ပဲခူးတိုင်းဒေသကြီး၌ မိုးစပါးများ စတင်ရိတ်သိမ်း

ပဲခူးတိုင်းဒေသကြီး၌ မိုးစပါးများ စတင်ရိတ်သိမ်း

ပဲခူးတိုင်းဒေသကြီးတွင် စက်တင်ဘာ ပထမပတ်မှစ၍  မိုးစပါးများ စတင် ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးတွင် ၂၀၂၂-၂၀၂၃ ခုနှစ်    မိုးစပါးလျာထား စိုက်ဧက ၂၆၉၇၃၁၈ ဧကအပေါ် ရာနှုန်းပြည့် စိုက်ပျိုးနိုင်ခဲ့ပြီး နှစ်သီး၊ သုံးသီးစိုက်ဧကများ  ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ မိုးစပါးစိုက်ဧကများ အားလုံး ပုံမှန်ထက်စော၍ ကွင်းပိတ်စိုက်ပျိုးနိုင်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး သာယာဝတီ၊  နတ်တလင်းနှင့် ပဲခူးခရိုင်တို့တွင် ဆင်းသုခ စပါးမျိုးကို  စတင်ရိတ်သိမ်းလျက် ရှိကြောင်း သိရသည်။