မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ပြည်နယ်အဆင့်) ဆုပေးပွဲကျင်းပ

ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ၂၀၂၂ ခုနှစ်  (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ပြည်နယ်အဆင့်) ဆုပေးပွဲ အခမ်းအနားကို စက်တင်ဘာ ၃ ရက်တွင် ကျင်းပသည်။

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အမှာစကားပြောကြားသည်။

ထို့နောက်   ကယားပြည်နယ်ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူတို့က  အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ဆုရရှိကြသည့်ပြိုင်ပွဲဝင်များအား ဆုများအသီးသီး ပေးအပ်ကြပြီး ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အဆို၊ အက၊ အရေး၊ အတီးအဖွဲ့များနှင့် ဖျော်ဖြေရေးအဖွဲ့ များက ပြန်လည်ဖျော်ဖြေတင်ဆက်ကြသည်။

ကယားပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့် ) ပြိုင်ပွဲကို စက်တင်ဘာ ၂ ရက်တွင် သတ်မှတ်နေရာများဖြစ်သော ကယားပြည်နယ်ခန်းမ၌ အကပြိုင်ပွဲနှင့် အတီးပြိုင်ပွဲ၊ လွိုင်ကော်မြို့နယ်ခန်းမ၌  အဆိုပြိုင်ပွဲနှင့် အရေးပြိုင်ပွဲတို့ကို စုစုပေါင်း ပြိုင်ပွဲအမျိုးအစား ၂၄ မျိုးဖြင့် ပြည်နယ်အတွင်းရှိ အဆို၊ အက၊ ဂီတ၊ အနုသုခုမဝါသနာရှင် စုစုပေါင်းပြိုင်ပွဲဝင် ၂၂၀ ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြပြီး ကယားပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အဆင့်ပြိုင်ပွဲဆုပေးပွဲတွင် အဆို၊ အက၊ အရေး၊ အတီးကဏ္ဍအလိုက် ဆုပေါင်း ၆၂ဆုကို ဂုဏ်ပြုပေးအပ်ကြောင်း သိရသည်။           

ကိုမျိုး