မူဆယ်မြို့နယ်၊ နမ့်ပေါ် စစ်ဆေးရေးဂိတ်၌ တရားမဝင် ဝင်ရောက်လာသော တရုတ် နိုင်ငံသား ၃ ဦး ဖမ်းဆီးရမိ

နေပြည်တော် ၊  သြဂုတ် - ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ နမ့်ပေါ်စစ်ဆေးရေးဂိတ်၌ လုံခြုံရေး တပ်ဖွဲ့ ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်ဖြတ်သန်း သွားလာမှုများအား စစ်ဆေးစဉ် ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် မူဆယ်မြို့ဘက်မှ ကွတ်ခိုင်မြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ဆိုင်ကယ် ၄ စီးအား ရပ်တန့်စစ်ဆေးရာ ညီသူအောင်(ဘ) ဦးဝင်းမြင့် နှင့်အတူ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား ၃ ဦး တို့ကို ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါ မော်တော်ဆိုင်ကယ်များနှင့် ဖမ်းဆီးရမိ သူများအား တရားဥပဒေအရ ဆောင် ရွက်နိုင်ရေး မူဆယ်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိ သည်။