ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေး

ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေး

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ  စက်တင်ဘာ ၂၀ ရက်တွင် စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု လေးအုပ်စုတို့အား   တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့်  ကျေးရွာအုပ်စုများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့်ကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုသည်။

ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီး ခြောက်လနှင့်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးများကို ကျန်းမာရေးဌာနမှ ကျေးလက် ကျန်းမာရေးမှူးနှင့်ဆရာ၊ ဆရာမများက နေ့စဉ်စုရပ်များအုပ်စုများအလိုက်ခွဲ၍ ထိုးနှံပေးလျက်ရှိရာ ကျေးရွာအုပ်စုလေးအုပ်စု   ဖြစ်သည့် ကြို့ဝန်းကြီးကျေးရွာ၊ တည်ဘိုကန်ကျေးရွာ၊ သပြေရိုး၊ ဖောင်းလင်းကျေးရွာအုပ်စု တို့သို့  သွားရောက် ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေးထိုးနှံပြီးသူ  ၆၇၀  ဦးရှိကြောင်း သိရသည်။