မိတ္ထီလာပညာရေး ဒီဂရီကောလိပ်၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာ သင်တန်း သင်တန်းသား သင်တန်းသူများအား ကြိုဆိုပွဲကျင်းပ

မိတ္ထီလာပညာရေး ဒီဂရီကောလိပ်၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာ သင်တန်း သင်တန်းသား သင်တန်းသူများအား ကြိုဆိုပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာမြို့ရှိ မိတ္ထီလာပညာရေး ဒီဂရီကောလိပ် ပညာ ပါရမီခန်းမ၌ စက်တင်ဘာ ၂၀ ရက်တွင် လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ် ပညာသင်တန်း  အမှတ်စဉ်  (၈/၂၀၂၂) သင်တန်းသား၊    သင်တန်းသူများအား ကြိုဆိုပွဲ ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် မိတ္ထီလာပညာ ရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်စုလတ်ထွေးက သင်တန်းသား၊ သင်တန်းသူများကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများက    တေးသရုပ်ဖော် သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြရာ တာဝန်ရှိသူများ က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း အမှတ်စဉ်  (၈/ ၂၀၂၂) ကို စက်တင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၁၀ ရက်အထိ ဖွင့်လှစ်လျက်ရှိပြီး သင်တန်း၌ သင်တန်းသား ၁၃၀ ဦး၊ သင်တန်းသူ ၇၂၁ ဦး တက်ရောက်လျက်ရှိသည်။

အဆိုပါအခမ်းအနားသို့  မိတ္ထီလာခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး   ဦးလွှမ်းမိုးဟန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးကျော် ဇေယျ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ မိတ္ထီလာပညာရေး ဒီဂရီကောလိပ် ကျောင်း အုပ်ဆရာမကြီး ဒေါ်စုလတ်ထွေး၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း   သိရသည်။