ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူ ဖြစ်စေရန်အတွက် Mask များအား အခမဲပေးဝေလှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူ ဖြစ်စေရန်အတွက် Mask များအား အခမဲပေးဝေလှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၉

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရာတွင် အခြေခံအကျဆုံးမှာ Mask များ တပ်ဆင်အသုံးပြုခြင်းဖြစ်ရာ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် Mask များကို ပြည်သူများလက်ဝယ်အရောက် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက အခမဲ့ပေးဝေလှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ ကွမ်းလုံ၊ သိန်းနီ၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ ဟိုပန်၊ မိုးမိတ်၊ မဘိမ်း၊ လောက်ကိုင်၊ ကုန်းကြမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မူဆယ်၊ နမ့်ခမ်းနှင့် ကွတ်ခိုင် မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၊ မြောင်းမြမြို့၊ မအူပင်မြို့နှင့် မော်လမြိုင်ကျွန်းမြို့များရှိ စာသင်ကျောင်းများ၊ ဈေးများ၊ လမ်းများနှင့် လူစည်ကားရာ နေရာများတွင် နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများ၊ တာဝန်ရှိသူ များနှင့် ပူးပေါင်း၍ Mask များအား ဒေသခံပြည်သူများ လက်ဝယ်အရောက် ပေးဝေ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။