြန်ထားသည်။ 

Ref: CNA