မဲဆန္ဒရှင် စာရင်းပြည့်စုံ မှန်ကန်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် Pilot Project ရေးဆွဲဆောင်ရွက်ခဲ့ပြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနတို့နှင့် ထပ်မံညှိနှိုင်း၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းများကို လစဉ် Update ဆောင်

မဲဆန္ဒရှင် စာရင်းပြည့်စုံ မှန်ကန်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် Pilot Project ရေးဆွဲဆောင်ရွက်ခဲ့ပြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနတို့နှင့် ထပ်မံညှိနှိုင်း၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းများကို လစဉ် Update ဆောင်ရွက်လျက်ရှိ

နေပြည်တော် စက်တင်ဘာ ၅

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် ကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် အမှုထမ်း(ဒုတိယ ဦးစီးမှူး )များ လုပ်ငန်းခွင်အကြို စွမ်းရည် မြှင့်သင်တန်း အမှတ်စဉ်(၅/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင်  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက အဖွင့်အမှာစကား ပြောကြားရာ၌ သင်တန်းတွင်  ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် အကြောင်းအရာများ၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ဆောင် ရွက်ရမည့် အပိုင်းများကို သင်ကြားပေးခဲ့ပြီး ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ အောင်မြင်အောင်ဆောင်ရွက် နိုင်ရန် သင်တန်းမှ ပို့ချလိုက်သည့် စာတွေ့လေ့လာသိရှိမှုများကို လက်တွေ့လုပ်ကိုင်ရာ၌ ကြုံတွေ့ရသည်များနှင့် နှိုင်းယှဉ်ဆောင်ရွက်ပြီး အမြဲမပြတ် ဆက်လက်လေ့လာ နေရန်လိုကြောင်း။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း မှားယွင်းမှုများနှင့် မဲမသမာမှုများ ဖြစ်ပွားခဲ့သော်လည်း ယခင်အစိုးရ အဖွဲ့နှင့် တာဝန်ရှိသူများက ဖြေရှင်းဆောင် ရွက်ခဲ့ခြင်း မရှိသည့်အတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး  ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၈ (က) အရ  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်ခဲ့ကြောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က  နိုင်ငံ တော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး  ရှေ့ လုပ်ငန်းစဉ် (၅)ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ကြောင်း၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် အမှတ်စဉ်(၁)နှင့် အမှတ်စဉ်(၅)မှာ ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်ရမည့် တာဝန်များပင်ဖြစ်ကြောင်း။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် အမှတ်စဉ်(၁) လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ်အထွေ ထွေရွေးကောက်ပွဲ မဲစာရင်း မှားယွင်းမှုများ ပြန်လည်စစ်ဆေးခြင်း၊ မြေပြင်ကွင်းဆင်း၍ မဲလက်မှတ်များစစ်ဆေးခြင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ် များ၌ ပါဝင်ပတ်သက် ကျူးလွန်ခဲ့ကြသူများအား အရေးယူနိုင်ရေး ဆောင်ရွက်ခြင်း၊ ယခင် က စစ်ဆေးဆောင်ရွက်ခဲ့ခြင်း မရှိသည့် နိုင်ငံရေးပါတီများ၏ ပါတီရန်ပုံငွေ၊ ငွေကြေးနှင့်ပစ္စည်းများ၊ စာရင်းများအား စစ်ဆေးခြင်းတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ မဲစာရင်း မှားယွင်းမှုများကို ပြန်လည်စစ်ဆေး ခြင်းနှင့်စပ်လျဉ်း၍ တွေ့ရှိချက်များကို  ပြည်သူ လူထုနှင့်  မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ သံတမန်များကို ရှင်းလင်းချပြခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့ကြသူများနှင့် မဲ(၂)ကြိမ်ပေးသူ များကို အရေးယူနိုင်ရေး ဆောင်ရွက်ရာ၌လည်း ယနေ့အထိ အမှုပေါင်း ၁၇၃၂ မှုကို တရားစွဲဆို ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ ဦးဆောင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတို့မှ ဌာနဆိုင်ရာ အဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့များနှင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ ယနေ့အထိ တည်ဆဲနိုင်ငံရေးပါတီ  ၉၂  ပါတီ ရှိသည့်အနက် ၈၅  ပါတီကို စစ်ဆေးဆောင် ရွက်ခဲ့ပြီးဖြစ်ကြောင်း။

လုပ်ငန်းစဉ်(၅)အရ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်ရန် ရှိသည်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး အတွက် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် Pilot Project  ရေးဆွဲဆောင်ရွက် ခဲ့ကြောင်း၊ မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီးသည့် မြို့နယ်များ၏ စာရင်းများ ကို ကနဦး မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းစနစ် (IVLS  Software) နှင့် ပြန်လည် စိစစ်ခဲ့ပြီး သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန တို့နှင့် ထပ်မံညှိနှိုင်း၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းများကို လစဉ်Update ဆောင်ရွက်လျက်ရှိကြောင်း။

မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ကျင်းပခဲ့သည့် ပါလီမန် ရွေးကောက်ပွဲများနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ၌ မဲများသူ အနိုင်ရစနစ်(First Past The Post -FPTP ) ကိုသာ ကျင့်သုံးခဲ့ကြောင်း၊ ယင်းစနစ်သည် လွှတ်တော်အတွင်း၌  တစ်ပါတီအာဏာ ကြီးစိုးစေခြင်းနှင့် ရွေးကောက်ခံ ကိုယ်စား လှယ်လောင်းများ၏ ထောက်ခံမဲများ အဟော သိကံ အလဟဿ အဖြစ်များသည့်အတွက် ၎င်းအားနည်းချက်များကို ဖြေလျော့စေနိုင်သည့် အချိုးကျကိုယ်စားပြု စနစ် (Proport- ional Representation System-PRs) ကိုပြောင်းလဲ ကျင့်သုံးနိုင်ရေး လက်ရှိတည်ဆဲ နိုင်ငံရေး ပါတီများနှင့် ဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးရာတွင် နိုင်ငံရေးပါတီ ၇၁ ပါတီ တက်ရောက်ခဲ့ပြီး ၄ ကြိမ် ဆွေးနွေးမှုပြုခဲ့ရာ၌ နောင်ရွေးကောက်ပွဲများ ကျင်းပသည့်အခါ PR  စနစ်ပြောင်းလဲ ကျင့်သုံးရန်နှင့် စတင်ကျင့်သုံးရာတွင် မဲဆန္ဒရှင်ပြည်သူများ ရိုးရှင်းလွယ်ကူစွာ မဲပေးနိုင်မည့် Close List PR စနစ်အား ကျင့်သုံးရန် သဘောတူခဲ့ကြ ကြောင်း၊ ပြဋ္ဌာန်းထားသည့် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ များနှင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို PR စနစ် နှင့် လိုက်လျောညီထွေဖြစ်စေရန် ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး  ပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းစဉ်အတိုင်း   ဆောင်ရွက်လျက်ရှိကြောင်း။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အနေနှင့်  ကျင်းပမည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည်များကို ဆောင်ရွက် နေပြီဖြစ်သည့်အတွက် သင်တန်းသားများ အနေဖြင့် တာဝန်ကျရာနေရာ၌ ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများကို သိရှိအောင်  လေ့လာပြီး အင်တိုက်အားတိုက် ပါဝင်ဆောင် ရွက်ကြရန် လိုကြောင်း၊ လေ့လာစရာများကိုလည်း အမြဲလေ့လာ သင်ယူနေရန်လိုပြီး လုပ်ငန်းဆောင်ရွက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် လိုကြောင်း၊ ဝန်ထမ်းစည်း မျဉ်းစည်းကမ်းများကို လိုက်နာပြီး ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင်ထမ်း ဆောင်နိုင်သည့် ဝန်ထမ်းကောင်းများ၊ ဌာနအတွက်  အားကိုးရသူများ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း မှာကြားသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မ ရှင်ရုံး တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း  သိရသည်။