နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် ဘိုးဘွားရိပ်သာများသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက            ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူ

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် ဘိုးဘွားရိပ်သာများသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက            ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်း 

နေပြည်တော် စက်တင်ဘာ ၄

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ပရိယတ္တိစာသင်တိုက်များ၊ သီလရှင်စာသင်တိုက်များနှင့်     ဘိုးဘွားရိပ်သာများသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ၊ တပ်ကုန်းမြို့နယ်ရှိ   ငွေတောင်တောရ ပရိယတ္တိ စာသင်တိုက်တွင် ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာသိရီ အမှူးပြုသော ဆရာတော် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တပ်မတော် အရာရှိကြီးများ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာ သိရီထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး တပ်မတော်(ကြည်း၊ ရေ ၊ လေ )မိသားစုများနှင့် စေတနာရှင်ပြည်သူများမှ လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ ၊ ဆား၊ ပဲနှင့် ဆေးများအား နေပြည်တော်၊ တပ်ကုန်းမြို့၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ  ဘဒ္ဒန္တစန္ဒာသိရီထံ  ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် တပ်မတော်( ကြည်း၊ ရေ ၊ လေ) မိသားစုများနှင့် စေတနာရှင် အလှူရှင် များမှ လှူဒါန်းသည့် ဆွမ်းပဒေသာပင် အလှူငွေ  ၁၂၅၈၆၀၀၀ ကျပ်အား  တိုင်းမှူးက လှူဒါန်းရာ တပ်ကုန်းမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေးက လက်ခံရယူ သည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနား၊ လယ်ဝေး၊   တပ်ကုန်းမြို့နယ်များရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာနွယ်ဝင် သီလရှင် စာသင်တိုက်များနှင့် ဘိုးဘွားရိပ်သာ များသို့ တပ်မတော်( ကြည်း၊ ရေ ၊ လေ ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ်လှူဒါန်းလျက် ရှိပြီး ယနေ့ လှူဒါန်းမှု အစုစုမှာ ဆွမ်းပဒေသာပင် အလှူငွေ(၁၂၅၈၆၀၀၀)ကျပ်၊ ဆန် (၄၉၁) အိတ် (၁၆)ပြည်၊ ဆီ(၁၄၇)ပိဿာ၊ (၅၀) ကျပ်သား၊ ပဲ (၁၄၇၅) ပိဿာ ၊ ဆား (၁၄၇၅) ပိဿာ၊ လက်သန့်ဆေးရည် (၇၉၂)ဘူးနှင့် တိုင်းရင်းဆေးမျိုးစုံ (၁၇၈၈) ဘူးတို့ဖြစ်ပြီး စုစုပေါင်း တန်ဖိုးငွေကျပ် (၄၀၂၂၂၅၀၀) ဖြစ်ကြောင်း သတင်းရရှိသည်။