ဗုဒ္ဓပူဇနိယပွဲတော်သံဃာ့ဒါနဆွမ်းလောင်းလှူပွဲကျင်းပ

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့ အမှတ်(၄) နယ်မြေ ဖောင်တော်ဦးရပ်ကွက်ရှိ ရှေးဟောင်း သမိုင်းဝင်ဖောင်တော်ဦး ဘုရားရင်ပြင်တော်၌ ဗုဒ္ဓပူဇနိယပွဲတော် သံဃာ့ဒါနဆွမ်းလောင်းလှူပွဲကို စက်တင်ဘာ ၁၂ ရက်တွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဆွမ်းမလောင်းမီ မြို့ပေါ်နှင့်အနီး ဝန်းကျင်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း ၄၂ ကျောင်း၊ သီလရှင်ကျောင်း ခြောက်ကျောင်းတို့မှ ကြွရောက်လာသည့် သံဃာတော်၄၆၆ ပါး၊ သီလရှင်ဆရာကြီး ဆရာလေးအပါး ၆၀ တို့နှင့်ဆွမ်းလောင်းလှူကြမည့် ရပ်ကွက်နေပြည်သူများအား ပါးစပ်နှာခေါင်းစည်းများ ဝေငှလှူဒါန်းခြင်း၊ လက်သန့်ဆေးများဖြင့် သန့်ရှင်းပေးခြင်း တို့ကို ဆောင်ရွက်ပေးကြသည်။

ထို့နောက် ကြွရောက်လာသော သံဃာတော်များနှင့်    သီလရှင်ဆရာလေးများအား   ဖောင်တော်ဦး ရပ်ကွက်၊ ဈေးဟောင်းရပ်ကွက်၊ ကန်တော်ရပ်ကွက်၊ စံပယ်ရုံရပ်ကွက်တို့မှ အလှူရှင်များက ဆွမ်း၊ ဟင်းလျာအစုံ၊ မုန့်၊ ငှက်ပျောသီးနှင့် ဝတ္ထုငွေတို့ကို လောင်းလှူကြသည်။

အဆိုပါသမိုင်းဝင်ဖောင်တော်ဦးဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်မှ ၅ ရက်အထိ နှစ်စဉ်မပျက်မကွက် ကျင်းပလေ့ရှိကြောင်း သိရသည်။                 

 ဖေထွဏ်းဇော်-ရေစကြို