အာဆီယံမှတစ်ဆင့် ပေးအပ်မည့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းများ အဆင်ပြေချောမွေ့ရေး ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေး

အာဆီယံမှတစ်ဆင့် ပေးအပ်မည့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းများ အဆင်ပြေချောမွေ့ရေး ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၂၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဒေါက်တာသက်သက်ခိုင်သည် ယနေ့တွင် ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E.Dr.KUNG  Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို  အဆိုပါဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက အာဆီယံ၏ တူညီဆန္ဒ (၅) ချက်အရ မြန်မာနိုင်ငံသို့ AHA Center မှတစ်ဆင့် လူသားချင်း စာနာမှုအကူအညီပေးအပ်မည့် အစီအစဉ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေး အတွက် ဆွေးနွေးညှိနှိုင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ လူသားချင်းစာနာမှု အကူအညီပေးရေး ကနဦး လိုအပ်ချက်ဆိုင်ရာ  အကဲဖြတ် ဆန်းစစ်ချက် (Preliminary Needs Assessment-PNA)အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်ရန်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E.Dr. KUNG Phoakနှင့်အဖွဲ့ကလည်း ကနဦး လိုအပ်ချက်ဆိုင်ရာ အကဲဖြတ်ဆန်းစစ်ချက် ဆက်လက်ဆောင်ရွက်ရန် မြန်မာနိုင်ငံနှင့် ဝန်ကြီးဌာနဘက်မှ ပံ့ပိုးကူညီပေးစေလိုသည်များ၊ အာဆီယံမှတစ်ဆင့် ပေးအပ်မည့် လူသားချင်း စာနာမှုအကူအညီပေးရေး လုပ်ငန်းများ အဆင်ပြေချောမွေ့ရေး ပူးပေါင်း ဆောင်ရွက်ရန်များ၊   ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် အာဆီယံအနေဖြင့် ပူးပေါင်းပံ့ပိုးနိုင်သည်များ၊ ကမ္ဘောဒီးယားနိုင်ငံ၏ အတွေ့အကြုံများ နှီးနှောဖလှယ် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။