ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်

နေပြည်တော်   စက်တင်ဘာ  ၁၀

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း  ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ တိပိဋကကမ္ဘောဇစာသင်တိုက်၊  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အောင်ဓမ္မရိပ်သာကျောင်းတိုက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ သဒ္ဓမ္မဇောတိကာရ

ကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ တိပိဋကရွှေပါရမီ ကျောင်းတိုက်နှင့် သာကေတမြို့နယ်ရှိ အောင်မော်စံစာသင်တိုက်၊  ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ သုဝဏ္ဏနားဝမ်(ကိုရင်လေး)ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ   မဟာတိလောကာရုံ ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ နေမင်းကျောင်းတိုက်နှင့် အမရပူရမြို့နယ်ရှိ ဆင်ဖြူမယ်ကျောင်းတိုက်၊   မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ မြစေတီစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ စိန်ရတနာမိတ္ထီလာစာသင်တိုက်ကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ဓမ္မသုခ၊ စဝ်စံထွန်းကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာနေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ    တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။