နောင်ချိုမြို့နယ်၊ နောင်ချို ပူးပေါင်း စစ်ဆေးရေး ဂိတ်၌ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ သြဂုတ်- ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရှိ နောင်ချို ပူးပေါင်း စစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ယာဉ်ဖြတ်သန်း သွားလာမှုများအား စစ်ဆေး ဆောင်ရွက်စဉ် သြဂုတ် ၇ ရက်ည ၉ နာရီခွဲခန့်တွင် ကျောက်မဲဘက်မှ ပြင်ဦးလွင် ဘက်သို့ မောင်းနှင်လာသော ရွှေအိုးစည် ခရီးသည် ယာဉ်လိုင်းမှ Nissan AD Ban  အမျိုး အစား ယာဉ်အမှတ်၊ SHN-EE/--  အား ရပ်တန့်စစ်ဆေးရာ ခရီးသည်ဖြစ်သူ စိုင်းဘအေး (ဘ)ဦးလှမောင်အား ၎င်းပိုင်ဆိုင်သည့် မုန့်ညှင်းချဉ်များဖြင့် ဖုံးအုပ်ထာသည့် ဝါးခြင်း အတွင်းမှ ဘိန်းစိမ်း အမဲရောင်အစေး ၁၀ ကီလိုခန့်(ခန့်မှန်း တန်ဖိုးငွေကျပ်သိန်း ၉၀ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူနှင့် မူးယစ်ဆေးဝါးများအား တရားဥပဒေအရ ဆောင်ရွက် နိုင်ရေး နောင်ချိုမြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။