ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ၊ ရောဂါကြောင့် သေဆုံးသူတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေနှင့် ပတ်သက်၍ ကနဦးဆန်း စစ်တွေ့ရှိချက်အား အသိပေးခြင်း

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ၊ ရောဂါကြောင့် သေဆုံးသူတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေနှင့် ပတ်သက်၍ ကနဦးဆန်း စစ်တွေ့ရှိချက်အား အသိပေးခြင်း

မြန်မာနိုင်ငံတွင် ၂၈-၁-၂၀၂၂ ရက်မှ ၇-၉-၂၀၂၂ ရက်အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ၏ ၈၀ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံး၀ ထိုးနှံထားခြင်းမရှိဘဲ ၁၅ ဒသမ ၉ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံထားပြီး ၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအကြိမ်ပြည့်  ထိုးနှံထားရှိ၍ သုည ဒသမ ၁ ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားသူများ ဖြစ်ကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် ၂၈-၁-၂၀၂၂ ရက်မှ ၇-၉-၂၀၂၂ ရက်အထိ  တွေ့ရှိရသော   ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများ၏  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေများကို   ဆန်းစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ၏  ၈၄ ဒသမ ၁ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံး၀ ထိုးနှံထားခြင်းမရှိသူများနှင့်  ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားခြင်း မရှိသူများဖြစ်ကြပြီး  ၁၄ ဒသမ ၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားရှိသူများဖြစ်ကာ ၁ ဒသမ ၅ ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေး   ထိုးနှံထားသူများဖြစ်ကြောင်း တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံမှုနှင့် ကိုဗစ်-၁၉ ရောဂါ   ကူးစက်ဖြစ်ပွား/သေဆုံးမှုတို့ကို   လေ့လာသုံးသပ်ချက်အရ   ကာကွယ်ဆေးထိုးနှံထားသူများတွင်   ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုကိုလျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းဖြင့်လည်း ရောဂါဖြစ်ပွားမှု နှင့် သေဆုံးမှုကို လျှော့ချနိုင်ကြောင်းကိုတွေ့ရှိရသည်ဖြစ်ရာ   မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး  စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊    ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို   စနစ်တကျ တပ်ဆင်ခြင်းနှင့်  နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍  ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံခြင်း တို့ကို  မပျက်မကွက်ဆောင်ရွက်ကြပါရန် အသိပေးအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

 (၁၂-၉-၂၀၂၂)