ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်း တိုးမြှင့်ရန် ထိုင်းနှင့် ဗီယက်နမ်တို့ ပူးပေါင်းဆောင်ရွက်မည်

ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်း တိုးမြှင့်ရန် ထိုင်းနှင့် ဗီယက်နမ်တို့ ပူးပေါင်းဆောင်ရွက်မည်

    ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့ အနေဖြင့် ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်း တိုးမြှင့်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူကြောင်း  ထိုင်းစိုက်ပျိုးရေးအရာရှိတစ်ဦးက သြဂုတ် ၂၉ ရက်တွင်ပြောသည်။

ကမ္ဘာ့ဈေးကွက်တွင်  ဆန်ဈေးနှုန်း တိုးမြှင့်ရေးအတွက် အဆိုပါနှစ်နိုင်ငံကြား ယခုကဲ့သို့ပူးပေါင်း ဆောင်ရွက်ရေး သဘောတူမှုသည် ပထမဆုံး အကြိမ်ဖြစ်သည်။

ကျေးလက်ဒေသများတွင် ဝင်ငွေရရှိမှု တိုးပွားစေရေး အတွက် ရည်မှန်းသည့် အနေဖြင့်လုပ်ဆောင်သော လအနည်းငယ်ကြာ ဆွေးနွေးမှုများအပြီး ယခုကဲ့သို့သဘောတူခြင်းဖြစ်ကြောင်း ထိုင်းစိုက်ပျိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး၏ အကြံပေး အလောင်ကွန်းပွန်လာဘုက ပြောသည်။

နှစ်နိုင်ငံစလုံးမှဆန်ကြမ်း ထွက်ရှိမှု ပမာဏသည် ကမ္ဘာ့ဆန်ကြမ်း ထွက်ရှိမှုပမာဏ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းရှိကာ နှစ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ကမ္ဘာ့ဆန်တင်ပို့မှု ပမာဏ၏ ၂၆ ရာခိုင်နှုန်းရှိသည်။

အဆိုပါနှစ်နိုင်ငံကြား ဆွေးနွေးမှုများကို မေလကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ယခုမှသဘောတူညီချက်ရရှိခြင်း ဖြစ်သော်လည်း ဆန်ဈေး တိုးမြှင့်မှုက မည်သည့်အချိန်တွင်   စတင် အသက်ဝင်မည်ကို အသေးစိတ်ဖော်ပြထားခြင်း မရှိသေးကြောင်း သိရသည်။