ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူ ဖြစ်စေရန်အတွက် Mask များအား အခမဲ့ပေးဝေလှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူ ဖြစ်စေရန်အတွက် Mask များအား အခမဲ့ပေးဝေလှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁၁

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရာတွင် အခြေခံအကျဆုံးမှာ Mask များ တပ်ဆင်အသုံးပြုခြင်းဖြစ်ရာ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် Mask များကို ပြည်သူများလက်ဝယ်အရောက် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက အခမဲ့ပေးဝေလှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာ သီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဉတ္တရသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့နှင့် မိုးနဲမြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နှင့် ကျုံပျော်မြို့များရှိ ဈေးများ၊ လမ်းများနှင့် လူစည်ကားရာ နေရာများတွင် နယ်မြေခံ တပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများ၊ တာဝန်ရှိသူ များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး ဆောင်ရွက်ခြင်း၊ Mask တပ်ဆင်၍ သွားလာကြရန် လှုံဆော်ခြင်းနှင့် Mask များအား ဒေသခံပြည်သူများ လက်ဝယ်အရောက် ပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိ သည်။