စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးဖလား အသက် ၁၆ နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးဖလား အသက် ၁၆ နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရခိုင်ပြည်နယ်  စစ်တွေမြို့  ဓညဝတီ အားကစားကွင်း၌ စစ်တွေမြို့နယ် အုပ်ချုပ် ရေးမှူးဖလား အသက် ၁၆ နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂ ရက်က ကျင်းပသည်။

ရှေးဦးစွာ ဗိုလ်လုပွဲအဖြစ် အမှတ်(၆) အခြေခံပညာ    အထက်တန်းကျောင်း အသင်းနှင့် အမှတ်(၂)  အခြေခံပညာ အထက်တန်းကျောင်း အသင်းတို့ ယှဉ်ပြိုင်ကြရာ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း အသင်းက ၃ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိသည်။

ထို့နောက် အကောင်းဆုံး အားကစားသမားဆု ရရှိခဲ့ကြသူများအား   မြို့နယ် မီးသတ်ဦးစီးဌာန   ဦးစီးမှူး၊  ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးမှူး၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ စစ်တွေမြို့နယ် ပညာရေးမှူးက တတိယဆုရရှိသော အခြေခံပညာ အထက်တန်းကျောင်းခွဲ မကျဉ်းမြိုင်ကျောင်းမှ   အားကစားသမားများအား တစ်ဦးချင်း လည်ဆွဲတံဆိပ်နှင့်   ငွေကျပ် တစ်သိန်း၊ စစ်တွေမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးက ဒုတိယဆုရရှိသော အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ အား ကစားသမားများအား တစ်ဦးချင်းလည်ဆွဲ တံဆိပ်နှင့် ငွေကျပ် နှစ်သိန်းတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်စိုးက ပထမဆု ရရှိသော အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းမှ  အားကစားသမားများအား တစ်ဦးချင်းလည်ဆွဲတံဆိပ်၊ ငွေကျပ် သုံးသိန်းနှင့်     တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

အဆိုပါဘောလုံးပြိုင်ပွဲကို    သြဂုတ် ၂၂ ရက်မှ စက်တင်ဘာ ၂ ရက်အထိ စစ်တွေမြို့ ဝေသာလီ အားကစားကွင်းနှင့်  ဓညဝတီ အားကစားကွင်းတို့၌ ကျင်းပခဲ့ရာ အခြေခံပညာ အထက်တန်းကျောင်းများမှ ပြိုင်ပွဲဝင်အသင်း  ၁၁  သင်း  ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။