၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်

နေပြည်တော်၊ စက်တင်ဘာ - ၉

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အမှတ်(၄)အခြေခံပညာအထက် တန်းကျောင်း၌ ပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူ များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ပြည်နယ်ပညာရေးမှူးက ပညာရေးဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင် နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိပ္ပံဘာသာတွဲဖြင့် ပြည်နယ်အဆင့်ပထမရရှိသူ ၁ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၃ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၈ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၈ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၄၇ ဦး၊ ဂုဏ်ထူးရရှိအောင်သင်ကြား ပေးကြသည့် ဆရာ၊ ဆရာမများနှင့် ၂၀၂၂ ခုနှစ်၊ ပြည်နယ်အဆင့်ကျပန်းနှင့် ဆောင်းပါး ပြိုင်ပွဲတို့၌ ဆုရရှိကြသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။