ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရေးနှင့် လွယ်ကူချောမွေ့စေရေး အတွက် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးလျက်ရှိ

ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရေးနှင့် လွယ်ကူချောမွေ့စေရေး အတွက် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၃

    ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရေးအတွက်  နိုင်ငံတော်အစိုးရမှ အစီအစဉ်များရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီလဝါအထူး စီးပွားရေးဇုန်၌ သီလဝါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ ရင်းနှီမြှုပ်နှံမှုများ ဆောင်ရွက်နေကြသည့်  ကုမ္ပဏီများနှင့် တွေ့ဆုံစဉ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် သီလဝါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ အထူးစီးပွားရေးဇုန်များ ဗဟိုလုပ်ငန်းအဖွဲ့နှင့် ရင်းနှီးမြှုပ်နှံသူများ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး အတွက် လိုအပ်သည့် အစီအစဉ်များကိုလည်း ညှိနှိုင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဝါအထူးစီးပွားရေး ဇုန်အတွင်း မော်တော်ယာဉ်ဖြင့် လိုက်လံကြည့်ရှုခဲ့ပြီး  Wilmar Myanmar Limited  မှ ပြည်ပသို့ အဆင့်မြင့်ဆန်များ တင်ပို့နိုင်ရေး အတွက် ခေတ်မီဆန်စက်ဖြင့် ကြိတ်ခွဲထုတ်လုပ်လျက်ရှိ သည့်အခြေအနေ၊ စားသုံးဆီ အဆင့်မြင့် ထုတ်လုပ်ဖြန့်ဖြူးလျက် ရှိသည့် အခြေအနေနှင့် ဖွဲနုဆီထုတ်လုပ်သည့်စက်ရုံ တည်ဆောက်လျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှု၍  လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။