တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁၁

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း နှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၀ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ သဘာဝ တရားရိပ်သာ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ စလွန်အော်ငယ်ကျေးရွာရှိ ငြိမ်းချမ်းအောင်ကျောင်းတိုက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်ရှိ ကံဆယ်ကမ္မဋ္ဌာန်း ကျောင်းတိုက်နှင့် မှော်ဘီမြို့နယ်၊ ရေပြာကျေးရွာရှိ ထီးလှိုင်ရှင်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ရှိ ရတနာသိင်္ဂီသီလရှင်စာသင်တိုက်နှင့် မော်လမြိုင်ကျွန်းမြို့၊ စွန်းလွန်း ကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကြွီတဲကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ဘူးသီးတောင်မြို့၊ မြစေတီဘုန်းတော်ကြီးကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေ သာစံမြို့နယ်၊ ရတနာပုံကျောင်းတိုက်၊ အေးရိပ်မွန်သီလရှင်စာသင်တိုက်၊ ဉပုသ်တော် ရပ်ကွက်ရှိ ဓမ္မဇေယျာသီရိ မိဘမဲ့သီလရှင်ကျောင်း၊ တကောင်းမြို့နယ်၊ ချမ်းသာကြီး ဘုန်းတော်ကြီးကျောင်း၊ မတ္တရာမြို့၊ အင်ကြင်းမြိုင်ကျေးရွာရှိ ဓနသိဒ္ဓိဘုန်းတော်ကြီး ကျောင်းနှင့် စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာရှိ သောတုဇနဘုန်းတော်ကြီးကျောင်းတို့မှ  သံဃာတော်များနှင့် သာသနာ နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်း ကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဉပုသ်တော်ရပ် ကွက်၊ မန်းတောင်ခြေဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်၊ မန္တလေးတပ်နယ်မှ တာဝန်ရှိသူများက အလှူငွေများနှင့် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းခဲ့ကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်း ရရှိသည်။