ကမ္ဘာ့အလယ် မြန်မာ့ဂုဏ် ဝင့်ထည်စေသော နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပြည်သူလူထုများမှ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်

ကမ္ဘာ့အလယ် မြန်မာ့ဂုဏ် ဝင့်ထည်စေသော နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပြည်သူလူထုများမှ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်

နေပြည်တော် စက်တင်ဘာ - ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့ဒေသစံတော်ချိန်မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Irkutsk မြို့လေဆိပ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှအထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ Irkutsk ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ Mr.Igor Ivanovich Kobzev နှင့် အဖွဲ့ဝင်များ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကိုယ်စားလှယ် အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် ကောင်စီဝင် ဦးမောင်းဟာ၊ ဦးစောဒန်နီယယ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ သမဝယါမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မ တော် အရာရှိကြီးများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ  ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိ သူများပြန်လည် လိုက်ပါလာခဲ့ကြသည်။

ခရီးစဉ်အတွင်း (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် တွေ့ဆုံဆွေးနွေးခြင်း အပါအဝင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့ တာဝန်ရှိသူများ နှင့် ကဏ္ဍအလိုက် တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်ခြင်း၊ ရုရှား ဖက်ဒရေးရှင်း နိုင်ငံ၊ Primorsky ပြည်နယ်၊ Buryatia ပြည်နယ်၊ Irkutsk ပြည်နယ် အစိုးရအဖွဲ့တို့မှ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အထင်ကရ နေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ လေ့လာခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီး ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ သည်လည်း သက်ဆိုင်ရာကဏ္ဍများအလိုက် အလုပ်သဘောဆိုင်ရာ တွေ့ဆုံဆွေးနွေး ခြင်းများကို ဆောင်ရွက်နိုင်ခဲ့ကာ နိုင်ငံအတွက် အပြုသဘောဆောင်သည့် စီးပွားရေး ဆိုင်ရာ ဆွေးနွေးမှုရလာဒ်များ ပေါ်ထွက်လာအောင် ဖော်ဆောင်နိုင်ခဲ့ကြောင်းနှင့်  နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေး ဆောင်ရွက်နိုင်ခဲ့သည့် အောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာစံတော်ချိန် ညနေပိုင်းတွင် နေပြည် တော် တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးမှ သံရုံးဒုတိယ အကြီးအကဲ Mr. Pavel A.KLABUKOV၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံစစ်သံမှူး Colonel Sergei KURCHENKO နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

ထို့ပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစိုက်မတ်မတ်ဦးတည်၍  ခရီးစဉ် အတွင်း နေ့မအားညမနားဖြင့်  နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ဆိုင်ရာတို့တွင် ပြည်သူအချင်းချင်း၊ လုပ်ငန်းရှင်များအချင်း ချင်း  ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် တိုင်းရင်းသား၊ တိုင်းရင်းသူ သားငယ်၊ သမီးငယ်လေးများ၊ ရိုးရာအက အလှအဖွဲ့များ၊ ဒေသခံပြည်သူများက လေဆိပ်တွင် အသင့်စောင့်ကြို၍ လေဆိပ် လေယာဉ်အဆင်းမှ VIP ဆောင်ထိလည်းကောင်း၊  တပ်မတော်လေဆိပ်မှ အဝိုင်းနေရာထိလည်းကောင်း၊ တပ်မတော်လေဆိပ်အဝိုင်းနေရာမှ အပြည်ပြည်ဆိုင်ရာ လေဆိပ် အဝိုင်းနေရာထိလည်းကောင်း   “(၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) တက်ရောက်ခဲ့သော နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့အား လှိုက်လှဲစွာ ကြိုဆိုပါ၏” “ကမ္ဘာ့အလယ် မြန်မာ့ဂုဏ်ဝင့် ထည်စေသော နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အထူးပင် ကျေးဇူးတင်ပါသည်” “အမိမြန်မာနိုင်ငံတော်အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ကြိုးစားမှုများအား လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ပါသည်” “နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရ အောင်မြင်ပါစေ” “ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကြိုဆိုပါသည်။” “ရုရှား-မြန်မာ ချစ်ကြည်ရေး ထာဝရ အဓွန့်ရှည် တည်မြဲပါစေ”  ဟူသောစာတန်းများ ပါရှိသည့် ဗွီနိုင်းများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ် လှုပ်ရှားမှု ပုံရိပ်များပါရှိသည့် အလျား ၅ ပေ၊ အနံ ၂  ပေခန့်ရှိ ရုပ်ပုံကားချပ် ၃၀ ခန့်နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံများကို အသီးသီးကိုင်ဆောင်၍  နိုင်ငံတော်အလံများ ဝှေ့ယမ်းကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာပါစေ၊ ချမ်းသာပါစေ ဟု ကြွေးကြော်လျက် သောင်းသောင်းဖြဖြ ကြိုဆို ဂုဏ်ပြု နှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။