တာမွေမြို့နယ် နားမကြားသောကလေးများကျောင်း(ရန်ကုန်)၌ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန နားမကြားသော ကလေးများကျောင်း(ရန်ကုန်)၌   စက်တင်ဘာ ၁၃ ရက်တွင်  အသိပညာပေး ဟောပြောပွဲ ကျင်းပကြောင်း သိရသည်။

အဆိုပါ  အသိပညာပေးဟောပြောပွဲတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ကျောင်းသား၊ ကျောင်းသူများအား စာပေ၏ အကျိုးကျေးဇူးများအကြောင်း၊ စာဖတ်ခြင်းဖြင့် ဘဝတိုးတက်ရေးအကြောင်းအရာများ၊ စာပေမှရရှိသည့် ဗဟုသုတများဖြင့် မိမိတို့ဘဝတိုးတက် မြင့်မားရေးအတွက် ကြိုးစားဆောင်ရွက်နိုင်ပုံ၊ စာအုပ်စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများစွာ ရရှိပုံကို အသိပညာပေးဟောပြောဆွေးနွေးရာ တာမွေမြို့နယ် နားမကြားသော    ကလေးများကျောင်း    (ရန်ကုန်)မှ   ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်အောင်က   ကျောင်းသား၊ ကျောင်းသူများအား လက်သင်္ကေတဖြင့် သရုပ်ပြပေးခဲ့သည်။

အဆိုပါ   အသိပညာပေးဟောပြောပွဲသို့  တာမွေမြို့နယ်   နားမကြားသောကလေးများကျောင်း (ရန်ကုန်)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ၆၀ ဦးတို့ တက်ရောက်ခဲ့ကြသည်။

တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူ့အကျိုးပြုအသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မို့မို့အောင်(ပြန်/ဆက်)