ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး အမျိုးသမီးသင်တန်းသူများအလိုရှိသည်

ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး အမျိုးသမီးသင်တန်းသူများအလိုရှိသည်

၁။ လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

    (က)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။

    (ခ)   လျှောက်ထားသူသည် ၅-၁၂-၂၀၂၂ ရက်နေ့တွင် အသက် ၁၆ နှစ်ပြည့်ပြီး ၁၉ နှစ်ထက်မကြီးရ။

    (ဂ)တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူဖြစ်ရမည်။

    (ဃ)မျက်မှန်တပ်ဆင်ထားသူများမဖြစ်စေရ။

    (င)   အနည်းဆုံး အရပ်(၅)ပေ(၂)လက်မ၊ ကိုယ်အလေးချိန် ပေါင်(၁၀၀)နှင့် အထက်ရှိရမည်။

    (အထက်ပါအတိုင်း ကိုယ်အလေးချိန် သတ်မှတ်ထားသော်လည်း အသက်ငယ်ရွယ်သူများ ဖြစ်သဖြင့် ကိုယ်အလေးချိန်အား ခြွင်းချက်အနေဖြင့် စဉ်းစားပါမည်။)       

၂။ လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ (Myawady Webportal (www.myawady.net.mm/Sgt(female))တွင်  Download ရယူ၍ဖြစ်စေ အောက်ပါ စာရွက်စာတမ်းများနှင့်အတူ ၂၃-၈-၂၀၂၂ ရက်နေ့မှ ၂၃-၉-၂၀၂၂ ရက်နေ့အတွင်း နီးစပ်ရာတပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-

   (က)နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။

    (ခ)   တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်။

    (ဂ)   အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ်ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ တင်ပြသည့် နေ့မတိုင်မီ တစ်လအတွင်းရရှိသည့် ထောက်ခံစာ(မူရင်း)။

    (ဃ)တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ရောင်စုံဓာတ်ပုံ (၃) ပုံ။

    (င)   အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆)(မိတ္တူ)။

    (စ)   မိဘ/အုပ်ထိန်းသူ၏သဘောတူညီကြောင်း ထောက်ခံချက်။

၃။        သတ်မှတ်ချက်များနှင့် ပြည့်စုံသူများအား စစ်ရေးချုပ်ရုံး၊ စိစစ်ရွေးချယ်ရေး ဘုတ်အဖွဲ့မှ ပဏာမရွေးချယ်ပါမည်။ ပဏာမရွေးချယ် ခံရသူများအား တိုင်းစစ်ဌာနချုပ် အစီအစဉ်ဖြင့် လေ့ကျင့်ပေးမည့် သင်တန်းကျောင်းသို့ ပို့ဆောင်ပေးမည်။ ၎င်းတွင် စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းများပြုလုပ်၍ ဆေးအောင်မြင်သူများကို သင်တန်းသူအဖြစ် အတည်ပြုရွေးချယ်မည်။

၄။        သင်တန်းတွင် အခြေခံစစ်ပညာရပ်များ၊ အခြေခံ ရုံးလုပ်ငန်းစည်းမျဉ်း၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာ ဘာသာရပ်တို့ကို ၂ နှစ်ကြာ သင်ကြား လေ့ကျင့်ပေးပြီး အောင်မြင်သူများကို ကွန်ပျူတာ ဒီပလိုမာ Dip.C.S (Diploma in Computer Studies)  ချီးမြှင့်ပေးမည်။

၅။        သင်တန်းကာလ ၂ နှစ်အတွင်း ခြေလျင်တပ်သားသစ် သင်တန်းကာလတွင် တပ်သားသစ်လစာ (၁၄၄၀၀၀)ကျပ်ကို လည်းကောင်း၊ ခြေလျင်တပ်သားသစ် သင်တန်းပြီးဆုံးသည့်ရက်မှစ၍ သင်တန်းပြီးဆုံးသည်အထိ တပ်သားအခြေခံလစာ (၁၅၀၀၀၀)ကျပ်ကို လည်းကောင်း ရရှိမည်။ သင်တန်းအောင်မြင်ပြီးလျှင် တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(တတိယတန်း) အခြေခံလစာ(၂၀၄၀၀၀)ကျပ်၊ အရည်အချင်းလစာ(၄၀၀၀)ကျပ်၊ M.H.R.A (၁၀၀၀၀)ကျပ်၊ စုစုပေါင်း(၂၁၈၀၀၀)ကျပ် ရရှိမည်။

၆။        တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) အဆင့်/အတန်းတိုးမြှင့်ရေး စည်းမျဉ်းနှင့်အညီ လုပ်သက် ၂ နှစ် ပြည့်သည့်အခါ အဆင့်/အတန်းတိုးမြှင့်ရေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရှိ၍ စာမေးပွဲအောင်မြင်ပါက အောက်ဖော်ပြပါ အဆင့်/အတန်းများ တိုးမြှင့်ရရှိနိုင်ပြီး  ၎င်းတို့နှင့် ယှဉ်တွဲဖော်ပြပါ လစာ၊ စရိတ်များရရှိမည်-

                   အဆင့်အတန်း                                         အခြေခံ   အရည်အချင်း  M.H.R.A           ပေါင်း

                                                                                  လစာ      လစာ

    (က)တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(ဒုတိယတန်း) ၂၀၄၀၀၀   ၆၀၀၀        ၁၀၀၀၀          ၂၂၀၀၀၀

    (ခ)   တပ်ကြပ်ကြီး (စာရေး/ကွန်ပျူတာ)(ပထမတန်း) ၂၀၄၀၀၀   ၈၀၀၀        ၁၀၀၀၀          ၂၂၂၀၀၀

    (ဂ)   ဒုတိယအရာခံဗိုလ်(စာရေး/ကွန်ပျူတာ)             ၂၄၀၀၀၀    ၈၀၀၀       ၁၀၀၀၀         ၂၅၈၀၀၀

   (ဃ)  အရာခံဗိုလ် (စာရေး/ကွန်ပျူတာ)                      ၂၅၈၀၀၀    ၈၀၀၀        ၁၀၀၀၀         ၂၇၆၀၀၀

            မှတ်ချက်။         နှစ်တိုးလစာကို ၂ နှစ်လျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် (၁၀၀၀၀)ကျပ်အထိ ခံစားခွင့်ရှိသည်။

၇။        တာဝန်ထမ်းဆောင်စဉ် အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရရှိနိုင်ရေးအတွက် ဆက်လက်ဖြေဆိုနိုင်သည်။

မှတ်ချက်။         အသေးစိတ် သိလိုပါက နီးစပ်ရာ တပ်/ဌာနချုပ်များတွင် စုံစမ်းနိုင်သည်။