ဗဟန်းမြို့နယ် ကန်တော်ကြီး သဘာဝဥယျာဉ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ဗဟန်းမြို့နယ် ကန်တော်ကြီး သဘာဝဥယျာဉ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ရန်ကုန်  စက်တင်ဘာ  ၁၂

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများ၏ သား/သမီး ၃၄၄၉ ဦးအတွက် ပညာသင် ထောက်ပံ့ကြေးများကို ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ချီးမြှင့်ခြင်း အခမ်းအနားကို နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ မြို့တော်ခန်းမ ပထမထပ်ရှိ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ အတွင်း ရေးမှူးနှင့် ကော်မတီဝင်များက ဌာနအလိုက် ဝန်ထမ်းများ၏ သား/သမီးများ ကိုယ်စား ဌာနမှူးများကို ပညာသင်စရိတ်များ ပေးအပ်ချီးမြှင့်ရာ တက္ကသိုလ်အဆင့်နှင့် အထက်တန်း အဆင့် တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း၊ အလယ်တန်းအဆင့် တစ်ဦးလျှင် ငွေကျပ် ၇၀၀၀ နှုန်း၊ မူလတန်းအဆင့် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် စုစုပေါင်း ၃၄၄၉ ဦးအတွက်   ပညာသင်ထောက်ပံ့ကြေး ငွေကျပ်သိန်း  ၂၄၀ ကျော်  ပေးအပ်ချီးမြှင့်ခဲ့သည်။

 နံနက်ပိုင်းတွင် မြို့တော်ဝန်သည် ဗဟန်းမြို့နယ် ကန်တော်ကြီး သဘာဝဥယျာဉ် အတွင်းစိမ်းလန်း စိုပြည်ရေးနှင့် သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်နေမှုများ၊ ကန်တော်ကြီး ရေပိုလွှဲရေလျှံပေါက် ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ကန်ပတ်လမ်း လူကူးတံတားအတိုင်း ပန်းကန်လုံး ကျွန်းအထိသွားရောက်၍ တံတားကြံ့ခိုင်ရေး ဆောင်ရွက်ထားမှု၊ ကန်ရေပြင်ကြည်လင် သန့်ရှင်းရေးအတွက် အမှိုက်၊ ဒိုက်များ ဆယ်ယူရှင်းလင်းနေမှုနှင့် ပန်းကန်လုံးကျွန်း စိမ်းလန်း စိုပြည်ရေးနှင့် သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက်  ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ၊ ကော်မတီဝင်နှင့် ဌာနမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂၁/၂၀၂၂)သို့ တက်ရောက်ပြီး ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်ပေးနေသည့် သန့်ရှင်းသာယာ သပ်ရပ်ရေး လုပ်ငန်းများနှင့် ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် လွယ်လင့်တကူ ဝယ်ယူ စားသုံးနိုင်ရေး ရွေ့လျားဈေးကားဖြင့် ရောင်းချပေးနေမှုများကို စဉ်ဆက်မပြတ်ဆောင် ရွက်သွားရန်၊ ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သဖြင့် မြစ်ကူးတံတားကြီးများပေါ်တွင် အမှိုက်များ တင်ကျန်မှုမရှိစေရေး၊ လမ်းများ၊ အုတ်ခုံများ၊ တိုင်များ သစ်လွင်စေရေးနှင့် လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း  သိရသည်။