ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ အတွက် ဝင်ခွင့်လူတွေ့နှုတ်မေး စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့် ရရှိသူများစာရင်း ကြေညာထားကြောင်း အသိပေး နှိုးဆော်ခြင်း

ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ အတွက် ဝင်ခွင့်လူတွေ့နှုတ်မေး စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့် ရရှိသူများစာရင်း ကြေညာထားကြောင်း အသိပေး နှိုးဆော်ခြင်း

နေပြည်တော် စက်တင်ဘာ ၂၀

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားသူများ အနက် ဝင်ခွင့်လူတွေ့နှုတ်မေး စာမေးပွဲသို့  ဝင်ရောက်ဖြေဆိုခွင့် ရရှိသူများ စာရင်းနှင့် ခုံအမှတ်၊ ဖြေဆိုရမည့်နေ့ရက်နှင့် နေရာများကို ကျန်းမာရေး ဝန်ကြီးဌာန၏  Facebook Page, Website, ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန၏ Website , ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၊ အဆင့်မြင့်ပညာ ဦးစီးဌာန Website, လျှောက်လွှာလက်ခံသော တက္ကသိုလ် ၂၆ ခုတို့တွင် ကြေညာထားပြီးဖြစ်ပါ၍ ကြေညာချက်ပါ အချက်အလက်များကို သေချာစွာ ဖတ်ရှုပြီး ဝင်ခွင့်လူတွေ့နှုတ်မေး စာမေးပွဲသို့ လာရောက်ဖြေဆိုရန် ဖြစ်ပါကြောင်း အသိပေး နှိုးဆော် အပ်ပါသည်။