အကြိမ်(၂၀)မြောက် သတင်းစာရှင်းလင်းပွဲ အမေး၊ အဖြေများ

အကြိမ်(၂၀)မြောက် သတင်းစာရှင်းလင်းပွဲ အမေး၊ အဖြေများ

ယမန်နေ့မှအဆက်

Myanmar National Post  မှ အယ်ဒီတာချုပ် နောင်တော်လေးက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအသစ်နှင့်ပတ်သက်၍ ယခင်ဥပဒေအတိုင်းပြည်သူ များကို မူကြမ်းအနေဖြင့် ချပြရန်အစီအစဉ်ရှိ၊ မရှိနှင့် တချို့သောနိုင်ငံရေးအင်အားစုများအနေဖြင့်လည်း   ဥပဒေအသစ်ကိုစောင့်ဆိုင်းနေရသည်ဖြစ်သည့်အတွက် ကာလအားဖြင့်  မည်မျှကြာမည်ကို သိလိုကြောင်းမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်နှင့် နည်းဥပဒေအသစ်တို့ကို ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ပြောကြားလိုသည်မှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများသည် ယခင်ကတည်းက ပြဋ္ဌာန်းထားရှိပြီးဖြစ်ကြောင်း၊ ယင်းတို့ကို ယခင်ပြီးခဲ့သည့် ရွေးကောက်ပွဲအတွေ့အကြုံများအပေါ်တွင် မူတည်၍လည်းကောင်း၊ နိုင်ငံရေးပါတီများ စစ်ဆေးတွေ့ရှိချက်များအပေါ် မူတည်ပြီး လည်းကောင်း၊  ပိုမိုပြည့်စုံ ကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီ တည်ထောင်သည့်ကိစ္စ၊ နိုင်ငံရေးပါတီများ အင်အားစုဖွဲ့ခြင်းနှင့် ရန်ပုံငွေစာရင်းထားရှိသည့်ကိစ္စ၊ နိုင်ငံရေးပါတီရုံးခန်းများ တည်ထောင်သည့်ကိစ္စ၊ နိုင်ငံရေးပါတီလုပ်ငန်းများ ဆောင်ရွက်သည့် ကိစ္စများတွင် ပိုမိုကောင်းမွန်စေရန်အတွက် လိုအပ်သည်များ ဖြည့်စွက်ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး  ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏စိစစ်မှုများဖြင့် အဆင့်ဆင့် လုပ်ဆောင်၍ ဥပဒေပြုရေးလုပ်ငန်းစဉ်များအား ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများထံ   သီးခြားအကြံပြုချက် တောင်းခံရန်မရှိကြောင်း၊  ဥပဒေပြုရေးလုပ်ငန်းစဉ်များအတိုင်း စနစ်တကျစိစစ်ပြီး ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

တဲ့ပြောမီဒီယာမှ   အယ်ဒီတာချုပ် ဦးဇော်မင်းဦးက ၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတကြီး ဦးသိန်းစိန်က နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ အလားတူ ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင်  သမ္မတဦးထင်ကျော်က နိုင်ငံတော်သမ္မတ တာဝန်ယူခဲ့ကြောင်း၊  ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတ သော်လည်းကောင်း၊ ဒုတိယသမ္မတသော်လည်းကောင်း တစ်ဦးတစ်ယောက်အနားယူခဲ့လျှင် ရက်ပေါင်း ၃၀ အတွင်း လစ်လပ်သည့်နေရာအား ပြန်လည်ရွေးချယ်ရမည်ဟုပါရှိကြောင်း၊ ထိုသို့ဆိုလျှင် သမ္မတနေရာအား    ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ခေတ္တတာဝန်ထမ်းဆောင်ပြီး ဒုတိယသမ္မတ(၂)မှ   ဒုတိယသမ္မတ(၁)နေရာအား ပြန်လည်ထမ်းဆောင်ရကြောင်း၊ ထို့ကြောင့်  လစ်လပ်သွားသည်မှာ  ဒုတိယသမ္မတ(၂)နေရာဖြစ်ကြောင်း၊ အမှန်တကယ် ရွေးချယ်ရာတွင် ဒုတိယသမ္မတများအားလုံးအထဲမှ  မဲပေးသည့်စနစ်ဖြင့်  ရွေးချယ်ခဲ့ကြောင်း၊   ဒုတိယသမ္မတ(၁)ဖြစ်သည့် ဦးမြင့်ဆွေသည် ဒုတိယသမ္မတ(၂)ဖြစ်သွားခဲ့ပါက   ပြောစရာဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့်   ယခုလာမည့်ရွေးကောက်ပွဲအပြီးတွင် ယင်းကိစ္စများနှင့် ပတ်သက်ပြီး ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် တိုင်းရင်းသားရေးရာ ဝန်ကြီး/လူမျိုးစုကိုယ်စားလှယ်များရှိကြောင်း၊ ဥပမာ ကရင်ပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ် ဗမာတိုင်းရင်းသားဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးသည်   ၂၀၁၈ ခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် အနားယူ နုတ်ထွက်ခဲ့ကြောင်း၊  သမ္မတနှင့် ဒုတိယသမ္မတများအား  ရက်ပေါင်း ၃၀ အတွင်း ပြန်လည် ရွေးချယ်ရမည်ဟု အခြေခံဥပဒေတွင် ဆိုထားကြောင်း၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများအား ပြန်လည်ရွေးချယ်ရန် ကာလအကန့်အသတ် မရှိခြင်းကြောင့် အဆိုပါ ကရင်ပြည်နယ် ဗမာတိုင်းရင်းသား လူမျိုးစုကိုယ်စားလှယ်မှာ  နှစ်နှစ်ခွဲကျော်ကြာအထိ မရှိခဲ့ကြောင်း၊ ထို့ကြောင့် ကရင် ပြည်နယ် ဗမာတိုင်းရင်းသားများအနေဖြင့် များစွာနစ်နာခဲ့ရကြောင်း၊  ကရင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး လစ်လပ်သွားသည်ဆိုပါက ပြည်နယ်အစိုးရဝန်ကြီးချုပ်မှ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အဖွဲ့ခွဲထံ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး လစ်လပ်သွားကြောင်း အကြောင်းကြားရမည်ဖြစ်ကြောင်း၊   ပြည်နယ်ရွေးကောက်ပွဲမှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြား တင်ပြရမည်ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်အနေဖြင့် လစ်လပ်သွားသည့်   ဗမာတိုင်းရင်းသား ရေးရာဝန်ကြီးနေရာအား မည်သည့် ကာလတွင် ပြန်လည်ရွေးချယ်ပေးမည်ဆိုသည့် သတ်မှတ်ချက်အား ထွက်ရှိလာမည့် ဥပဒေအသစ်တွင်  ဖြည့်စွက်ပေးမည့် အစီအစဉ် ရှိ/မရှိ သိလိုကြောင်းမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီးမေးသည့် မေးခွန်းနှင့် ပတ်သက်၍ အပိုင်းနှစ်ပိုင်းခွဲခြား၍  ဖြေကြားလိုကြောင်း၊ ပထမအပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ  အစားထိုးရွေးချယ် တင်မြှောက်သည့်ကိစ္စဖြစ်ပြီး ဒုတိယအပိုင်းသည်   တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ် တိုင်းရင်းသားရေးရာဝန်ကြီး အစားထိုးရွေးချယ်တင်မြှောက်ခြင်းကိစ္စတို့ ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတနှင့်  ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း ကိစ္စနှင့်ပတ်သက်ပြီး   ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃)ပုဒ်မ  ၇၃ တွင်  တိတိကျကျရှင်းရှင်းလင်းလင်း ဖော်ပြထားကြောင်း၊  ဒုတိယသမ္မတများသည်  အစုအဖွဲ့သုံးခုဖြစ်သည့် တပ်မတော်သားအစုအဖွဲ့၊  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့များမှ    ဒုတိယသမ္မတတစ်ယောက်စီ ရွေးချယ် တင်မြှောက်ရခြင်း ဖြစ်ကြောင်း၊ ၎င်းတို့အထဲမှ  ပြည်ထောင်စုလွှတ်တော်တွင်   သမ္မတနေရာအား   ရွေးချယ် တင်မြှောက်ရခြင်း ဖြစ်ကြောင်း၊ လစ်လပ်သွားသည့်နေရာများအား မည်သို့လုပ်ဆောင်ရမည်ကို ပြဋ္ဌာန်းချက် တိတိကျကျ ပြည့်ပြည့်စုံစုံကို  ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း(၃)ပုဒ်မ ၇၃ တွင် ပါရှိပြီးဖြစ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးသည် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွင် ပါဝင်သည့်ကိုယ်စားလှယ်ဖြစ်ကြောင်း၊ ယင်းလွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ် သွားပါက  သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်   လွှတ်တော်ရွေးကောက်ပွဲဥပဒေတွင် ပါပြီး ဖြစ်ကြောင်း၊ လွှတ်တော်တွင်   တစ်စုံတစ်ရာသော အကြောင်းကြောင့်   လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်သွားခဲ့ပါက ဥပဒေနှင့်အညီ   အစားထိုးရွေးကောက်တင်မြှောက်ရမည်ဆိုသည့် ပြဋ္ဌာန်းချက်ပါရှိပြီးဖြစ်ကြောင်း၊ သို့သော်လွှတ်တော်၏ သက်တမ်းငါးနှစ်တွင်   ပထမတစ်နှစ်နှင့် ပဉ္စမနှစ်တို့တွင် ဆောင်ရွက်ခြင်းမပြုရဟု ဥပဒေတွင်ပါရှိကြောင်း၊ ထို့ကြောင့် ဒုတိယနှစ်၊   တတိယနှစ်နှင့် စတုတ္ထနှစ်များတွင် ဆောင်ရွက်ရမည့် အနေအထားမျိုး ဖြစ်ကြောင်း၊   ယင်းသို့ဆောင်ရွက်ရာတွင် လစ်လပ်သည့် စာရင်းများအား သက်ဆိုင်ရာ လွှတ်တော်များနှင့် ကော်မရှင် အဖွဲ့ခွဲများမှလည်း မိမိတို့ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့သို့ ပေးပို့ကြောင်း၊   ထို့ကြောင့်   မိမိတို့ကော်မရှင်အနေဖြင့် ယင်းစာရင်းများကို ရရှိကြောင်း၊ ယင်းစာရင်းများကို စုစည်းပြီး သင့်လျော်သည့်အချိန်တွင် ကြားဖြတ် ရွေးကောက်ပွဲကိုဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းနည်းဖြင့်သာ ရွေးကောက်တင်မြှောက်ရမည်ဖြစ်ကြောင်း၊ မီဒီယာကြီးပြောသကဲ့သို့ အချိန်ကာလတစ်ခု စောင့်ဆိုင်းရခြင်းတို့ ချက်ချင်းရွေးကောက်တင်မြှောက်ခြင်းတို့ မပြုခြင်းတို့ကြောင့် နစ်နာမှုများရှိသည်ဟု ပြောခြင်းလည်း ရှိပါကြောင်း၊ ယင်းအခြေအနေပေါ်မူတည်ပြီး    ဥပဒေနှင့်အညီ လိုအပ်သလို အစားထိုး ရွေးကောက်တင်မြှောက်ခြင်းအား ကြားဖြတ်ရွေးကောက်ပွဲများနှင့်  ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ယင်းကိစ္စများနှင့် ပတ်သက်၍ ဆောင်ရွက်ရန်မရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၈ ပုဒ်မခွဲ (က)အရ လွှတ်တော်သက်တမ်းများကုန်ဆုံးသည့်အခါ  အလိုအလျောက်ဖျက်သိမ်းပြီးဖြစ်သည့်အတွက် ဤကာလတွင် လွှတ်တော်လည်း ဖျက်သိမ်းပြီးဖြစ်သည့်အတွက် ဆောင်ရွက်ရန်မရှိကြောင်း ဖြေကြားသည်။

Myanmar Public Press   မှ အယ်ဒီတာချုပ် ဦးဇော်မင်းနိုင်က လာမည့် ရွေးကောက်ပွဲတွင် မဲမသမာမှု မဖြစ်စေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့်  မည်ကဲ့သို့ကြိုတင် ဆောင်ရွက်ထားသည်ကို သိလိုကြောင်းနှင့် ပြည်သူလူထုအကြား PR စနစ်ကိုနားလည်စေရန်မည်သို့ဆောင်ရွက်သွားမည်ကို   သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့်ပတ်သက်၍ မဲစာရင်းများဖောင်းပွမှုရှိကြောင်း၊ မဲနှစ်ကြိမ်ပေးခြင်း၊ ကိုယ်စားမဲပေးခြင်း၊ အယောင်

ဆောင်မဲပေးခြင်း၊ အသက် ၁၈ နှစ်မပြည့်ဘဲမဲပေးခြင်းများစသည့် မဲမသမာမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း၊ ထို့ကြောင့် နောက်နောင်ကျင်းပမည့်ရွေးကောက်ပွဲတွင် ယင်းကိစ္စများနှင့် အခြေခံမဲစာရင်းမှန်ကန်ရေးအတွက် ဥပဒေအထဲတွင်   မဲစာရင်းပြုစုခြင်းနှင့် မဲစာရင်းစိစစ်ခြင်းအပိုင်းတို့ကို စနစ်တကျရေးဆွဲ၍ ပြင်ဆင် ထားကြောင်း၊ မှားယွင်းစွာမဲဆွယ်စည်းရုံးလျှင်လည်း ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်နိုင်သည့်အတွက် မဲဆွယ်စည်းရုံးခြင်းအခန်းဆိုပြီး အခန်းတစ်ခန်းထည့်သွင်းထားကြောင်း၊   သို့မှသာ မဲဆွယ်စည်းရုံးရာတွင်လည်း စနစ်တကျဖြစ်မည်ဖြစ်ကြောင်း၊ အလားတူ မဲပေးရာတွင်လည်း စနစ်တကျရှိစေရေးအတွက် မည်သို့ မဲပေးမည်၊ မည်သို့မဲရေတွက်မည်ဆိုသည့် အပိုင်းများကိုလည်း    ပြင်ဆင်ဖြည့်စွက် ပြဋ္ဌာန်းထားကြောင်း၊   ယင်းတို့အပြင် ရွေးကောက်ပွဲဆိုင်ရာပြစ်မှု၊   ပြစ်ဒဏ်၊ မဲမသမာမှုများနှင့်ပတ်သက်၍ အရေးယူသည့် အစီအစဉ်များတွင် အကြီး/အသေး၊ အလေး/အပေါ့ အပေါ်မူတည်၍ ထိုက်သင့်သည့် ပြစ်ဒဏ်များချမှတ်ရန် ဆောင်ရွက်ထားကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းကြောင့်   မဲရုံများတွင်ဖြစ်ပေါ်နိုင်သည့် မဲမသမာမှု ဖြစ်စဉ်များကို  လျှော့ချနိုင်ရန် ဥပဒေမူဘောင်အရ လိုအပ်သည်များကို ဆောင်ရွက်ထားကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် သတင်းထောက်ကြီး မေးသကဲ့သို့ ပြောင်းလဲကျင့်သုံးမည့် PR  စနစ်ဖြင့် လိုက်လျောညီထွေ ဖြစ်စေရန်အတွက်ပါ အားလုံးထည့်သွင်းပြင်ဆင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်မှစစ်မှန်ပြီး  စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို သွားခြင်းဖြစ်ခြင်းကြောင့်  ယင်းစနစ်ကို ကောင်းစွာ ဖော်ဆောင်နိုင်မည့် ရွေးကောက်ပွဲဥပဒေ၊  နည်းဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းပြီး မဲမသမာမှုများ မဖြစ်စေရေးအတွက်  ဆောင်ရွက်ထားရှိကြောင်း၊ PR စနစ်နှင့်ပတ်သက်ပြီး  မိမိအနေဖြင့် အစောပိုင်းတွင်လည်း  တင်ပြထားပြီးဖြစ်ကြောင်း၊ ယင်း PR စနစ်နှင့်ပတ်သက်၍ မဲဆန္ဒရှင်များအား  အသိပညာပေးခြင်းနှင့် ပတ်သက်၍   နိုင်ငံတော်ပိုင်မီဒီယာများ၊ သတင်းစာများတွင် ဆောင်းပါးများဖော်ပြထားရှိကြောင်း၊ အလားတူ Talk Show များကိုလည်းTV အစီအစဉ်များတွင် ထည့်သွင်းပြသလျက်ရှိကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ တင်ပြထားသည့်စာအုပ်များကိုထုတ်ဝေဖြန့်ချိလျက်ရှိကြောင်း၊ ထို့အတူ မဲရုံသရုပ်ပြအစီအစဉ်များနှင့်ပတ်သက်၍လည်း  ရိုက်ကူးနေကြောင်း၊  အလားတူယင်းကိစ္စနှင့်ပတ်သက်သည့် တေးသီချင်းများ၊ တေးသရုပ်ဖော် များကိုလည်း စီစဉ် ဆောင်ရွက်နေကြောင်း၊ ပြည်သူလူထုကို PR စနစ်နှင့်ပတ်သက်၍  ရွေးကောက်ပွဲကာလနီးပါက   မီဒီယာများမှတစ်ဆင့် ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။

ခေတ်ပုံရိပ်ဂျာနယ်မှ သတင်းထောက် ဦးဝင်းနိုင်ကPR စနစ်နှင့်ပတ်သက်၍ ပြည်သူလူထုများနားလည်စေရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မည်သို့သောအသိပညာပေးမှုများပြုလုပ်သွားရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦးက   အချိုးကျကိုယ်စားပြု PR စနစ်ကိုကျင့်သုံးပြီး လာမည့်ရွေးကောက်ပွဲကို  ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် မဲပေးသည့်လုပ်ငန်းစဉ်တွင် PR နှင့် FPTP စနစ်သည် များစွာကွာခြားမှုမရှိကြောင်း၊ ရရှိသည့်မဲရလဒ်များကို  အချိုးကျကိုယ်စားလှယ် တွက်ချက်၍ ရလဒ်ထုတ်ပြန်သည့်အခါမှသာ FPTP နှင့် PR စနစ်တို့ ကွာခြားမှုရှိမည်ဖြစ်ကြောင်း၊  PR နှင့်ပတ်သက်သည့် ဆောင်းပါး  ၃၈ ပုဒ်ခန့်ကို နိုင်ငံပိုင်သတင်းစာများတွင် ရေးသားဖော်ပြထားကြောင်း၊ ထို့အတူ PR စနစ်နှင့်ပတ်သက်သည့် စကားဝိုင်းအစီအစဉ်များကိုလည်း ရုပ်မြင်သံကြားတွင်ထုတ်လွှင့်ပြီး ဖြစ်သလို ရွေးကောက်ပွဲအသိပညာပေးဆိုင်ရာနှင့်ပတ်သက်သည့် ထုတ်ဝေပြီးစာအုပ်လေးအုပ်တွင်လည်း PR နှင့်ပတ်သက်သည့် စာအုပ်သုံးအုပ်ပါရှိကြောင်း၊ ယင်းတို့ကို လေ့လာခြင်းအားဖြင့်  သိရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအတည်ပြုထုတ်ပြန်ပြီးပါက ယခုထက်ပိုပြီး အချက်အလက် ခိုင်ခိုင်မာမာ ကျယ်ကျယ် ပြန့်ပြန့်နှင့် မဲဆန္ဒရှင်များကို အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။

မြန်မာသံတော်ဆင့်ဂျာနယ်မှ အယ်ဒီတာ ဦးကိုကိုကြီးက စက်တင်ဘာ ၁၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအနေဖြင့် နေပြည်တော်ပြည်ထောင်စု နယ်မြေရှိ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်း၊ မဲရုံလျာထားမှုများနှင့်ပတ်သက်၍ အစည်းအဝေးပြုလုပ်ခြင်းသတင်းများအား တွေ့မြင်ရကြောင်း၊   နေပြည်တော်တွင်ရှိသည့် ဝန်ထမ်းအိမ်ရာများ၊ သပြေဆောင်၊ သဇင်ဆောင်တို့တွင် နေသူများသည်   ပုံစံ-၆၆ မပေါက်တာများကြောင်း၊၂၀၂၀ ရွေးကောက် ပွဲတွင် နေပြည်တော်ရှိဝန်ထမ်းများကို မဲပေးနိုင်ရေးအတွက်  လွယ်ကူစွာဆောင်ရွက်ပေးခဲ့သည်ကိုတွေ့ရကြောင်း၊ နေပြည်တော်တွင် ရှိသည့် ဝန်ထမ်းများသည်   ၎င်းတို့နေထိုင်ခဲ့သောဒေသတွင်ရှိသည့် မဲဆန္ဒရှင်စာရင်းများတွင်   ပါဝင်ပတ်သက် နေခြင်းကြောင့် မဲစာရင်းများနှစ်နေရာ ထပ်နေကြောင်း၊ နေပြည်တော်တွင်   မဲထည့်ခြင်းကြောင့် သက်ဆိုင်ရာ မြို့နယ်၊ ရပ်/ကျေး မဲဆန္ဒနယ်မြေများ၌   လာရောက်မဲထည့်ခြင်းမရှိသည့် မဲဆန္ဒရှင်များကိုယ်စား NLD မှခန့်ထားသည့် ရပ်/ကျေး မဲရုံတာဝန်ရှိသူများက ၎င်းတို့အစီအစဉ်ဖြင့် မဲထည့်ခြင်းများကြောင့် မဲစာရင်းထပ်ခြင်းများ ရှိခဲ့သည်ဟု သိရကြောင်း၊ ယင်းဖြစ်စဉ်များကဲ့သို့ ထပ်မံမဖြစ်ပွားစေရန် လာမည့်ရွေးကောက်ပွဲတွင်  မည်သို့ပြင်ဆင်ထားသည်ကိုသိလိုကြောင်းနှင့်   နေပြည်တော်တွင်ရှိသည့် သဇင်ဆောင်၊ သပြေဆောင်တို့မှ ဝန်ထမ်းများ၊  အိမ်ရာများတွင်ရှိသည့်ဝန်ထမ်းများ ဆန္ဒမဲပေးနိုင်ရေးအတွက် မည်သို့စီစဉ်ထားသည်ကို သိရှိလိုကြောင်းမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ယင်းကိစ္စနှင့်ပတ်သက်၍ နှစ်ပိုင်းခွဲ၍ ဖြေကြားလိုကြောင်း၊ တစ်ပိုင်းမှာ ပုံစံ-၆၆/၆ မရှိသည့် ဝန်ထမ်းများမဲပေးရေးကိစ္စဖြစ်ပြီး နောက်တစ်ပိုင်းမှာ မဲစာရင်းမထပ်စေရေးမည်သို့ လုပ်ဆောင်မည်ဆိုသည့် အပိုင်းများပင်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကိစ္စကို ပြန်လည်တင်ပြလိုကြောင်း၊  အဆိုပါရွေးကောက်ပွဲမဲ စာရင်းများတွင် မှတ်ပုံတင်မရှိသည့် လူဦးရေမှာ လေးသန်းကျော်ရှိကြောင်း၊  မဲစာရင်း နှစ်ကြိမ်၊ သုံးကြိမ်ထပ်နေပြီး တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ်အလိုက် Cross Check အရ ထပ်နေသူများ၊ အသက် ၁၀၀ ကျော်ရှိသူများ၊ အသက် ၁၈ နှစ် မပြည့်သူများအပါအဝင် စုစုပေါင်း  ၁၁.၃ သန်းကျော် ရှိသဖြင့်  မဲဆန္ဒရှင်စုစုပေါင်း၏ ၂၉.၅၄ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့လာမည့်ရွေးကောက်ပွဲတွင်  မဲစာရင်းများပြည့်စုံမှန်ကန်မှုနှင့် မဲဆန္ဒရှင်စာရင်းများမထပ်စေရန် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ယင်းသို့ဆောင်ရွက်ရာတွင်  ဥပဒေကြောင်းအရ ဆောင်ရွက်ရခြင်းများ ရှိကြောင်း၊ မဲစာရင်းပြုစုရာတွင်  မှတ်ပုံတင်၊  နိုင်ငံသား၊  ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရ စသည်ဖြင့် အသိအမှတ်ပြုကတ်တစ်ခုခုရှိမှသာ မဲပေးခွင့်ရရှိမည်ဖြစ်ကြောင်း၊  သက်ဆိုင်ရာမဲဆန္ဒနယ်တွင် နေထိုင်ကြောင်း   သက်သေအထောက်အထားဖြစ်သည့် ပုံစံ-၆၆/၆ ရှိသူများကိုသာ  မဲစာရင်းတွင်ပြုစုထားကြောင်း၊ အဆိုပါ  ပုံစံ-၆၆/၆ မပါရှိသူများကို ဥပဒေနှင့်အညီ စာရင်းပြုစုနိုင်ရေး ဝန်ကြီးဌာနနှစ်ခုနှင့်  ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် မှတ်ပုံတင်ရှိရမည်၊ ပုံစံ-၆၆/၆ ရှိမှသာ  မဲစာရင်းတွင်ပါပြီး မဲပေးခွင့်ရမည်ဖြစ်ကြောင်း၊   ယင်းကိစ္စနှင့်ပတ်သက်ပြီး   ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီး ဌာနများကိုလည်း အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူများအားလုံးလိုက်နာရမည့် ဥပဒေဖြစ်သောကြောင့် အခြားမဲဆန္ဒရှင်များနည်းတူ လိုက်နာရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများကို  အကြောင်းကြားပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မဲစာရင်းများ မထပ်စေရန် မြေပြင်လူဦးရေစာရင်း ကောက်ခြင်း၊  သက်ဆိုင်ရာဝန်ကြီးဌာန လူဦးရေစာရင်းများကို တိုက်ဆိုင်စစ်ဆေးပြီး ဥပဒေနှင့်ညီသည့်   လူဦးရေစာရင်းကို ကနဦးမဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းစနစ်(Initial Voter List Scrutinizer-IVLS Software) ဖြင့်စစ်ဆေး၍ တွေ့ရှိချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများပေးပြီး ပြန်လည်စိစစ်၍ Feedback ပြန်ပေးသည်

များနှင့့်Update လုပ်ပြီး ပြည့်စုံမှန်ကန်သည့်စာရင်းများရရှိစေရန်  ဆောင်ရွက်လျက်ရှိကြောင်း၊ ကနဦးမဲဆန္ဒရှင် စာရင်းများ စိစစ်ခြင်းစနစ် (Initial Voter List Scrutinizer-IVLS Software)၏ စစ်ဆေးခြင်းလုပ်ငန်းများကို ပြီးခဲ့သည့် သြဂုတ်လအတွင်းမှာ လုပ်ဆောင်ပြီးဖြစ်ကာ  ယခုစက်တင်ဘာလမှစ၍ Update လုပ်နေကြောင်း၊ အလားတူရရှိသည့်  မဲစာရင်းများကိုအခြေခံပြီး မဲရုံများစုဖွဲ့ခြင်း၊ မဲရုံသုံးပစ္စည်းများတွက်ချက်ခြင်းကို ပြည်ထောင်စုနယ်မြေတွင်  စတင်ဆောင်ရွက်လျက်ရှိကြောင်း၊  ထို့ကြောင့် သတင်းထောက်ကြီးမေးသည့် မေးခွန်းကို ဖြေကြားရမည်ဆိုပါက သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေများပြဋ္ဌာန်းချက် ထွက်ရှိလာမည်ဖြစ်ကြောင်း၊ မဲစာရင်းမထပ်စေရေး စနစ်တကျတင်ပြပါအတိုင်း   ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ဖြေကြားသည်။

ဆက်လက်ပြီး   မြန်မာသံတော်ဆင့်ဂျာနယ်မှ   အယ်ဒီတာဦးကိုကိုကြီးက နေပြည်တော် သုခတော်ဝင် အိမ်ရာတွင် ရွှေ့ပြောင်းလာသည့်  ဝန်ထမ်းအများစုနေထိုင်ကြောင်း၊  အဆိုပါဝန်ထမ်းများကို မြေပြင်စာရင်းကောက်ခံခြင်းများ မရှိသေးဟု သိရကြောင်း၊ ထိုသူများမဲပေးနိုင်ရန် မည်သို့စီစဉ်ထားသည်ကို သိလိုကြောင်း  ထပ်မံ မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက မိမိတို့အနေဖြင့် ရှေ့ပြေးစီမံချက်ဖြင့် စာရင်းကောက်ရာတွင် ဦးစွာဆောင်ရွက်နေသည်မှာ ရပ်ကွက်များ၊ မြို့နယ်အလိုက်    ပြည်သူလူထုများကို စာရင်းများကောက်နေကြောင်း၊ ဒုတိယအဆင့်အနေဖြင့်    နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊   ဒီအပိုင်းသည် Second Face အနေဖြင့်   ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ အဖွဲ့အစည်းများသည် စုစုစည်းစည်းနှင့် အင်အားတည်တည်ငြိမ်ငြိမ်ရှိသည့် အဖွဲ့အစည်းများ ဖြစ်ကြောင်း၊  ယင်းလုပ်ငန်းစဉ်များကိုလည်း  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့မဆောင်ရွက်မီ ဥပဒေကြောင်းအရ ပြည့်စုံအောင် ကြိုတင် ညှိနှိုင်းဆောင်ရွက်ထားရှိခြင်းဖြစ်ကြောင်းဖြင့် ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လုံခြုံရေးအင်အားများကို ပြီးခဲ့သည့် NLD အစိုးရလက်ထက်   ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် UEC မှ မဲရုံများကို စောင့်ကြပ်ရန်အတွက် ဖွဲ့စည်းလိုက်ကြောင်း၊ CDM လှုပ်ရှားမှုများမှ ကယားပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင်များ CDM လုပ်ခြင်းရှိသည်ကို သတင်းတက်လာသည်ကိုတွေ့ရကြောင်း၊ မိမိတို့လေ့လာကြည့်လိုက်သည့်အချိန် CDM မှရွေးကောက်ပွဲအတွက် ယာယီခန့်ထားသည့် မဲရုံလုံခြုံရေးရဲအင်အားများ ဖြစ်နေကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် ယင်းကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် သတင်းထုတ်ပြန်ခြင်းမျိုး မတွေ့ခဲ့ရကြောင်း၊ ရွေးကောက်ပွဲကာလတွင်   မဲရုံလုံခြုံရေးအင်အားများကို  UEC  နှင့်  ပြည်ထဲရေး ဝန်ကြီးဌာနတို့ ပေါင်းစပ်ပြီး ဆောင်ရွက်သည့်နေရာတွင် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ယူနီဖောင်း ဘက်တံဆိပ် တို့ကအစ မည်သည့်သတ်မှတ်ချက်များ သက်တမ်းကာလမည်မျှရှိသနည်း၊ သက်တမ်းကာလပြီးသွားလျှင် ယူနီဖောင်းများမည်ကဲ့သို့ ပြန်၍သိမ်းထားသည်ကို သိလိုကြောင်းနှင့် လာမည့် ရွေးကောက်ပွဲတွင်  ယင်းသို့လုံခြုံရေးအတွက် ခန့်ထားရန် အစီအစဉ်ရှိ/မရှိ နှင့်တာဝန်ပေး ဆောင်ရွက်ရန်ရှိပါက မည်သို့ကန့်သတ်ချက်များဖြင့် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ သိလိုကြောင်းမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲ လုံခြုံရေးနှင့်ပတ်သက်၍   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လုံခြုံရေး နှင့်ပတ်သက်သည့် ကာကွယ်ရေးဝန်ကြီးဌာန၊   ပြည်ထဲရေးဝန်ကြီးဌာနတို့ဖြင့် အနီးကပ် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရကြောင်း၊  ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှုဗဟိုကော်မတီအား  ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုဗဟိုကော်မတီအဆင့်ဆင့်ကို ပြည်ထဲရေး ဝန်ကြီးဌာနက စနစ်တကျဖွဲ့စည်းကြောင်း၊ စနစ်တကျဖွဲ့စည်းပြီး ၎င်းတို့က အနီးကပ်ကြီးကြပ် ဆောင်ရွက်ကြကြောင်း၊   ထိုသို့ဆောင်ရွက်ရာတွင်  ယခင်က သာမန်အားဖြင့် မဲရုံပေါင်းလေးသောင်းကျော် ရှိကြောင်း၊  အဆိုပါမဲရုံများတွင် တာဝန်ထမ်းဆောင်ရန် အထူးရဲများကို စုစည်းလေ့ကျင့်ပြီး    ခန့်ထား ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက် ခြင်းကို ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင်   ဆောင်ရွက်ခဲ့ကြောင်း၊ ရွေးကောက်ပွဲကျင်းပမည့်ကာလ သတ်မှတ်ပြီး နောက်ပိုင်းမှသာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်သည့်အခါတွင် တစ်လခန့်အချိန်ယူပြီး လူအင်အားစုစည်းခြင်း၊ လုံခြုံရေးဆိုင်ရာသင်တန်းပေးခြင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များ   သင်ကြားပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများကို တာဝန် ထမ်းဆောင်ရာတွင် အဆင်ပြေမှုရှိစေရန်အတွက် လေ့ကျင့်သင်ကြားပေးပြီးမှ ခန့်အပ်ခြင်းဖြစ်ကြောင်း၊ သာမန်အားဖြင့် တစ်လခန့်သာ  လစာပေး၍  ခန့်အပ်ဆောင်ရွက်ကြောင်း၊  မိမိသိရသလောက်ပြောရလျှင် ထိုခန့်ထားသည့်သူများအထဲမှ  ရဲတပ်ဖွဲ့အရည်အချင်းနှင့် ကိုက်ညီသည့်သူများအနေဖြင့် သင်တန်းပေးပြီး ရဲတပ်ဖွဲ့အဖြစ် ခန့်အပ်ပေးသည်များလည်းရှိကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို ယခင်နှစ်ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် အလားတူနည်းလမ်းဖြင့်သော်လည်းကောင်း၊ ထိုထက်ပိုမိုကောင်းမွန်သည့် နည်းလမ်းဖြင့်သော်လည်းကောင်း သက်ဆိုင်ရာ  ပြည်ထဲရေးဝန်ကြီးဌာနဖြင့် ညှိနှိုင်း၍ ဆောင်ရွက်သွားရန်  စီစဉ်ထားကြောင်း၊ ရဲတပ်ဖွဲ့ဝင်ခန့်အပ်ခြင်းအား ပြည်ထဲရေးဝန်ကြီးဌာနက ခန့်အပ်ခြင်း၊ ယူနီဖောင်းထောက်ပံ့ခြင်း၊ လစာပေးအပ်ခြင်း စသည်တို့ကို ဆောင်ရွက်ပြီး   ယင်းကိစ္စနှင့် ပတ်သက်၍   ပြည်ထဲရေးဝန်ကြီးဌာနက သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍   NHP သတင်းဌာနမှ အယ်ဒီတာချုပ်  ဦးဝင်းဦးက မေးလိုသည်မှာ အကယ်၍ ယူနီဖောင်း ဝတ်ဆင်ပြီး တလွဲသုံးမည်ဆိုပါက ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့်    မည်သို့သော အရေးယူမှုမျိုး လုပ်နိုင်မည်ကို သိလိုကြောင်း ထပ်မံမေးမြန်းသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယခင်က အရန်ရဲ/အထူးရဲ ခန့်အပ်ခြင်းကို ၁၉၄၅ ခုနှစ် ရဲအက်ဥပဒေဖြင့် ခန့်အပ်ကြောင်း၊ ယခုလက်ရှိတွင်   မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေပြဋ္ဌာန်းပြီး ဖြစ်ကြောင်း၊ ယင်းဥပဒေတွင်လည်း အရန်ရဲခန့်အပ်ခြင်းပါဝင်ကြောင်း၊ အရန်ရဲခန့်အပ်ရာတွင် တာဝန်ထမ်းဆောင်သည့်ကာလတွင်  ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေကို လိုက်နာရမည်ဆိုသည့် အချက်ထည့်သွင်း ထားကြောင်း၊ အရန်ရဲတာဝန်ထမ်းဆောင်နေစဉ်ကာလတွင် စည်းကမ်းဖောက်ဖျက်ပါက သန္ဓေတပ်ဖွဲ့ဝင် များကဲ့သို့ ရဲစည်းကမ်းဥပဒေအရ    အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ အခြားတည်ဆဲ ဥပဒေများကို ချိုးဖောက်ပါက သက်ဆိုင်ရာတည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက် ဖြေကြားသည်။

Cohesion News မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက အကြမ်းဖက်လမ်းစဉ်ကိုပြန်လည်အသက်သွင်းခဲ့သည့် NLD ပါတီကို နိုင်ငံရေးပါတီများအထဲမှ ပယ်ဖျက်ခြင်းမပြုသေးသည်ကိုတွေ့ရကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်နိုင်ငံ့အရေးကိုရှေးရှုပြီး ပါတီနိုင်ငံရေးလုပ်ခဲ့သည့် နှင်းဆီပါတီကို NLD ခေတ်က မတရားအသင်းအဖြစ် ကြေညာခဲ့သည့်အပေါ် ပြန်လည်ပယ်ဖျက်ပေးသင့်သည်ဟု UEC အနေဖြင့် ထင်မြင်ပါသလား၊ မည်သို့ ယူဆချက်များ ပေးလိုပါသလဲ၊  NLD ပါတီနှင့်  နှင်းဆီပါတီ မည်သည့်ပါတီကပိုပြီး   ဥပဒေနှင့်မညီသည်ကို UEC ၏အမြင်ကို သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ယင်းကိစ္စနှင့်ပတ်သက်၍ အပိုင်းနှစ်ပိုင်းခွဲပြီး ဖြေကြားလိုကြောင်း၊ NLD ပါတီနှင့့် UDP ပါတီတို့နှင့်ပတ်သက်၍ နှစ်ပိုင်းနှိုင်းယှဉ်ပြောကြားလိုကြောင်း၊ NLD ပါတီနှင့်ပတ်သက်၍ ယခင်သတင်းစာရှင်းလင်းပွဲများတွင်လည်း ဖြေကြားထားပြီးဖြစ်ကြောင်း၊ ယင်းပါတီ စစ်ဆေးမှုများနှင့်ပတ်သက်၍ စိစစ်အတည်ပြုရန် ကျန်ရှိနေသေးသည့် လုပ်ငန်းစဉ်များရှိ နေသေးကြောင်း၊ ထို့ကြောင့် ဥပဒေအရဆောင်ရွက်ရန် လက်ရှိအခြေအနေတွင် ဆုံးဖြတ်ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း၊ စစ်ဆေးပြီးမှသာ   စနစ်တကျဆုံးဖြတ် ဆောင်ရွက်သွားမည်ဟုသာပြောကြားလိုကြောင်း၊ UDP ပါတီ(နှင်းဆီပါတီ)သည် ပြီးခဲ့သည့်ရွေးကောက်ပွဲကော်မရှင် လက်ထက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂(က)နှင့် အလားတူ နည်းဥပဒေ ၁၅ (ခ)၊ (ဂ)၊ (စ)တို့နှင့်ငြိစွန်းကြောင်း၊ ယင်းဥပဒေ၊ နည်းဥပဒေများသည်လည်း ရပ်တည်ပိုင်ခွင့်မရှိသည့်   ဥပဒေများဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီမှ ပယ်ဖျက်ကြောင်းကို ၁၇-၁၀-၂၀၂၀ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊ သတင်းထောက်ကြီး မေးသည့်ကိစ္စနှင့် ပတ်သက်ပြီး မိမိအနေဖြင့် လေ့လာ သုံးသပ်ကြည့်ရာတွင် ယင်းပါတီအား မတရားအသင်းအဖြစ် ကြေညာသည့် ကိစ္စနှင့်ပတ်သက်၍   မိမိတို့ ထုတ်ပြန်သည့် ဥပဒေပုဒ်မများအထဲတွင် မတရားအသင်းအဖြစ် ကြေညာသည့်ကိစ္စ      မတွေ့ရကြောင်း၊ အလားတူ ပြည်ထဲရေးဝန်ကြီးဌာန၏ သက်ဆိုင်ရာအထောက်အထားများကို လေ့လာကြည့်ရာတွင်လည်း UDP ပါတီအား မတရားအသင်းအဖြစ်ကြေညာထားခြင်း မရှိကြောင်း   စိစစ်တွေ့ရှိရကြောင်း ဖြေကြားသည်။

ဆက်လက်၍ Cohesion News မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက NLD ပါတီအနေဖြင့် အစစ်ဆေးခံမည် ပါတီ

ပြန်လည်ဖွဲ့မည်ဟု UEC ထင်မြင်ထားပါ သလား၊ မျှော်လင့်ထားပါသလားဟု ထပ်မံမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက  အဆိုပါပါတီအနေဖြင့် CEC တချို့ဖမ်းဆီး ထိန်းသိမ်းခံထားရသလို တချို့အမှုရင်ဆိုင်နေရကြောင်း၊ အချို့ထွက်ပြေးတိမ်းရှောင်နေခြင်း၊ အချို့မှာဆက်သွယ်၍ မရဖြစ်နေကြောင်း၊ ထို့ကြောင့်တာဝန်ခံဖြေရှင်းမယ့်ကိစ္စများအား မိမိတို့အနေဖြင့်  ဆောင်ရွက်နေမှုများ ရှိသော်လည်း စစ်ဆေးရေးလုပ်ငန်းစဉ်များ မပြီးစီးသေးသဖြင့် ဆောင်ရွက်နိုင်ခြင်း မရှိသေး

သည်ဟု လတ်တလောဖြေကြားလိုကြောင်းဖြေကြားသည်။

Cohesion News မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက အဆိုပါ  NLD ပါတီ အနေဖြင့် လာရောက် အစစ်ဆေးခံမည် ဆိုပါက ဥပဒေနှင့်   မငြိစွန်းသည့် ကိစ္စများရှိလိမ့် မည်ဟု UEC အနေဖြင့်ထင်ပါသလားဟု ထပ်မံမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ယင်းကိစ္စနှင့်ပတ်သက်၍ ကြိုတင်ပြီး မခန့်မှန်းလိုကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် စိစစ်ရာတွင် အသေးစိတ်စနစ်တကျစိစစ်မည်ဆိုပါက အဖြစ်မှန်ပေါ်ပေါက်အောင် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း     ဖြေကြားသည်။

လူထုရင်ဖွင့်သံဂျာနယ်မှ အယ်ဒီတာ ဒေါ်ခိုင်စံပယ်ဦးက ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲရုံများကြိုတင် ပြင်ဆင်သည့် အချိန်ကာလအတွင်းမှာ မိမိတို့အနေဖြင့် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများကို ယင်းနယ်မြေအတွင်းရှိ စာရင်းရှိမဲဆန္ဒရှင်အရေအတွက်၊ မဲရုံအရေအတွက်၊ ကိုဗစ်ကာလဖြစ်ခြင်းကြောင့် မဲပေးရန်စီမံဆောင်ရွက်ထားသည့်အခြေအနေများနှင့် ပတ်သက်၍ မေးခွန်းများ မေးမြန်းခဲ့ကြောင်း၊  ထိုသို့သောအခြေခံမေးခွန်းများ မေးမြန်းရာတွင်  ပြန်လည်ဖြေကြားခြင်းမရှိဘဲ ရန်သူသဖွယ်မောင်းထုတ်ခြင်း ခံခဲ့ရကြောင်း၊ ထို့ကြောင့် လာမည့်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဥပဒေများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စည်းမျဉ်းစည်းကမ်းများ၊ လျှို့ဝှက်မဲပေးခြင်း၏ စည်းမျဉ်းများကို လိုက်နာပြီး မေးမြန်းသည့်မီဒီယာ၏မေးမြန်းမှုများကို လွတ်လပ်ခွင့်ပေးရန်အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက မိမိတို့အနေဖြင့် ရွေးကောက်ပွဲ၏ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှုရအောင်    ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများကို   ပြီးခဲ့သည့် ရွေးကောက်ပွဲအဆက်ဆက်တွင်  ခွင့်ပြုခဲ့သည်များ ရှိကြောင်း၊     ထို့ကြောင့် သတ်မှတ်ထားသည့်လုပ်ငန်းစဉ်၊ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ စိစစ်ခွင့်ပြုပေးခြင်းရှိကြောင်း၊  သတင်းထောက်ကြီး မေးမြန်းသည့် ကိစ္စနှင့်ပတ်သက်ပြီး အပိုင်းနှစ်ပိုင်းခွဲ၍ ဖြေကြားလိုကြောင်း၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များသည်   မဲရုံဖွင့်လှစ်သည့် နံနက် ၆ နာရီမှ ညနေ ၄ နာရီအတွင်း  မဲပေးခြင်းလုပ်ငန်းများကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရကြောင်း၊ ယင်းလုပ်ငန်းစဉ်များပြီးပါက   မဲရေတွက်ခြင်းလုပ်ငန်းများ   ဆက်လက်လုပ်ဆောင်ရကြောင်း၊ ထိုအချိန်များတွင် မဲရုံတာဝန်ခံ များအနေဖြင့်  မေးခွန်းများမေးမြန်းမှုကို ဖြေကြားရန်   အခက်အခဲရှိနိုင်ကြောင်း၊ ရွေးကောက်ပွဲ ဆိုင်ရာပြစ်မှုများတွင် ပြဋ္ဌာန်းထားသည်များရှိကြောင်း၊ ပုဒ်မ ၆၁/၆၂ တွင် မည်သူမဆို  ရွေးကောက်ပွဲ ကျင်းပသည့် မဲရုံအတွင်းတွင်သော်လည်းကောင်း၊ မဲရုံနှင့် ကိုက် ၅၀၀ အတွင်းတွင်သော်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို မဲပေးရန်သော်လည်းကောင်း၊ မဲမပေးရန် သော်လည်းကောင်း၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန်သော်လည်းကောင်း၊  ဆန္ဒမဲမပေးရန်သော်လည်းကောင်း၊ တိုက်တွန်း သွေးဆောင်လျှင် သော်လည်းကောင်း မဲရုံမှူးနှင့် မဲရုံအဖွဲ့များကို လုပ်ငန်းအနှောင့်အယှက် ဖြစ်စေသည့် လုပ်ရပ်များ ဆောင်ရွက်ပါက ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုမြောက်သည်ဟု ဥပဒေတွင်ပါရှိခြင်းကြောင့် ယင်းကိစ္စများသည် မြေပြင်တွင်ဆောင်ရွက်ရာ၌ အခက်အခဲရှိနိုင်ကြောင်း၊ မဲဆန္ဒရှင်များအား မဲပေးသည့် ကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာတွင် မည်သူ့အား မဲပေးသလဲမေးမြန်းရိုက်ကူး ထုတ်လွှင့်ရာတွင် အထက်တွင် ပြောကြားခဲ့သည့် မဲရုံနှင့်ကိုက် ၅၀၀ အတွင်းဖြစ်ခြင်းကြောင့် ယင်းကိစ္စများကို ရိုက်ကူးထုတ်လုပ်ခြင်းအားဖြင့် မဲဆွယ်စည်းရုံးခြင်း ဆိုသည့် ကိစ္စများနှင့်     ငြိစွန်းနိုင်ခြင်း ရှိကြောင်း၊ ထို့ကြောင့် ထိုသို့ထိလွယ်ရှလွယ်သည့်ကိစ္စ

များနှင့်ပတ်သက်၍ ယခင်ရွေးကောက်ပွဲများတွင် ခွင့်မပြုခဲ့ကြောင်း၊ သို့သော်လည်း သက်ဆိုင်ရာရပ်/ကျေးအဖွဲ့ ခွဲကော်မရှင်များအနေဖြင့် မဲရုံ၊ မဲစာရင်း၊ မဲပေးနိုင်သည့် အရေအတွက်တို့နှင့်ပတ်သက်၍ ကြော်ငြာဘုတ်တွင် ကပ်ထားပြီး ဖြစ်ကြောင်း၊ ထိုသို့ အခြေခံအချက်အလက်များဖြင့်  မဲရုံတွင်အေးချမ်းတည်ငြိမ်စွာ မဲပေးနိုင်မှုရှိ/မရှိ လေ့လာသုံးသပ်ပြီး  ရိုက်ကူးတင်ဆက်မှုများလည်း ရှိခဲ့ကြောင်း၊   ထိုသို့နှစ်ဖက် အဆင်ပြေစေရန်   သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များနှင့်အညီ သတင်းရယူခွင့် ရရှိအောင်  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

သူရိယနေဝန်းဂျာနယ်မှ CEO ဦးမိုးဟိန်းက ပြီးခဲ့သည့်အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့၏ ရရှိခဲ့သည့် ရုရှား-မြန်မာ ချစ်ကြည်ရေးသာမက မြန်မာနိုင်ငံတော်နှင့် ပြည်သူ ၅၅ သန်းအတွက်ရခဲ့သည့် အကျိုးကျေးဇူးရလဒ်များကို ယခုသတင်းစာရှင်းလင်းပွဲမှ ပြည်သူများကိုယ်စား မိမိအနေဖြင့် ကျေးဇူးဥပကာရ တင်ရှိပါကြောင်းနှင့် ချီးကျူးဂုဏ်ပြုစကားပြောကြားလိုကြောင်း၊    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ရုရှားသွားသည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏ အောင်မြင်မှုသည်   မည်မျှကြီးမားသလဲဆိုလျှင် သမိုင်းစဉ်အရ သုံးသပ်ရမည်ဆိုပါက ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလက ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့်  မြန်မာကိုယ်စားလှယ်အဖွဲ့ လန်ဒန်သွားပြီး လွတ်လပ်ရေးဆွေးနွေးပွဲ နောက်ပိုင်းကာလတစ်လျှောက်    ၇၅ နှစ်

အတွင်းတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏အောင်မြင်မှုသည် အကြီးမားဆုံးအောင်ပွဲဟု မိမိအပါအဝင်    မိမိတို့ပြည်သူလူထုအားလုံးက သုံးသပ်နေပါကြောင်း၊ အဘယ်ကြောင့် ဆိုသော် ၁၉၅၃ ခုနှစ် မြန်မာနိုင်ငံတော်ဝန်ကြီးချုပ် သခင်နုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံခေါင်းဆောင်ကြီး မော်စီတုန်းတို့ တွေ့ဆုံခဲ့သည့်ပွဲသည်လည်းကောင်း၊ ၁၉၆၆ ခုနှစ် မြန်မာနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းနှင့် အမေရိကန်သမ္မတ Lyndon B. Johnson တို့ ဝါရှင်တန်ဒီစီတွင်တွေ့ဆုံခဲ့သည့် တွေ့ဆုံ ဆွေးနွေးပွဲသည် လည်းကောင်း၊  ၁၉၅၅ ခုနှစ်နှင့်     ၁၉၅၆ ခုနှစ် ရုရှားခေါင်းဆောင် Nikita Khrushchev နှင့် မြန်မာနိုင်ငံတော်ဝန်ကြီးချုပ် သခင်နုတို့ တွေ့ဆုံခဲ့သည့်ဆွေးနွေးပွဲများသည် လည်းကောင်း ထိုအချိန်၌   သာမန်နိုင်ငံရေးအခြေအနေ အကျဉ်းအကျပ်ကာလမဟုတ် သည့် တည်ငြိမ်သည့်ကာလတွင်ရရှိခဲ့သည့် ထိပ်သီးဆွေးနွေးပွဲများ ဖြစ်ကြောင်း၊ ယခု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ တွေ့ဆုံမှုသည် မြန်မာနိုင်ငံကို အနောက်အုပ်စုက ဘက်ပေါင်းစုံအကျပ်အတည်းများ တိုက်ခိုက် နေသည့်ကြားမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့်ရုရှားဖက်ဒရေးရှင်း နိုင်ငံက မြန်မာနိုင်ငံကိုလည်းကောင်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ  အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို     လည်းကောင်း ထိုက်ထိုက်တန်တန်ချီးမြှင့်ပြီး မြန်မာနိုင်ငံတော်အတွက် မျှော်လင့်မထားသည့်  အလွန်အံ့သြစရာကောင်းသည့် အောင်မြင်မှုများကို သယ်ဆောင်လာခဲ့သော ခရီးစဉ်ဖြစ်သည်ဟု နှိုင်းယှဉ်ပြောကြားလိုကြောင်း၊     မိမိမေးမြန်းလိုသည်မှာ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏   ရုရှားခရီးစဉ်တွင် ရရှိခဲ့သည့် အောင်မြင်မှုအတိုင်းအတာကို    အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသည့် ဗိုလ်ချုပ်အနေဖြင့် မည်ကဲ့သို့ရှုမြင်ကြောင်းနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin က မြန်မာနိုင်ငံကို လိုအပ်တာမှန်သမျှ မည်သည့်ကိစ္စမဆို လုပ်ပေးနိုင်သည် များအားလုံးကိုကူညီပြီး မြန်မာ့သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးအပြောင်းအလဲတစ်ခုနှင့် မြန်မာနိုင်ငံတွင် လိုအပ်နေသည့်     စွမ်းအင်၊ အဏုမြူ၊  အာကာသ၊  စစ်ဘက်ရေးရာ ပူးပေါင်းဆောင်ရွက်မှု၊ ဆေးပညာ၊ စိုက်ပျိုး

သီးနှံ၊ လောင်စာဆီကအစ  လိုလေသေးမရှိအောင်   ပေးအပ်တော့မည်ဆိုသည့် အကုန်လုံး အလုံးအရင်းဖြင့် ရုရှားမှလှိုင်းများ မြန်မာပြည်ကို လာတော့မည်ဆိုသည်ကို လူထုက မျှော်လင့်နေကြောင်း၊ ယင်းကိစ္စသည် ြ့ွ အကြမ်းဖက်အစိုးရကို  မြေမြှုပ် သင်္ဂြိုဟ်ရသည့်အဆင့်သို့ရောက်ရှိသွားပြီလား၊ အနောက်အုပ်စုကြံစည်နေသည့် မြန်မာနိုင်ငံကို ဝိုင်းဝန်းပိတ်ဆို့ရေးဆိုသည့် မျှော်လင့်ချက်၊     အနောက်အုပ်စုက လက်မှိုင်ချသွားရသည်အထိ အောင်မြင်မှုရရှိသွားပြီလားဆိုသည်ကို ဗိုလ်ချုပ်အနေဖြင့် ဖြေနိုင်သလောက် ဖြေကြားပေးရန် မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိတို့ရုရှားခရီးစဉ်နှင့်ပတ်သက်ပြီး ဆောင်ရွက်ခဲ့သည်များကို ပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ မိမိသုံးသပ်ချက်အရ မိမိတို့ မျှော်လင့်ထားသည်ထက်  ပိုမိုအောင်မြင်ခဲ့သည်ဟု ပြောခဲ့ကြောင်း၊  တချို့သော ကမ္ဘာ့ဖြစ်စဉ်၊ ဖြစ်ရပ် များရှိကြောင်း၊ ယခုစီးပွားရေးဖိုရမ်ပြီးလျှင် ဆက်စပ်ပြီးကြည့်ရမည့် လုပ်ငန်းစဉ်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းအဝေးဖြစ်ကြောင်း၊ ယင်းအစည်းအဝေး တွင် မည်သည့်ကိစ္စများ သဘောတူညီမှုရရှိပြီး၊ မည်သည့်ကိစ္စများ ဆွေးနွေးသည်ကို ကြည့်ပါက မိမိတို့ခရီးစဉ်၏ ရုပ်လုံးက ပိုကြွလာမှာဖြစ်ကြောင်း၊ မိမိအနေဖြင့် ပထမဦးဆုံး အလေးအနက်ထား ပြောလိုသည်မှာ အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် ရုရှားနိုင်ငံအတွက်   ကာလရှည်ကြာစွာ စိတ်ချရသည့် မိတ်ဖက်နိုင်ငံဟု ပြောလိုက်ခြင်းဖြစ်ကြောင်း၊    နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် နိုင်ငံတကာရေးရာ လေ့လာသုံးသပ်သူ အနေဖြင့် အင်အားကြီးနိုင်ငံကြီးတစ်နိုင်ငံဖြစ်သည့်၊ ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီတွင်ပါဝင်သည့် နိုင်ငံကြီးတစ်နိုင်ငံဖြစ်သည့်    ကမ္ဘာ့ရေးရာများတွင် ဗီတိုအာဏာအဆုံးအဖြတ်ပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်၊ နိုင်ငံ၏ခေါင်းဆောင်တစ်ယောက်က ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားလိုက်ခြင်းသည်  မြန်မာနိုင်ငံ သည် အရှေ့တောင်အာရှ၊   တောင်အာရှတွင် ဗဟိုချက်ဖြစ်လာမည်ဆိုသည့် အနေအထားမျိုးအထိ အောင်မြင်ခဲ့ကြောင်း၊ နောက်တစ်ခုမှာ    လုပ်ဆောင်နိုင်မှုဖြစ်ကြောင်း၊ ယင်းသို့လုပ်ဆောင်နိုင်မှုမှာ ယခင်အတိတ်ကိုပြန်ကြည့်ရမှာ ဖြစ်ကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများတွင် တချို့သောနိုင်ငံများသည်    အာဆီယံမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်သွားသည့် နိုင်ငံများရှိကြောင်း၊ ယင်းနိုင်ငံများကို ပညာရှင်များ၏ သုံးသပ်ချက်အရ    ၎င်းတို့ကိုယ်တိုင်ကြိုးစားသဖြင့် တိုးတက်သည်မှာမှန်ကန်သော်လည်း အခါအခွင့်သင့်သည့် လှိုင်းနှင့် အခါအခွင့်သင့်သည့် လေနှင့်မိသွားသည့်အတွက် တိုးတက်သွားခြင်း ဖြစ်ကြောင်း၊ ဥပမာပြောရလျှင် စင်ကာပူနိုင်ငံနှင့်   ထိုင်းနိုင်ငံ၊  တောင်ကိုရီးယား စသည့်နိုင်ငံများ တိုးတက်သောလမ်းကြောင်းပေါ်သို့ ရောက်ရှိသွားကြောင်း၊ ၎င်းတို့ကိုယ်တိုင်ကြိုးစား၍ တိုးတက်သွားသည်မှာမှန်ကြောင်း၊ ထို့ပြင်  ဗီယက်နမ်စစ်ပွဲနှင့် ကိုရီးယားစစ်ပွဲများတွင် အမေရိကန်က ထိုနိုင်ငံများတွင် အခြေပြုဆောင်ရွက်ခြင်း ဖြစ်သောကြောင့်    ထို့အတွက် လိုအပ်သည့်ဒေါ်လာရေစီးကြောင်းမျောလာကြောင်း၊ ထို့ကြောင့် ယင်းနိုင်ငံ များက ဒေါ်လာရေစီးကြောင်းအပေါ် တက်စီးခွင့်ရရှိသွားကြောင်း၊ ကျကျနနအသုံးချသွားနိုင်ကြောင်း၊ ထို့ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့်အပြင် တခြားတိုးတက်မှုများလည်းပါကြောင်း၊ ထိုကိစ္စသည် အကြောင်းရင်းတစ်ခု ဖြစ်ကြောင်း၊  ယခုအချိန်တွင် ရုရှားနိုင်ငံအနေဖြင့် အရှေ့တောင်အာရှဒေသ၊ အာရှပစိဖိတ်ဒေသအပေါ် အာရုံစိုက်လာကြောင်း၊ ယင်းသို့ အာရုံစိုက်လာသည့်အပေါ်မှာ ၎င်းကိုယ်တိုင် ထုတ်ဖော်ပြောကြားချက်အရ အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် ၎င်းင်းတို့၏အခိုင်အမာဆုံး မိတ်ဆွေနိုင်ငံဟုပြောခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ယခင်ကတည်းက ကြိုးပမ်းခဲ့သည်များရှိကြောင်း၊ အာကာသသိပ္ပံနှင့် နည်းပညာနှင့်ပတ်သက်ပြီး အဆင့်မြှင့်နည်းပညာများ၊ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု၍ နည်းပညာများ စသည်တို့နှင့်ပတ်သက်၍ ရုရှားအနေဖြင့် လိုက်လျောစွာဖြင့် ပစ္စည်းသာမက နည်းပညာများကိုပါပေးမည်ဖြစ်ကြောင်း၊ နိုင်ငံခေါင်းဆောင်တစ်ဦးက စိတ်ဝင်စားခြင်းဖြစ်သောကြောင့် မိမိအနေဖြင့် ရုရှားခရီးစဉ်ကို ယခင်ကလည်း လိုက်ပါဖူး၍ ယခုတစ်ခေါက်တွင် ကွဲပြားမှုများရှိကြောင်း၊  ပြည်နယ်များသို့ရောက်သည့်အချိန်တွင် ၎င်းင်းတို့ပြည်နယ်များသည် ဖက်ဒရေးရှင်းပြည်နယ်ဟုပြော၍ရကြောင်း၊ ၎င်းင်းတို့၏အကြီးအကဲများသည် လုပ်ပိုင်ခွင့်များစွာ သီးခြားရှိကြောင်း၊ ၎င်းတို့၏ ကြိုဆိုမှုများသည် ယခုအချိန်တွင် အံ့မခန်းဖြစ်ရသည့် ကြိုဆိုမှုဖြစ်ကြောင်း၊ မိမိတို့အရှေ့တောင်အာရှနိုင်ငံများ၊ တောင်အာရှနိုင်ငံများတွင် ရုရှားနိုင်ငံသည် အင်အားကြီးနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံကို အထူးအလေးပေးသည့် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဤလှိုင်းလုံးပေါ်၌ ကျကျနနစီးနိုင်ရန် အရေးကြီး ကြောင်း၊ နောက်တစ်ခုမှာ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေး ညီလာခံတွင် တရုတ်သမ္မတနှင့် ရုရှားသမ္မတတို့တွေ့ဆုံသည့်အချိန်တွင် ပြောခဲ့သည်များရှိကြောင်း၊   ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ပြီး  အမေရိကန်၏ အာရှပစိဖိတ်နည်းဗျူဟာ၊ မဟာဗျူဟာ နှင့်ပတ်သက်ပြီး ၎င်းတို့လုပ်ဆောင်ကြမည့် ကိစ္စများတွေ့ရမှာဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့်    စစ်ရေးစစ်ရာများပူးပေါင်းဆောင်ရွက်မည်၊ တခြားကျန်သည့်ကိစ္စများ ပူးပေါင်းဆောင်ရွက်မည်    စသည်တို့ကို

ဆွေးနွေးသွားသည်ကိုတွေ့ရမှာဖြစ်ကြောင်း၊ အခါအခွင့်သင့်နေသည့် အချိန်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အင်အားကြီးနိုင်ငံနှစ်နိုင်ငံလုံး၏ အလေးထားမှု အခါအခွင့်သင့်နေသည့် အချိန်တွင် မိမိတို့ကိုထပ်မံပြီး အလေးထားသည့် လုပ်ဆောင်မှုမျိုးများ၊ ပြောဆိုချက်မျိုးများ၊ အလေးထားသည့်လိုက်လျောမှုများ   လုပ်ဆောင်နေသည့်အချိန်တွင် မိမိတို့နိုင်ငံသူ    နိုင်ငံသားများအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် ယခုလှိုင်းကိုအမီ စီးနိုင်ရန်လိုသည်ဟု မိမိအနေဖြင့်သုံးသပ်ပြောကြားလိုကြောင်း၊ အနောက်အုပ်စုက ကြံစည်နေသည့်  ကိစ္စများနှင့်ပတ်သက်၍ ထိထိရောက်ရောက် အတိုင်းအတာတစ်ခုအထိ မိမိတို့တားဆီး နိုင်သည်ဟု ပြောနိုင်ကြောင်း၊       အနောက်နိုင်ငံများတွင် အခြေစိုက်သည့် မီဒီယာများ၏ရေးသားမှု များ၊     ၎င်းတို့၏ ပြောဆိုချက်များသည် နောက်ပိုင်းတွင် ထွက်လာသည့် လေသံများကိုကြည့်ပြီး သိနိုင်ကြောင်း    ပြောကြားသည်။

သူရိယနေဝန်းဂျာနယ်မှ CEO ဦးမိုးဟိန်းက ယခုကုလသမဂ္ဂအထွေထွေညီလာခံကို အမေရိကန်နိုင်ငံ   နယူးယောက်မြို့တွင် ကျင်းပနေသည့်အချိန်ကို    ချိန်ကိုက်ပြီး ကျော်မိုးထွန်းဆိုသည့် ပြည်ပြေး အကြမ်းဖက်ပုဂ္ဂိုလ် မြန်မာနိုင်ငံဆိုင်ရာ  ကုလသမဂ္ဂသံအမတ်နေရာရရှိရေးကို သွေးရူးသွေးတန်းဖြင့်    ကြိုးပမ်းနေသည့် အချိန်ကာလကိုချဉ်းကပ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာတွင်ဖြစ်သည့်ဖြစ်စဉ်ကို PDF နှင့် NUG  ပြည်ဖျက်မီဒီယာများမှ လှုံ့ဆော်သွေးထိုးပြီး တပ်မတော်ပုံရိပ်၊ နိုင်ငံတော်၏ပုံရိပ်၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပုံရိပ် ကျဆင်းအောင် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ချိန်ကိုက်ပြီးလုပ်ဆောင်နေသည်ဟု   မိမိယူဆပါကြောင်း၊ ယင်းဖြစ်စဉ်ကို တပ်မတော်က သတင်းအတိအကျရ၍  KIA  နှင့်အကြမ်းဖက်သမားများ   လက်နက်သယ်ဆောင်ဖြတ်သန်းရန်  လက်ယက်ကုန်းကျေးရွာအနီးတွင် ထားရှိကြောင်း   သတင်းအရ လုံခြုံရေးတပ်ဖွဲ့များကို ရဟတ်ယာဉ်ဖြင့် တင်ဆောင်ပြီး ဝင်ရောက်ရှင်းလင်းသည့်

ကိစ္စကို ၎င်းင်းဝါဒဖြန့်နေသကဲ့သို့ ဖြစ်ပေါ်ခဲ့ခြင်းအလျှင်းမရှိဘဲ ဝါဒဖြန့်နေသည့် ကိစ္စဖြစ်ပေါ်နေကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက် ပြီး ကုလသမဂ္ဂအထွေထွေညီလာခံတွင် ချိန်ကိုက်ပြီး သွေးထိုးသည်ဟု မိမိအနေဖြင့် ယူဆပါကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး မိမိအနေဖြင့် ဥပမာတစ်ခုပေးလိုကြောင်း၊ အမေရိကန်နိုင်ငံက ၁၉၆၈ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် အမေရိကန်နိုင်ငံ တောင်ပိုင်း မိုင်းလိုင်ကျေးရွာတွင် ဗီယက်နမ်ရွာသား ၅၀၀ ကို ဗီယက်ကောင်းဟုဆိုကာ အမေရိကန် အမှတ်(၂၀)ခြေမြန်တပ်ရင်းနှင့် အမှတ်(၂၃) ခြေမြန်တပ်ရင်းက အကုန်လုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပွားခဲ့သည့်ကိစ္စသည် ကမ္ဘာတွင် ဘာတစ်ခုမှဖြစ်မလာဘဲ ပျောက်ကွယ်သွားကြောင်း၊ ထိုကဲ့သို့ ပြီးခဲ့သည့် အနှစ် ၂၀ ကာလတွင် အမေရိကန်သည်    အာဖဂန်နစ္စတန်၊ ယီမင်၊ အီရတ်၊အီသီယိုးပီးယား၊ ဆိုမားလီးယားနိုင်ငံများတွင် လေကြောင်းဖြင့်ဒုံးတိုက်ခိုက်မှု ၁၄၀၀၀ ကျော်ပြုလုပ်ခဲ့ပြီး   အရပ်သား ၂၀၀၀ ကျော်သေဆုံးကာ   ကလေးငယ် ၅၀၀ သေဆုံးသည့်ကိစ္စများကို အားလုံးဖုံးထားပြီး ကမ္ဘာပေါ်တွင်  ဘာမှထွက်မလာခဲ့ကြောင်း၊ ယခုချိန်တွင် မိမိတို့မြန်မာနိုင်ငံအတွင်းတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့်တပ်မတော်က  တည်ငြိမ်မှုရရှိအောင် ကြိုးပမ်းနေသည့် အချိန်တွင် ဖြစ်လာသည့် ဖြစ်စဉ်များအပေါ် မဟုတ်တာများကို ငါးဖယ်ကပြောင်းပြန် သူခိုးကလူဟစ် ဗြောင်လိမ်ဗြောင်စားလုပ်ကာ လက်ယက်ကုန်းကျေးရွာသားများနှင့် ကလေးငယ်များကို လူသားဒိုင်းကာအဖြစ် အသုံးချတဲ့ အကြမ်းဖက်သမားများ၏  လုပ်ရပ်ကို ပြောင်းပြန်လုပ်ကာ     တပ်မတော်က လုပ်ပါသည်ဟုဆိုပြီး ယင်းသို့ဝါဒဖြန့်နေမှုကို မိမိတို့လက်ပိုက်ကြည့်နေ၍ မရတော့ ကြောင်း၊ နိုင်ငံတော်တည်ငြိမ်ရေး ကြိုးပမ်းသည့်အခါတွင် တပ်မတော်နှင့်နိုင်ငံတော်က ပြည်သူများကိုကာကွယ်ပြီး ပြည်သူတို့၏ဘ၀ တည်ငြိမ်ရေးကို ကြိုးပမ်းနေခြင်းကို ပြောင်းပြန်လုပ်ပြီး လူသားဒိုင်းကာလုပ်နေသည့် NUG၊  PDF အကြမ်းဖက်များကို    လက်ယက်ကုန်းကျေးရွာဖြစ်စဉ်ကဲ့သို့  ဝါဒဖြန့်ချက်များအပေါ် NUG ကို ကမ္ဘာ့အင်တာ ပိုလ်၊ ကမ္ဘာ့အစိုးရများတွင်ချိတ်ဆက်ပြီး မည်သို့ဖမ်းဆီးနိုင်မည်ကို ပြည်သူလူထုရှင်းလင်း သွားအောင် ဗိုလ်ချုပ်အနေဖြင့်  ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ထူးခြားချက်အရ   ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပသည့်အချိန်   ယခုတွင်သာမက ယခင်နှစ်များတွင်လည်း အနောက်ဘက်တွင် အမြဲတမ်းပြဿနာမျိုးစုံရှိကြောင်း၊ ယခုနှစ်တွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံကြားတွင် အထင်လွဲသည်အထိဖြစ်လာကြောင်း၊ ဆက်စပ်ကြည့်ပါက ထိုနေ့မတိုင်မီ ကြားတွင် ၎င်းတို့ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက် မှုတစ်ခုလုပ်လိုက်ပြီး နိုင်ငံတကာစစ်တပ်များ မှ အရာရှိကြီးများ ဖိတ်ခေါ်ကာ လာတွေ့သည်များရှိကြောင်း၊ အကြောင်းမဲ့မဟုတ်နိုင် ကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ဒီပဲယင်းမြို့ နယ် လက်ယက်ကုန်းကျေးရွာနှင့်ပတ်သက်ပြီး အတော်များများကို မီဒီယာများတွင်ဖွနေ သည်ကိုတွေ့ရကြောင်း၊ ဖြစ်စဉ်အမှန်ကို ထိုရက်များက လက်ယက်ကုန်းကျေးရွာသူ၊ ကျေးရွာသားနှစ်ဦး၏ ပြောကြားချက်ကို ဗီဒီယိုဖြင့်ဖွင့်ပြမည်ဖြစ်ကြောင်း၊ လက်ယက် ကုန်းကျေးရွာတွင် ယခင်ကတည်းက  KIA ၊ PDF အကြမ်းဖက်အဖွဲ့များ အဝင်အထွက်ရှိကြောင်း၊ ဘေးရွာများတွင်လည်းအဝင် အထွက်ရှိကြောင်း၊ တပ်မတော်ကို ယင်း ဒေသခံများမှ ၎င်းင်းတို့ရောက်ရှိနေသည့် သတင်းကိုပေးကြောင်း၊ တပ်မတော်အနေ ဖြင့် လုံခြုံရေးအရ ရွာထဲကိုဝင်ရောက်ကာ လုံခြုံရေးဆောင်ရွက်ခြင်းသာရှိကြောင်း၊ ယင်းသို့ဆောင်ရွက်နေစဉ်တွင်   PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများက ရွာသူ၊ ရွာသားများအကုန်လုံးကို ဘုန်းကြီးကျောင်းသို့ ခေါ်သွားပြီး ဘုန်းကြီးကျောင်း အောက်ထပ်တွင်နေခိုင်းပြီး လူသားဒိုင်း သဖွယ်အသုံးပြုကာ တပ်ကိုဝိုင်းဝန်းပစ်ခတ် ခဲ့ကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့်လည်း    ပြန်လည်ပစ်ခတ်ခဲ့ရသည်များ ရှိကြောင်း၊ ထွက်ဆိုချက်အရ ထိုဘုန်းကြီး ကျောင်းအောက်တွင် ၎င်းတို့နေခဲ့ရကြောင်း၊ နောက်ဆုံးတိုက်ပွဲပြီးသွားသည့်အချိန်တွင် အကြမ်းဖက် သမားများ ထွက်ပြေးသွားသည့်အခါ ဘုန်းကြီးကျောင်းအောက်တွင် ကလေးသူငယ်များ ကျန်နေ ခဲ့ကြောင်း၊ လူနာများကျန်ခဲ့ကြောင်း၊ ၎င်းတို့ကို မိမိတို့ကယ်ဆယ်ပြီး ကလေးငယ်နှစ်ယောက် ဒဏ်ရာပြင်းထန်နေသောကြောင့် ရဟတ်ယာဉ်ဖြင့် ချက်ချင်းစစ်ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း၊ ရေဦး၊ ဒီပဲယင်းဆေးရုံ တို့တွင် ယခုအချိန်အထိ ဆေးကုသမှုခံယူနေရသူများရှိကြောင်း၊ တချို့  ကောက်ကျစ်သည့် မီဒီယာများက ဘုန်းကြီးသတ်၊ သီလရှင်သတ်၊ အရပ်သား သတ်နေသည့်သူများက ဘာရေးထားသလဲ ဆိုလျှင် ထိုဘုန်းကြီးကျောင်းတွင် ဏီၤ များ နှင့်  ထိုရပ်ရွာကယဉ်ကျေးလိမ္မာသင်တန်း ဖွင့်နေသည်ကို ဘာမျှမရှိဘဲနှင့် တပ်က  လာပစ်ခတ်တာဖြစ်တယ်ဟု ရေးသားထား ကြောင်း၊ တော်တော်ကလိမ်ကကျစ်ကျသည့် လုပ်ရပ်များ ဖြစ်ကြောင်း၊ ၎င်းတို့ကဲ့သို့ အကြမ်းဖက်သတ်ဖြတ်သူများက ယဉ်ကျေး လိမ္မာသင်တန်း ဖွင့်လှစ်သည်ဆိုသဖြင့် ဘာများသင်သလဲ ဟူ၍ တကူးတကသွားရောက် လေ့လာသင့်သည့် အနေအထားမျိုးပင်ဖြစ်နေကြောင်း၊ လူများကိုလည်း တပ်မှဓားစာခံအဖြစ် ခေါ်ဆောင်သွားသည်ဟု  မဟုတ်မမှန်ရေးထားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိ သည့် ဒေသခံလူနာများကို ဆေးကုသပေးနေမှု၊ ထောက်ပံ့ပေးနေမှုမှတ်တမ်းများကို ပြသပြီး ပုံများကိုလည်း မီဒီယာများကိုပေးမည်ဖြစ်ကြောင်း ပြောကြား၍ ကျေးရွာမှ ဒေသခံများ၏ပြောဆိုချက် ဗီဒီယိုကိုဖွင့်လှစ် ပြသသည်။

အဆိုပါ Video File မှ သူများသည် ဖြစ်စဉ်တွင် အမှန်တကယ် ပါဝင်သူများဖြစ်ပြီး ဆေးကုသမှုခံယူနေသူများ ဖြစ်ပါကြောင်း၊ ဦးမိုးဟိန်းပြောသကဲ့သို့ အထွေထွေညီလာခံ ရှိလာပြီဆိုပါက ကုန်ကြမ်းရှာကြခြင်းဖြစ်ပြီး တချို့လည်း ကုန်ချောထုတ်ပြီးသားရှိပါ ကြောင်း၊ ထို့ကြောင့် ယခုဖြစ်စဉ်မျိုး လုပ်ကြံမှုများဖြစ်ပေါ်လာခြင်း ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့်သိရှိပြီး မီဒီယာများအနေဖြင့် မှန်ကန်သည့်ဘက်က မိမိတို့နိုင်ငံဘက် ကရပ်တည်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မိမိအနေဖြင့် ပြောလိုပါကြောင်း ဖြေကြားသည်။

ဆက်လက်ဖော်ပြပါမည်။