တရားမဝင် ကျွန်းသစ်၊ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင် ကျွန်းသစ်၊ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၄

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁ ရက် တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှု ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၌ တာဝန်ကျစစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထား ခြင်းမရှိသော Leica Paraplast Plus ဘူး (၂၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ် ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

အလားတူ စစ်ကိုင်းတိုင်း ဒေသကြီး တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့၌ Yamaha အမျိုးအစားလိုင်စင်မဲ့ မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး  ပို့ကုန်သွင်းကုန် ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ စက်တင်ဘာ ၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် အေးရှားဝေါလ်  ကုန်သေတ္တာ စစ်ဆေးရေး စခန်း၌ တာဝန်ကျစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာ (၁)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာ ID တွင်ကြေညာထားခြင်းမရှိသော အိမ်သုံး လျှပ်စစ်ပစ္စည်းများ  (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၄၄၅၀၀၀)ကို  သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ရှမ်းပြည်နယ် တရားမဝင်ကုန် သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လားရှိုးမြို့ရှောင်လမ်းမကြီး၊ မယ်ဟန် စစ်ဆေးရေးဂိတ်၌ တာဝန်ကျ စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံ တစ်ရာတင်ပြနိုင်ခြင်း မရှိသော  Dali Beer များနှင့် Loutus Flower ဆပ်ပြာမှုန့်ထုပ် များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁၁၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော NISSAN အမျိုးအစား (၁၂) ဘီးမော်တော် ယာဉ်(၁)စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၂၁၁၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် စက်တင်ဘာ ၃ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏  စီမံခန့်ခွဲမှုဖြင့် မြန်မာ စက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေး ရေးစခန်း၌ အဖွဲ့စုံဖြင့် စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ ကုန်သေတ္တာ (၁)လုံးအတွင်းမှ  သွင်းကုန်ကြေညာလွှာ  ID  တွင် ဖော်ပြထား သည်နှင့် ကိုက်ညီမှုမရှိသော လုပ်ငန်းသုံး ပစ္စည်းများ  (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၁၇၆၀၀၀၀)ကို  သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူပင် ပဲခူးတိုင်းဒေသကြီး တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခပေါင်း ကြိုးဝိုင်းအတွင်း ကျွန်းသစ်(၃ ဒသမ ၇၅၉၆)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၄၃၇၇၆)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ စက်တင်ဘာ ၃ ရက်တွင် အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေး စခန်း၊ ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း အဝင်နေရာအနီး၌ တရားမဝင်  တားမြစ်ကန့်သတ် ကုန်ပစ္စည်းများ တင်ဆောင်သော SUZUKI  SWIFT အမျိုးအစား မော်တော်ယာဉ်(၁) စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍  စက်တင်ဘာ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်တို့တွင်  ဖမ်းဆီးရမိမှု စုစု ပေါင်းမှာ အမှုတွဲ(၉)မှု၊  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၇၃၅၈၇၇၆) ဖြစ်ကြောင်း တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။