ဆန်၊ ဆီ၊ ဆား၊ ကြက်ဉ၊ ဟင်းသီး ဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ

ဆန်၊ ဆီ၊ ဆား၊ ကြက်ဉ၊ ဟင်းသီး ဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ

နေပြည်တော်၊ စက်တင်ဘာ - ၁၁

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း    ဒေသတွင်းစားနပ်ရိပ်က္ခာဖူလုံရေး၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍  တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော် သားများက တန်ဖိုးသင့်ထမင်းဟင်းများ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံ ထုတ် အသား၊ ငါးဗူးများနှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိ သည်။

ထိုသို့ ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၄)မြို့နယ်၊  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၉)မြို့နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့နှင့် ချင်းပြည်နယ်၊ မတူပီမြို့၊  မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ သပိတ်ကျင်းမြို့နှင့် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့တို့၌ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ တပ်မတော် သားများနှင့် တာဝန်ရှိသူများက တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းနှင့် ဘက်စုံစိုက်ပျိုး မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဉ၊ ဘဲဥ၊ နို့ထွက် ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲ ခြောက်၊ ဘီစကစ်နှင့် စည်သွပ်ဘူးများစသည့် စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေး ထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။