အကြိမ်(၂၀)မြောက် သတင်းစာရှင်းလင်းပွဲ အမေး၊ အဖြေများ

အကြိမ်(၂၀)မြောက် သတင်းစာရှင်းလင်းပွဲ အမေး၊ အဖြေများ

ယမန်နေ့မှအဆက်

Bullet ဂျာနယ်မှထုတ်ဝေသူ ဦးလှဆွေက ယခင်ကလည်း မေးဖူး၊ ဖြေဖူးခဲ့သည့် မေးခွန်းတစ်ခုဖြစ်ပါကြောင်း၊  NLD လက်ထက်က မြန်မာနိုင်ငံကလွှဲလိုက် သည်ဟုဆိုသည့် ဒေါ်လာ ၁ ဘီလီယံကိစ္စဖြစ်ပါကြောင်း၊ ၁ ဘီလီယံသည် အမေရိကန်ဘဏ်ကို ရောက်သွားသည်၊ လွှဲလိုက်သည် မှာ သေချာပါကြောင်း၊ စာရင်းဇယားသာ ရောက်သွားသည် ဆိုသော်လည်း NUG က  မရမကတောင်းနေသည်ကို မိမိတို့တွေ့ရပါကြောင်း၊ တစ်ပဲခြောက်ပြား အလှူငွေဖြင့် လက်နက်ဝယ်နေသည်ကိုပင် အပြစ်မဲ့ပြည်သူများ သေနေသည်ကို တွေ့ရကြောင်း၊ အကယ်၍သာ ၁ ဘီလီယံကို ၎င်းတို့ရသွားပါက အတောမသတ်နိုင်သည့်သတ်ဖြတ်မှုများ ဖြစ်လာနိုင်သည့် အလားအလာရှိပါ ကြောင်း၊ ထို့ကြောင့် သွားလွှဲသူကမည်သူ၊ ယင်းကဲ့သို့လွှဲရန် အမိန့်ပေးသူက မည်သူ ဖြစ်ကြောင်း၊ ထိုသို့စာရင်းဇယားလွှဲသည် ဆိုပါက ဥပဒေနှင့်ညီပါသလား၊ မညီပါက  မည်သို့အရေးယူရန်ရှိသည်ကို  သိလိုပါ ကြောင်း၊ မြန်မာပြည်နှင့်ဘင်္ဂလားဒေ့ရှ်ကြားတွင် Zero Zone ဟုရှိပါကြောင်း၊ ယင်း Zero Zone သည် နှစ်ဖက်စလုံး မလာရသည့် ကြားကနေရာဖြစ်ပါကြောင်း၊ ယင်းနေရာတွင် ထွက်ပြေးသွားသည့် ဘင်္ဂါလီ အချို့က အခြေချနေခြင်းများရှိပါကြောင်း၊NLD လက်ထက်က ယင်းနေရာကိုမနေရန် ဘင်္ဂလားဒေ့ရှ်အစိုးရကို ပြောခဲ့သော်လည်း  လက်မခံဘဲပယ်ချခဲ့သည်ဟု မိမိတို့သိရှိရ  ပါကြောင်း၊ Zero Zone ထဲတွင် ARSA များရှိနေသည်ကို အိန္ဒိယထောက်လှမ်းရေး က သတင်းပေးသော်လည်း ပယ်ချခဲ့သည်ကို မိမိသိရှိထားပါကြောင်း၊ ထို့ကြောင့် Zero Zone ထဲတွင် ယခုချိန်ထိရှိနေသည့် ဘင်္ဂါလီများကို မည်သည့်နည်းဖြင့် ဖယ်ရှားခိုင်းမည် ကိုသိလိုပါကြောင်း၊ တစ်ဆက်တစ်စပ်တည်း ဖြစ်သည့်အတွက် မိမိတို့ဘက်ကပဲ အင်အားသုံးဖယ်ရှားမည်လား၊ ယခုအတိုင်းအလျှော့ ပေးပြီး ဆက်နေခွင့်ပေးမည်လား၊ AA က ပစ်လိုက်သည့်အတွက် သေဆုံးသွားသည့် ဘင်္ဂါလီသည် ယင်း Zero Zone ထဲကဟု သိရပါကြောင်း၊ Zero Zone ထဲကကိစ္စများသည် နှစ်နိုင်ငံဆက်ဆံရေး၏ မီးပွားများဟု မိမိအနေဖြင့်မြင်ပါကြောင်း၊ Zero Zone အတွင်းရှိသည့် ဘင်္ဂါလီများကို မည်ကဲ့သို့ ဖယ်ရှားမည်ကို သိလိုပါကြောင်း၊ ဘင်္ဂလားဒေ့ရှ် နယ်မြေအတွင်းတွင် AA စခန်းသုံးခုရှိသည်ဟု ထောက်ပြထားသည်ကိုတွေ့ရပါကြောင်း၊ ယင်းစခန်းသုံးခုဖယ်ရှားပေးရန် ပြောသကဲ့သို့   ဇနမသ ဇသညန အတွင်းက ဒုက္ခသည်စခန်း များကို ပင်မဒုက္ခသည်စခန်းများနှင့်သွားပေါင်းပြီးထားရန်အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရကို တောင်းဆိုရန် ရှိ/မရှိ သိလိုပါ ကြောင်း၊ တပ်မတော်ကခေါ်ယူနေသည့် သင်တန်းများရှိပါကြောင်း၊ အထူးသဖြင့် ကွန်ပျူတာသင်တန်း၊ တပ်ကြပ်ကြီး/စာရေး သင်တန်း စသည့်သင်တန်းများတွင် အသက်ကန့်သတ်ချက်များကို (ကိုဗစ်-၁၉ ရောဂါကြောင့် နိုင်ငံရေး အခြေအနေများကြောင့်) တစ်နှစ်တန်သည်၊  နှစ်နှစ်တန်သည် လျှော့ပေးသင့်ကြောင်းကို မိမိအနေဖြင့် အကြံပြုတင်ပြလိုပါကြောင်း၊ တချို့သည် တပ်မတော်ထဲဝင်ရန်  ဆန္ဒပြင်းပြပြီး အသက်ခြောက်လခန့် ကျော်သွားခြင်း ရှိပါကြောင်း၊ အရာရှိသင်တန်းများကို အသက်ကန့်သတ်ချက်ထားသည်ကိုမဆိုလိုသော်လည်း   အခြားအဆင့်သင်တန်းများကို ဖြေလျှော့ပေးရန် ဖြစ်နိုင်ပါသလား သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ၁ ဘီလီယံ ကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူများအနေ ဖြင့် စုံစမ်းစစ်ဆေးဆဲဟု ပြောလိုပါကြောင်း၊ စာရင်းမဲ့ပြုလုပ်ခဲ့သည့်အတွက် လုပ်ပိုင်ခွင့် ကျော်လွန်ခြင်းရှိ၊ မရှိများနှင့်ပတ်သက်ပြီး အချိန်တန်ရင်သိရပါမည်ဟု  ပြောလိုပါ ကြောင်း၊ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်ခြားကိစ္စနှင့် ပတ်သက်ပြီး မြန်မာမီဒီယာအများစုကိုပါ မိမိအနေဖြင့်  မေတ္တာရပ်ခံလိုသည်မှာ Zero Zone ဆိုသည့် အသုံးအနှုန်းသည် ဘင်္ဂလားဒေ့ရှ်ဘက်က လိုချင်နေသည့် အသုံးအနှုန်း တချို့သော အဖွဲ့အစည်းများက လိုချင်နေသည့် အသုံးအနှုန်းဖြစ်ပါကြောင်း၊ Zero Zone ကို မိမိတို့မီဒီယာများအနေဖြင့် နောင်တွင်မသုံးကြရန် ပြောလိုပါကြောင်း၊ အဓိပ္ပာယ်များစွာပါသည့် အသုံးအနှုန်းဖြစ် ပါကြောင်း၊ ၎င်းတို့ကလိုချင်သည့်အတွက် Zero Zone ဟု သုံးခြင်းဖြစ်ပါကြောင်း၊ နှစ်နိုင်ငံနယ်ခြားတွင် Zero Zone ဟူ၍ မရှိကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တွင် နယ်စပ်ထိစပ်မှုက ၁၆၈ ဒသမ ၅၇ မိုင်ခန့်ရှိပါကြောင်း၊ အားလုံးတိုင်းပြီးဖြစ်ပြီး စာချုပ်နှစ်ခုရှိပါကြောင်း၊ ၁၉၈၀ စာချုပ်နှင့် ၁၉၉၈ စာချုပ်ဟူ၍ရှိပါကြောင်း၊ ၁၉၈၀ စာချုပ်ကို အနှစ်ချုပ်ပြီး ပြောရမည်ဆိုပါက နယ်ခြားဒေသတွင် နယ်စပ်မျဉ်း၏ ကိုက် ၅၀၀ အတွင်းတွင် အစိုးရဝန်ထမ်းများမှအပ လက်နက်ကိုင် အရပ်သားများ ဝင်ခွင့်မပြုဟု နှစ်နိုင်ငံသဘောတူပြီးဖြစ်ပါကြောင်း၊ ၁၉၉၈ သဘောတူညီချက် ဆိုသည်မှာ ၁၂-၁၁- ၁၉၉၈ တွင် ကုန်းတွင်းနယ်နိမိတ်စာချုပ်  ချုပ်ဆိုခဲ့ပါကြောင်း၊  နှစ်နိုင်ငံနယ်စပ်၏ တစ်ဖက် ပေ ၁၅၀ အတွင်း မည်သည့် အဆောက်အဦမျှ ဆောက်လုပ်ခွင့်မရှိဖြစ် ပါကြောင်း၊ နယ်ခြားဒေသစည်းမျဉ်းဖြစ် ပါကြောင်း၊ Zero Zone နှင့် လုံးဝမသက် ဆိုင်ပါကြောင်း၊  မြန်မာနိုင်ငံမှ  မြန်မာ-ဘင်္ဂလားနယ်စပ်တွင် နယ်စပ်ခြံစည်းရိုး ဆောက်ပါကြောင်း၊ ယင်းနယ်စပ်ခြံစည်းရိုး သည် စည်းမျဉ်းနှင့်အညီ ဆောက်လုပ်ခြင်း ဖြစ်ကြောင်း၊ နယ်စပ်ခြံစည်းရိုး၏နောက် ပေ ၁၅၀ သည် မြန်မာနိုင်ငံ၏နယ်နိမိတ်  သာဖြစ်ကြောင်း၊ နယ်စပ်မျဉ်း၏ နောက် ပေ ၁၅၀ ဆုတ်ပြီးဆောက်ထားခြင်း ဖြစ်ကြောင်း၊ တချို့နေရာများတွင်  စာချုပ်များရှိပြီး ဖြစ်သည့်အတွက် လိုက်နာနိုင်ရေးဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ အနေဖြင့် ARSA စခန်းများ ယင်းတို့အထဲတွင်ရှိနေသည်များကို အသိပေးခဲ့ခြင်းများရှိပါကြောင်း၊ ARSA သည် ယခင်မောင်တောဒေသတွင် ပဋိပက္ခများဖြစ်ပွားစဉ်ကပင် ထွက်ပြေးသူများသည် မည်သည့်နေရာတွင် နေကြောင်း၊ အထောက် အထားအပြည့်အစုံဖြင့် ၎င်းတို့နိုင်ငံအတွင်း တွင်လှုပ်ရှားနေသည့်ပုံများ၊ ၎င်းတို့နိုင်ငံ အတွင်းဆောင်ရွက်နေသည့်ပုံများ၊ ၎င်းတို့ နိုင်ငံအတွင်း မည်သည့်နေရာတွင်ရှိသည် ဆိုသည့် အထောက်အထားကို ဘင်္ဂလားဒေ့ရှ်ကို အမြဲပေးပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း မိမိတို့ဘက် အတွင်းရှိသည်များ ကိုပေးပါကြောင်း၊ မိမိတို့အနေဖြင့် အိမ်နီးနား ချင်းနိုင်ငံများနှင့် ဆက်ဆံရေးမူဝါဒသည် မိမိ တို့အိမ်နီးနားချင်းနိုင်ငံများကို ဆန့်ကျင်ပြီးနေသည့် အဖွဲ့အစည်းများကို မြန်မာမြေထဲ တွင် အခြေချခွင့်မပေးပါကြောင်း၊ အခြား နိုင်ငံများကလည်း အလားတူ တုံ့ပြန်နိုင်မှုရှိရန် လိုပါကြောင်း၊ ၁၉၈၀ ပြည့်နှစ် ပူးပေါင်း  ဆောင်ရွက်ရေးသဘောတူစာချုပ်၊ ၁၉၉၈ ခုနှစ် ကုန်းတွင်းပိုင်းနယ်နိမိတ်စာချုပ်များတွင် စာချုပ်ပါအတိုင်း နှစ်နိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံများပီသစွာ လိုက်နာ သွားရန်လိုအပ်သည်ဟု ပြောလိုပါကြောင်း၊ လိုက်နာမှုများနှင့်ပတ်သက်ပြီး ချို့ယွင်းချက်များ ချိုးဖောက်မှုများရှိခဲ့ပါက နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန နှင့်ပြောဆိုခြင်း၊ ထောက်ပြခြင်းများကို ဆက်လက်ပြီး သံတမန်ရေးရာနည်းလမ်းများ နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်ကြပ်ကြီး/စာရေးကိစ္စကို သက်ဆိုင်ရာ ဌာနများနှင့်ပြန်တင်ပြပြီး ပြန်လည်ညှိနှိုင်းပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယခင်ကလည်း ဗိုလ်သင်တန်း ခေါ်သည့်အချိန်တွင် စစ်တက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်အင်ဂျင်နီယာ တက္ကသိုလ်ခေါ် သည့်အချိန်တွင် ခြောက်လတိုးမြှင့်သတ်မှတ်ပေးခဲ့ပါကြောင်း၊ တချို့သည် အကန့်အသတ် များရှိနိုင်ပါကြောင်း၊ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ဆောင်ရွက်ပေးမည်ဟုပြောလိုပါကြောင်း ပြန်လည် ဖြေကြားသည်။

Trend ဂျာနယ်မှ သတင်းထောက်ချုပ် Online ဝဏ္ဏက NUG ဝန်ကြီးဖြစ်သည့် လွင်ကိုလတ်သည် ပြီးခဲ့သည့်ရက်ပိုင်းတွင် Non-CDM များကို အကြမ်းဖက်ဥပဒေနှင့် တရားစွဲမည်၊ ဖမ်းဝရမ်းထုတ်မည်ဟု  ပြောဆိုခဲ့ကြောင်း၊ နောက်ပြီး NUG ကို ထောက်ခံသည့်တစ်ယောက်ကလည်း Non-CDM များကို သတ်ဖြတ်သည်အထိ ပြောဆိုကြောင်း၊ NUG အဖွဲ့သားများဘက်မှလည်း အလားတူခြိမ်းခြောက်ခြင်းများ ရှိကြောင်း၊ ထိုသို့ဝေဖန်ပြောဆိုမှုများ  ထွက်လာကြောင်း၊ ထူးခြားသည်မှာ လွင်ကိုလတ်အပါအဝင် ပြောဆိုခဲ့သူသည်  ၎င်းတို့အခေါ် အဝေါ်(စကစ)က လွှတ်ထားသည့်သူများဟု စွပ်စွဲပြောဆိုမှုများရှိကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ NUG ဘက်သို့ တစ်နည်းအားဖြင့် သူလျှိုများစေလွှတ်ထားခြင်းရှိ၊ မရှိ သိလိုပါကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စများ ရှိလျှင်ပင် ပြော၍မရကြောင်း၊ မရှိဘူးဟုလည်း ပြောမရကြောင်း၊ နိုင်ငံတော်လုံခြုံ ရေးနှင့်ပတ်သက်လျှင် နိုင်ငံတော်အဆင့် လုပ်သင့်လုပ်ထိုက်သည်များကို မျိုးစုံလုပ် ဆောင်ကြောင်း၊ တချို့သော ဇာတ်လမ်းများကို အချိန်တန်မှသိရကြောင်း၊ မော့ဆက်က နာမည်ကြီးသည့် အလီကိုဟင်သည် အာရပ်နိုင်ငံများကို ထိုးဖောက်လာခဲ့ကြောင်း၊ အနည်းဆုံး သမ္မတအကြံပေး၊ ဝန်ကြီးချုပ်အကြံပေးအထိဖြစ်သွားကြောင်း၊ အမှန်တကယ် ၎င်းသည် အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်မှဖြစ်ကြောင်း၊ ၎င်းင်း၏ဇာတ်လမ်း ဆိုလျှင် နှစ် ၃၀၊ ၄၀ မှ  ပေါ်လာကြောင်း၊ တချို့ကိစ္စများကိုလည်း မိမိတို့အနေဖြင့် သိနိုင် တာမရှိကြောင်း  ပြန်လည်ဖြေကြားသည်။

သူရိယနေဝန်းသတင်းဌာနမှ သတင်းထောက် ဒေါ်သဇင်ဦးက တစ်နှစ်ကျော်ကြာအထိ ငြိမ်းချမ်းနေသည့် ရခိုင်ပြည်နယ်တွင် မြန်မာနိုင်ငံ၏ နယ်ခြားစောင့်ရဲကင်းစခန်း များကို AA အဖွဲ့က စတင်ထိုးစစ်ဆင်တိုက် ခိုက်ခဲ့သဖြင့် မြန်မာ့တပ်မတော်အနေဖြင့် ပြန်လည်ခုခံတိုက်ခိုက်နေရသည်ဟု ကြားသိရကြောင်း၊ တစ်ချိန်တည်းတွင် AA အဖွဲ့ အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များသည် UWSA ၏ ဌာနချုပ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟုသိရကြောင်း၊ ထိုဆွေးနွေး ပွဲတွင် AA အဖွဲ့မှ UWSA အဖွဲ့ထံသို့ လေယာဉ်ပစ်လက်နက်များ အကူအညီ တောင်းခံခဲ့သည်ဟု ထိုဆွေးနွေးပွဲနှင့်နီးစပ် သူတချို့ထံမှ ပြန်လည်ပြောကြားချက်များအရ ကြားသိရကြောင်း၊ ယခုကဲ့သို့သော အချိန်မျိုးတွင် UWSA ဌာနချုပ်တွင်  မြောက်ပိုင်းမဟာမိတ်အဖွဲ့   တွေ့ဆုံခဲ့မှု အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်သို့မှတ်ချက်ပြုမည်ကို သိလိုပါ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲလမ်းကြောင်းပေါ်သို့  သတ္တိရှိရှိရောက် မလာရဲသေးသည့် AA အဖွဲ့သည် ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးကို  ပျက်ပြားစေရုံ သာမက  မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေးကိုပါထိခိုက်အောင် ရည်ရွယ် ချက်ရှိရှိလုပ်ဆောင်နေကြောင်း၊ ထိုသို့လုပ် ဆောင်ခြင်းအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် AA အဖွဲ့ကို မည်သို့တုံ့ပြန်သွားမည်ကို သိလိုပါကြောင်းနှင့် နယ်ခြားစောင့်ရဲကင်းစခန်းများကိုလည်း လူအင်အား၊ လက်နက်အင်အားထပ်မံတိုးချဲ့သွားရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက UWSA တွင် AA အဖွဲ့နှင့်တွေ့ဆုံခြင်းကို သတင်းများတွင် တွေ့ရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းချက်အစီရင်ခံစာများနှင့် တချို့သော သတင်းများ မိမိတို့ထံမှ ရရှိထားပြီးဖြစ် ကြောင်း၊ UWSA အဖွဲ့သည် မိမိတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးသည့်အဖွဲ့ ၁၀ ဖွဲ့ထဲ တွင်ပါဝင်ကြောင်း၊ ဒုတိယအကြိမ်ဆွေးနွေး သည့်အဖွဲ့   ၆   ဖွဲ့ထဲတွင်လည်း ပါဝင်ကြောင်း၊ ၎င်းတို့လိုချင်သည့် ရည်မှန်းချက်၊ လုပ်ဆောင်ချင်မည့်အချက်များကို နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  ပွင့်လင်းစွာဆွေးနွေး ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်သည့်အဖွဲ့ များအနေဖြင့်  ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်  အခြေအနေပေးနေသည့်အချိန်တွင် ဆက်လက်လျှောက်လှမ်းကြရန်ပြောကြား လိုကြောင်း၊ ထိုကဲ့သို့မလုပ်ဆောင်ဘဲ နိုင်ငံတော်ကို အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်နေသူများကို   အားပေးနေလျှင် ငြိမ်းချမ်းရေးလမ်းကြောင်းနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်သွားနိုင်သည်ဟုပြောလိုကြောင်း၊ AA အဖွဲ့နှင့်ပတ်သက်ပြီး BP-40 အနီးစခန်းအား တိုက်ပြီးသည့်နောက်ပိုင်းတွင်  တပ်မတော်အနေဖြင့်  လိုအပ်သည့် တုံ့ပြန်ဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လိုအပ်သည့် တုံ့ပြန်ဆောင်ရွက်မှုများကို မီဒီယာအနေဖြင့်လည်း သတင်းများတွေ့ရမည်ဖြစ်ကြောင်း၊  တပ်မတော်အနေဖြင့် ဒေသခံပြည်သူလူထုများ၏ ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးအတွက် လိုအပ်သည့်တုံ့ပြန်မှု၊  ထိရောက်သည့် တုံ့ပြန်မှုများကို  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊   ငြိမ်းချမ်းရေးလမ်းကြောင်းကို မလျှောက်လှမ်းချင်သည့်အတွက်   ဦးစွာအင်အားနည်းသည့် နယ်ခြားစောင့်ရဲကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊  ဝင်ရောက်တိုက်ခိုက်သည့်နောက်ကွယ်၌ အကြံအစည်များစွာရှိကြောင်း၊  ထိုအကြံအစည်များကိုလည်း   မိမိတို့အနေဖြင့် သိရှိပြီးဖြစ်ကြောင်း၊   လိုအပ်သည့်တုံ့ပြန်မှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  ဖြေကြားသည်။

Eleven Media မှ  သတင်းထောက် ဦးအောင်မင်းသိန်းက   လက်ရှိမြန်မာနိုင်ငံတွင်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ လုပ်ငန်းသစ်များ  လွှဲပြောင်းဝယ်ယူခြင်းများ  ရှိလာကြောင်း၊ ထိုကိစ္စများတွင် ဟွန်ဒီများနှင့်ငွေလွှဲပြီး  လုပ်ဆောင်ခြင်းများ ရှိကြောင်း၊  ထိုသို့လုပ်ဆောင်သည့်အတွက် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ငွေလဲလှယ်မှုနှုန်း  ရိုက်ခတ်ခြင်းများဖြစ်လာနိုင်ကြောင်း၊ ယင်းနေရာတွင် ရင်းနှီးမြှုပ်နှံမှုပမာဏက တချို့ဆိုလျှင် ဒေါ်လာသန်းရာချီရှိကြောင်း၊ ထိုသို့များပြားသည့်အတွက် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ဗဟိုဘဏ်က သတ်မှတ်ထားသော ငွေလဲလှယ်နှုန်းထက်များသည့် ပမာဏကိုဆွဲတင်ပြီး ဈေးကစားကြသူများလည်း ရှိလာနိုင်ကြောင်း၊ နိုင်ငံခြား ကုမ္ပဏီအနေဖြင့်လည်း FDI ဝင်လာသည့်အချိန် တစ်ဖက်လှည့်ဖြင့် မြန်မာများက  ဝယ်ယူခြင်းများလည်းရှိကြောင်း၊   ထိုအခြေအနေများရှိသည့်အတွက် ထိုမှဝင်ရောက်လာသည့် ငွေကြေးများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ  အဖွဲ့အစည်းများက မည်သို့ စိစစ်ဆောင်ရွက်ထားပါသလဲ၊ ဥပမာအနေဖြင့်   Ooredoo Myanmar ဆက်သွယ်ရေး  ကုမ္ပဏီကို မြန်မာပိုင်စင်ကာပူကုမ္ပဏီတစ်ခုက ဒေါ်လာ ၅၇၆ သန်းဖြင့်  ဝယ်ယူခဲ့သည်ကိုတွေ့ရကြောင်း၊ ထိုရင်းနှီးမြှုပ်နှံမှုသည် ပမာဏကြီးမားကြောင်း၊ ယင်းမှ ငွေကြေးအမြောက်အမြား ပြည်တွင်းထဲသို့ စီးဝင်လာမည်ဖြစ်သည့်အတွက်   ငွေကြေးစီးဆင်းမှုနှင့် ပတ်သက်ပြီး စိစစ်ဆောင်ရွက်သွားရန် အစီအစဉ် ရှိ၊ မရှိနှင့်    ထိုရင်းနှီးမြှုပ်နှံမှုမှ ဝင်ရောက်လာမည့်ငွေကြေးများနှင့်ပတ်သက်ပြီး ငွေကြေးခဝါချမှုများ၊  မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်ငွေကြေးများ  မဖြစ်စေရန်နှင့် ထိုငွေကြေးများသည်  တိုင်းပြည် အတွက် စီးပွားရေးများကိုလည်းရိုက်ခတ်နိုင်သည်အထိ ဖြစ်လာနိုင်ကြောင်း၊ ငွေကြေးဈေးကွက် တွင်လည်း ကမောက်ကမဖြစ်လာနိုင်ကြောင်း၊  ယင်းကိစ္စများနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် မည်သို့စိစစ် ဆောင်ရွက်ထားပါသလဲ၊ စိစစ်ဆောင်ရွက်ပြီးသွားပြီဆိုလျှင်   အများပြည်သူများ သိရှိရန်အတွက်  ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  ငွေကြေးဈေးကွက်တွင်   နိုင်ငံခြားငွေဈေးနှုန်း မြှင့်တက်စေရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည့်ကိစ္စများတွင် ဘဏ်များ  ပါဝင်ပတ်သက်မှုမရှိစေရန်အတွက် ဗဟိုဘဏ်မှဘဏ်များသို့ ကန့်သတ်မှုများ၊ ပြောဆိုမှုများ၊ အသိပညာပေးခြင်းများကို  လုပ်ဆောင်လျက်ရှိကြောင်း၊  သတ်မှတ်ငွေ လဲလှယ်နှုန်းထက် ပိုမိုဆောင်ရွက်နေကြသည့်   ငွေလဲသည့်ကောင်တာများကိုလည်း လုပ်ငန်းနှင့်ပတ်သက်ပြီး လုပ်ငန်းလိုင်စင်သတိပေးခြင်း၊  လုပ်ငန်းလိုင်စင်ရုပ်သိမ်းခြင်းများ   ဆောင်ရွက်လျက်ရှိကြောင်း၊ ဘဏ်လုပ်ငန်းကဏ္ဍသို့စီးဝင်လာသည့်ငွေများ၊ ငွေကြေးခဝါချမှု၊  မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သည့်  ဥပဒေနှင့်မညီသည့်ငွေကြေးမျိုး မဖြစ်စေရန်အတွက် ဘဏ်လုပ်ငန်းများတွင်    မတည်ရင်းနှီး ငွေတိုးမြင့်ခြင်း အတွက် ဝင်ရောက်လာသည့်ငွေများကိုလည်း   စစ်ဆေးမှုများပြုလုပ်ကြောင်း၊ ငွေကြေးခဝါချမှု ရှိ၊ မရှိ၊ အခွန်ဆောင်ခြင်း  ရှိ၊ မရှိ စိစစ်ခြင်း သက်ဆိုင်ရာအဖွဲ့အစည်းများဖြစ်သည့်  စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆက်ဆံရေး၊ ပြည်ထဲရေးဝန်ကြီးဌာန အောက်တွင်ရှိသည့် စီးပွားရေးနှင့်ပတ်သက်သည့် အဖွဲ့အစည်းများကို  စုံစမ်းစစ်ဆေးနေသည့် အဖွဲ့အစည်းများ၊ ငွေကြေးစီးဆင်းမှုများကို   စုံစမ်းစစ်ဆေးနေသည့်အဖွဲ့များနှင့် လုပ်ဆောင်နေကြောင်း၊  ဘဏ်လုပ်ငန်းကဏ္ဍ အတွင်းသို့  ပြည်ပမှမတည်ရင်းနှီးမြှုပ်နှံမှုဝင်လာလျှင် ရင်းနှီးမြှုပ်နှံမှုအထောက်အထားများ၊ Share Holder စာရင်းများ၊ သက်ဆိုင်ရာ  သံရုံးများမှ ရင်းနှီးမြှုပ်နှံမှုကိစ္စအပေါ်တွင်  သဘောထားမှတ်ချက်တောင်းခံခြင်း၊  သက်ဆိုင်ရာနိုင်ငံတွင် ကုမ္ပဏီမှတ်ပုံတင်ထားသည့် အထောက်အထားများ၊ နှစ်ဦးနှစ်ဖက် သဘောတူညီ ထားသည့် စာချုပ်များကို စိစစ်ခြင်း၊ ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့များမှ စုံစမ်းစစ်ဆေးသည့် သဘောထားမှတ်ချက် တောင်းခံခြင်းများကို    အဆင့်ဆင့်လုပ်ဆောင်ရကြောင်း၊  တော်ရုံတန်ရုံဖြင့် လုပ်၍မရကြောင်း၊ Ooredoo Myanmar ဆက်သွယ်ရေးကုမ္ပဏီနှင့်  ပတ်သက်ပြီး မြန်မာပိုင်စင်ကာပူ ကုမ္ပဏီမှဝယ်ယူသည့်ကိစ္စသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို တရားဝင်တင်ပြထားခြင်း မရှိသေးကြောင်း၊ ပြည်ပမှ  လာရောက်ရင်းနှီးမြှုပ်နှံလျှင် Cash In ဝင်လာမည်ဖြစ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုကို အားပေးကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းမှု အဖွဲ့အစည်းနှင့် တရားဥပဒေစိုးမိုးရေး   အဖွဲ့နှင့်လည်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဗဟိုဘဏ်၏ ၁၃-၇-၂၀၂၂ ရက်နေ့  ညွှန်ကြားချက်အမှတ်(၈/၂၀၂၂)အရ နိုင်ငံခြားငွေရေးကြေးရေးအဖွဲ့အစည်းက  ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်သည့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများကို အကျိုးတူရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ ညွှန်ကြားချက်လည်း ရှိကြောင်း၊   လုပ်ဆောင်ရမည့် ကန့်သတ်ချက်စာရွက်စာတမ်းများ ရှိကြောင်း၊  ကန့်သတ်ချက် စာရွက်စာတမ်း အချက် ၂၁ ရှိကြောင်း၊  ယင်းတို့ကို မှီငြမ်းကြည့်လျှင် ပိုပြီးခိုင်မာလာမည်ဟု ရှင်းလင်းဖြေကြားသည်။

Myanmar National Post  သတင်းဌာနမှ အယ်ဒီတာချုပ်  နောင်တော်လေးက နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားခရီးစဉ်တွင်  နျူကလီးယားစွမ်းအင်အသုံးချရေးတွင် မြန်မာနိုင်ငံနှင့်  အကျိုးတူသဘောတူညီမှုရရှိခဲ့သည့် အပေါ်တွင် မြန်မာနိုင်ငံ၌ နျူကလီးယားစွမ်းအင်မည်သည့်အချိန်တွင် အကောင်အထည်ဖော်အသုံးပြုမည်ကို သိလိုပါကြောင်းနှင့်  ရုရှားသမ္မတကြီးအပါအဝင် ရုရှားပြည်နယ်အစိုးရများ၏ ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ လာရောက်ရန်  အစီအစဉ်ရှိ၊ မရှိ သိလိုကြောင်း၊ ဆက်စပ်မေးခွန်းအနေဖြင့် NLD အစွန်းရောက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများ၊ ပြည်ပြေး၊ ဝရမ်းပြေးများ၏ လှုံ့ဆော်မှုကြောင့် မြို့နယ်တိုင်းတွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုဆူပူအကြမ်းဖက်မှုများထဲမှ  တပ်မတော်သားမိသားစုဝင် တချို့လည်းပါဝင်ခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရခြင်း ရှိကြောင်း၊ ရောနှောပါသွားသည့် အခြေအနေများရှိကြောင်း၊  နွားထိုးကြီးမြို့နယ်တွင် ဖြစ်သွားကြောင်း၊   ၎င်းနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲထံ သနားငဲ့ညှာစာနာ ပေးပါရန် တင်ပြထားပါကြောင်း၊ ထိုကိစ္စကို ပြန်လည်စဉ်းစားသုံးသပ်ပြီး ဖြေလျှော့ပေးရန်ပြောလိုပါကြောင်း၊ လတ်တလောတွင် PDF အကြမ်းဖက်သမားများ၏သတ်ဖြတ်မှုများကို  ရုပ်သံတွင်မြင်တွေ့နေရခြင်းသည်  ရိုးရိုးသာမန်အဆင့် သတ်ဖြတ်ခြင်းမျိုးမဟုတ်ဘဲ ရက်ရက်စက်စက်လည်လှီးသတ်ဖြတ်ခြင်းကို  လူမှုကွန်ရက် ရုပ်သံများတွင် ဖြန့်ဝေကြောင်း၊ မိမိတို့ မည်သည့်အရာနှင့် ဆက်စပ်မြင်သလဲဆိုလျှင် ကမ္ဘာအရပ်ရပ်တွင် IS အစွန်းရောက် အကြမ်းဖက်အဖွဲ့ပေါ်လာကြောင်း၊ ပေါ်လာပြီး ဂျပန်နိုင်ငံသား၊ အမေရိကန်နိုင်ငံသားများကို Studio အခန်းထဲ၌ စနစ်တကျလည်လှီးပြီးသတ်နေသည့်ပုံကို ကမ္ဘာကို ခြောက်လှန့်ခဲ့သည့်  ပုံစံမျိုး၊ ယခုမိမိတို့တိုင်းပြည်တွင်ဖြစ်နေသည့် NLD အစွန်းရောက် ကိုယ်ကျိုးရှာ  နိုင်ငံရေးသမားများ၏ လက်ကိုင်တုတ်  PDF သည် ထိုသို့ဘာသာရေး  အစွန်းရောက်များ၏ ဦးဆောင်မှုနောက်တွင် ရောက်နေပြီလား၊ ထိုကိစ္စအပေါ်တွင်   ဗိုလ်ချုပ်အနေဖြင့် မည်သို့သုံးသပ်ပါသလဲ၊ ပြည်သူများအနေဖြင့် မည်မျှသတိပြုသင့်ပါသလဲ ဆိုသည်ကို   ရှင်းပြပေးစေလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက နျူကလီးယားကိစ္စသည်  မြန်မာနိုင်ငံအနေဖြင့်   နျူကလီးယားနှင့်ပတ်သက်ပြီး  ငြိမ်းချမ်းစွာ အသုံးချရေးနည်းလမ်းကို  အသုံးချသွား မည်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်အနေဖြင့် အဏုမြူစွမ်းအင် နယ်ပယ်ဆိုင်ရာ လေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှု အရည်အသွေးဖွံ့ဖြိုးတိုးတက်မှု    ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊  နျူကလီးယားစွမ်းအင်အပေါ် ပြည်သူလူထု၏  အပြုသဘောဆောင်သည့် သဘောထားအမြင်များရရှိရန်  ပူးပေါင်းဆောင်ရွက်ရေး၊ နားလည်မှုစာချွန်လွှာနှစ်ခုကို  ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌  လက်မှတ်ရေးထိုးခဲ့ကြောင်း၊  ထိုစာချွန်လွှာနှစ်ခုမှ   နျူကလီးယားစွမ်းအင်အပေါ်  ပြည်သူလူထု၏ အပြုသဘောဆောင်သောသဘောထားအမြင်များရရှိရန် ပူးပေါင်းဆောင်ရွက်ရေးကို   နားလည်မှုစာချွန်လွှာအကောင်အထည်ဖော်ရန်အတွက် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊  အဏုမြူစွမ်းအင်ဦးစီးဌာနအနေဖြင့်  နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို ရန်ကုန်တွင်ထူထောင်နိုင်ရေး စတင်လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ အဓိကရည်ရွယ်ချက်မှာ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရန်  လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊  ပြည်သူလူထုကိုအသိမပေးဘဲ လုပ်ဆောင်သွားမည်မဟုတ်ကြောင်း၊ ပထမဆုံးအဆင့် ပြည်သူလူထုကို  နျူကလီးယား စွမ်းအင်နှင့်ပတ်သက်ပြီး   ငြိမ်းချမ်းစွာ အသုံးပြုရေး လုပ်ငန်းစဉ်များကို ပူးပေါင်း ဆောင်ရွက်မှုရရှိရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သတင်းအချက်အလက် စင်တာကို ရန်ကုန်တွင်စတင်တည်ထောင်ရန်  ရည်ရွယ်ထားကြောင်း၊  ယခုရုရှား ခရီးစဉ်တွင် Road Map နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ   လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးတို့နှင့် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ နျူကလီးယား စွမ်းအင်ကို  ငြိမ်းချမ်းစွာအသုံးပြုပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချနိုင်ရေး၊ ကဏ္ဍပေါင်းစုံ  လူ့စွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်နိုင်ရေးများကို  လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ပထမဦးဆုံးအနေဖြင့်    အသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လုပ်ဆောင်ချက်ခန့်မှန်းခြေမှာ  နှစ်ပိုင်းအတွင်း ဖြစ်ပေါ်လာမည်ဟု ပြောလိုကြောင်း၊ ယင်းကဲ့သို့လုပ်ဆောင်ရန်အတွက် အသိပညာပေးခြင်း၊  သတင်း ဖြန့်ဖြူးခြင်း များကို   အရင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်လှုံ့ဆော်မှုကြောင့် ပါဝင်ပတ်သက်သည့် လူများကို ပြည်ထဲရေးဝန်ကြီးဌာနသို့   တိုင်ကြားသည့်ဖြစ်စဉ်များရှိကြောင်း၊   တချို့မှာအကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်မှုမရှိသော်လည်း  အထောက်အထား  အစုံအလင်ဖြင့်  တိုင်ကြားခံရသူများလည်း ရှိပါကြောင်း၊  ထိုသို့တိုင်ကြားခံရသဖြင့် မေးမြန်းခြင်းခံရသူများလည်းရှိပါကြောင်း၊ မိမိတို့အနေဖြင့် ထိုကိစ္စများနှင့်ပတ်သက်၍  သတင်းစာများတွင်လည်း ကြေညာပြီးဖြစ်ကြောင်း၊ ထိုသို့သောကိစ္စများကို ဖြေလျှော့ ပေးရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနသို့တင်ပြခြင်းများ ဆောင်ရွက်နိုင်ကြောင်း၊ ထိုသို့ တင်ပြပြီးပါက  ပြည်ထဲရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်၍ မေးမြန်းခြင်း၊ စုံစမ်းခြင်းနှင့်ဖြေလျှော့ပေးမှုများကို လုပ်ဆောင်ပေးလျက်ရှိသည်ဟု ပြောလိုကြောင်းနှင့်  သက်ဆိုင်ရာသို့ စာတင်ရန်လိုအပ်ကြောင်း၊ PDF အကြမ်းဖက်များ၏ လုပ်ဆောင်မှုများကို  အွန်လိုင်းပေါ်တွင်  အမြဲတမ်းမြင်နေရကြောင်း၊ တချို့နေရာများတွင်  လည်လှီးသတ်ဖြတ်ခြင်း၊ အချက်ပေါင်းများစွာဓားဖြင့် စိမ်ပြေနပြေ ထိုးခြင်း၊ IS များကဲ့သို့ အကြမ်းဖက်အဖွဲ့မျိုး နီးပါးဖြစ်ခြင်း ဖြစ်ကြောင်း၊ ဘာသာရေးနှင့် ဆက်နွှယ်သည်ဟုပြောသော်လည်း ယခင်ကတည်းကပင်    မြန်မာနိုင်ငံ၏ယဉ်ကျေးမှုကိုအဓိကထားတိုက်ခိုက်နေသည့် အဖွဲ့အစည်းနှစ်ခုရှိကြောင်း၊ နံပါတ်တစ် အဖွဲ့အစည်းသည် သာသနာနှင့်ပတ်သက်သည့်အဖွဲ့အစည်း၊ မြန်မာ့ယဉ်ကျေးမှုနှင့်မြန်မာ့ရိုးရာအစဉ်အလာ၊ မြန်မာနိုင်ငံ၏ရပ်တည်မှုကို ထိန်းထားခြင်းဖြစ်ကြောင်း၊ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာသည်  ဘာသာတရား ကနေ ဆင်းသက်လာခြင်း ဖြစ်သည့်အတွက်  ၎င်းတို့အနေဖြင့် ထိုအဖွဲ့အစည်းကို သတ်ဖြတ်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ယူနေသည့် အဖွဲ့အစည်းကို သတ်ဖြတ်ခြင်း လုပ်ကြောင်း၊  ထိုကဲ့သို့ လုပ်ဆောင်သည့်အတွက် ယခင်ကတည်းကပင် သွေးထိုးလှုံ့ဆော်မှုများရှိကြောင်း၊  အဓိကမှာ   ဘာသာရေးအကြောင်းအရာထက်  ဘာသာရေးကို ဖြိုဖျက်ချင်သည့်အတွက်  အကြမ်းဖက်လှုံ့ဆော်မှုလုပ်ငန်းများ လုပ်နေသည်ဟု   ပြောလိုကြောင်း ဖြေကြားသည်။

People Media မှ သတင်းထောက်ချုပ် ဦးကျော်စိုးဦးက ပြီးခဲ့သည့် ရက်ပိုင်းက အကြမ်းဖက်မှုနှင့် ထောင်ဒဏ်ကျခံနေရသူ ၄ ဦးနှင့် ထောင်ဒဏ် ၅ နှစ် ကျခံထားရသူတစ်ဦး၊ စုစုပေါင်း  ၅ ဦး  ပခုက္ကူထောင်မှ ထွက်ပြေးသွားသည်ဟု သတင်းများထွက်နေကြောင်း၊  ယင်းအခြေအနေကို PDF များကထောင်ထဲမှ ထွက်လာသည်ဟု  ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရကြောင်း၊ ယင်းကိစ္စသည် ထူးခြား နေကြောင်း၊ ၎င်းတို့မည်ကဲ့သို့ထောင်ထဲမှ  ထွက်သွားသည်ကိုသိလိုပါကြောင်း၊ ထိုထောင်ကိုတာဝန်ယူခဲ့သည့် ထောင်ပိုင်ကဲ့သို့သော တာဝန်ရှိသူများကို မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို  သိလိုကြောင်း၊ AA အဖွဲ့သည် ပလက်ဝနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့၌ ပြီးခဲ့သည့်လမှ   ယခုလဒုတိယပတ်အထိ စစ်ရေးပြင်းပြင်းထန်ထန် လှုပ်ရှားမှုများပြုလုပ်နေသည်ကို   တွေ့ရကြောင်း၊ AA အဖွဲ့၏ စစ်ရေးရည်မှန်းချက်သည် မည်သို့ဖြစ်မည်ကို သိလိုကြောင်း၊ တပ်မတော်က ဗဗ အဖွဲ့အပေါ်ထားရှိသည့် သဘောထားများကို မည်ကဲ့သို့ရှိသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  ပခုက္ကူအကျဉ်းထောင်မှ ထွက်ပြေးသည့်ကိစ္စမှာ ပြစ်ဒဏ်ကျခံနေရသည့်  အကျဉ်းသားတစ်ဦးနှင့်အချုပ်သား ၄ ဦး  ထွက်ပြေးလွတ်မြောက်ခြင်းဖြစ်စဉ်ဟာ ၁၀ ရက်နေ့နံနက်ပိုင်းတွင် ဖြစ်ပွားသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပြီး  ၎င်းတို့ အိပ်ဆောင်၏ ဘာယာတန်းအောက်ခြေအား  လူတစ်ကိုယ်စာထွက်နိုင်ရန် ချိုးဖဲ့ပြီး အကျဉ်းထောင်အုတ်ရိုးကိုလည်း  ၎င်းတို့၏ပုံစံပုဆိုးများနှင့်စောင်များကို ချည်နှောင်ပြီး ကြိုးကဲ့သို့တစ်ခုနှင့်တစ်ခုဆက်၍ အသုံးပြုပြီး ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများ   ပါဝင်ပတ်သက်ခြင်းမရှိကြောင်း၊ သို့သော် တာဝန်ပေါ့လျော့မှု ကြောင့် ထွက်ပြေးလွတ်မြောက် သွားခြင်းဖြစ်သဖြင့် အရေးယူအပြစ်ပေးနိုင်ရေး စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ဟု ပြောလိုကြောင်း၊ ဗဗ နှင့်ပတ်သက်ပြီး ထူးထူးခြားခြားတွေ့ရမည်ဖြစ်ကြောင်း၊ ယခင်နှစ်များတွင် AA အဖွဲ့နှင့်တိုက်ပွဲများ အကြီးအကျယ် ဖြစ်ခဲ့ကြောင်း၊ ပလက်ဝ၊ ကျောက်တော်အထက်ပိုင်း၊ မင်းပြားဘက်တွင် တိုက်ပွဲများဖြစ်ခဲ့ကြောင်း၊ ယခုချိန်တွင် ထိုနေရာများ၌ တိုက်ပွဲမဖြစ်ပွားဘဲ ဘူးသီးတောင်၊ မောင်တောဘက်တွင်ဖြစ်နေကြောင်း၊ ထို့နောက် ARSA အဖွဲ့နှင့်  ပူးပေါင်းဆောင်ရွက်နေသည်ကိုလည်း တွေ့ရကြောင်း၊  ငြိမ်းချမ်းစွာနေထိုင်လိုသည့် ရခိုင်ပြည်သူလူထုအနေဖြင့်  သတိရှိရန်လိုသည်ဟု  မိမိပြောလိုကြောင်း၊ ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးစုမည်မျှရှိသည်နှင့် ကျန်သည့်လူမျိုးများ၏ လူဦးရေမည်မျှ ရှိသည်ကို  ရခိုင်လူမျိုးများ အသိဆုံးဖြစ်ကြောင်း၊ တစ်ဖက်တွင်  တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲကင်းစခန်းများတိုက်ခိုက်နေသည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊ AA သည် ပထမဦးဆုံးတိုက်ပွဲကို ဂုတ်ပိဘက်မှ နယ်ခြားစောင့်ရဲစခန်း ၄ ခုကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ထိုရဲစခန်းများသည် ဘူးသီးတောင်နှင့် မောင်တောကြားတွင် ရှိသည့် အဓိကလူသွားလူလာ၊  တရားမဝင်ခိုးကူးများကို ထိန်းချုပ်သည့်နေရာဖြစ်ကြောင်း၊  ယခုချိန်တွင်  တောင်ပြိုဝဲ၊ တောင်ပြိုယာနှင့် BP-40  တို့သည်တစ်ဖက်မှ တစ်ဖက်သို့ ထွက်ပြေးတိမ်းရှောင်ကြ သူများ၏ ဝင်ပေါက်ထွက်ပေါက်ဖြစ်သည့် နေရာများဖြစ်ကြောင်း၊ ထိုကဲ့သို့လုပ်ဆောင်ခြင်းသည် နောက်ကွယ်တွင်  မည်သည့်အကြံအစည်ရှိသည်ကို  သိရကြောင်း၊ သို့သော်သတိပေးလိုသည်မှာ  ယင်းဒေသတွင်ရှိသည့်  လူဦးရေအချိုးအစားကို တွက်ကြည့်သင့်ကြောင်း၊ တိုက်ပွဲများဖြစ်ပွားခြင်းသည်  မိမိပြောခဲ့သလို  တပ်မတော်ဘက်ကပဲ  ထိခိုက်ဒဏ်ရာရသည်ဖြစ်စေ၊ သေဆုံးသည်ဖြစ်စေ၊  တိုင်းရင်းသား လက်နက်ကိုင်များသေဆုံးသည်ဖြစ်စေ၊ ဒဏ်ရာရသည်ဖြစ်စေ၊ မိမိနိုင်ငံသားများ ဆုံးရှုံးခြင်းသာဖြစ်ကြောင်း၊ မိမိနိုင်ငံသားများ ယင်းနယ်မြေတွင်မရှိလျှင်   မည်သူတို့ ဝင်လာမည်ကို ၎င်းင်းတို့အသိဆုံးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မြောက်ခြမ်းတစ်ခုလုံးတွင် မည်သူတို့ကြီးစိုးလိမ့်မည်ဆိုသည်ကို ၎င်းင်း တို့အသိဆုံးဖြစ်ကြောင်း၊  ယင်းကိစ္စများကို သတိပြုရန်လိုကြောင်း ဖြေကြားသည်။

One News သတင်းဌာနမှ  သတင်းထောက် ဦးသွင်ထူးအောင်က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ရွှေဒင်္ဂါးပြားများရောင်းချပေးနေခြင်းသည် ယခုအချိန်ထိ မည်မျှထိရောင်းချပေးပြီးသည်ကို သိလိုကြောင်း၊ ဈေးနှုန်းမည်မျှဖြင့်၊  မည်သည့်ပုံစံဖြင့် ရောင်းချပေးနေသည်ကို သိလိုကြောင်းနှင့် နေပြည်တော် တစ်နေရာတည်းတွင်သာ ရောင်းချပေးနေခြင်း ဟုတ်၊ မဟုတ်၊ ထပ်မံတိုးချဲ့ပေးရန် စီစဉ်ထားခြင်းရှိ/မရှိနှင့်   အခြားမည်သည့် နေရာများတွင် ရောင်းချပေးသွားမည်ကို သိလိုကြောင်း မေးမြန်းသည်၊၊

ဗိုလ်ချုပ်ဇော်မင်းထွန်းက   ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့အထိ သယံဇာတနှင့်   သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အလေးချိန်  ၄၅၅ ဒသမ ၇၅ ကျပ်သား ရောင်းချပေးပြီးဖြစ်ကြောင်း၊ ရောင်းချပေးသည့်ပုံစံမှာ လူတစ်ဦးလျှင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြပြီး ရွှေဒင်္ဂါးပြားတစ်ပြားကိုတစ်ကြိမ် လက်ငင်းငွေသားဖြင့် ရောင်းချပေးကြောင်း၊  ထို့နောက် တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား ရွှေဒင်္ဂါးပြားများ  ရောင်းချပေးလျက်ရှိကြောင်း၊  ရွှေဒင်္ဂါးပြားများကို တစ်ကျပ်သားလျှင် ၂၉ သိန်းငါးသောင်း၊ စက်တင်ဘာ ၁၃ ရက်နေ့အထိ တစ်ကျပ်သားကို  ၂၈ သိန်းငါးသောင်း၊ စက်တင်ဘာ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ တစ်ကျပ်သား လျှင် ၂၈ သိန်းနှုန်းဖြင့် ရောင်းချပေးနေ ကြောင်း၊  နေပြည်တော်တွင်သာရောင်းချ ပေးရန်ရှိကြောင်း၊  ကျန်သည့်နေရာများ တွင် ရောင်းချပေးရန်လတ်တလော အစီ အစဉ်မရှိကြောင်း ဖြေကြားသည်။      

Bloombreg Myanmar မှ ဒေါ်ပိုး သိင်္ဂီကျော်က ယနေ့အခြေခံစားသောက်ကုန် ဈေးနှုန်းများသည် တစ်နေ့ထက်တစ်နေ့ မြင့်တက်နေကြောင်း၊ ဆန်၊ ဆီ၊ အသား၊ ငါး၊ အသီးအရွက်၊ ကြက်ဥ၊ ဘဲဥ ဈေးနှုန်း များကအစ မြင့်တက်နေကြောင်း၊ ဝင်ငွေ၊ ထွက်ငွေမမျှတမှုများကို  မိသားစုများ၊ လုပ်ငန်းကြီး၊  ငယ်မရွေးကြုံတွေ့နေရကြောင်း၊  ကုန်ဈေးနှုန်းတည်ငြိမ်ရေး ဝင်ငွေ၊ ထွက်ငွေမျှတစွာအလုပ်လုပ်နိုင်ရန် အတွက် မည်သည့်စီးပွားရေးစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်မည်ကို သိလိုကြောင်း၊ တစ်ဆက်တည်းမှာပင် အထွေထွေ ကုန်ကျစရိတ်များ မြင့်တက်နေသည့်အချိန်၌   ဝင်ငွေရရှိမှုမတိုးတက်သည့်အတွက် အခြေခံ လူတန်းစားများအနေဖြင့် အခက်အခဲ များစွာကြုံတွေ့နေရကြောင်း၊ အနိမ့်ဆုံး လုပ်ခနှုန်းထားပြင်ဆင် သတ်မှတ်ရေးကို လည်း  ရွှေ့ဆိုင်းထားသည်ဟုလည်း သိရကြောင်း၊ ထိုအခြေအနေတွင် အနိမ့်ဆုံးလုပ်ခနှုန်းထားများ တိုးမြင့်ပေးရန် အစီအစဉ် ရှိ/မရှိသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိတို့နိုင်ငံ တွင်သာမဟုတ်ဘဲ ကမ္ဘာမှာလည်း ကုန်ဈေးနှုန်းကြီးမြင့်မှုများဖြစ်စဉ်ကို  ခံစားနေရကြောင်း၊  သို့သော်လည်း  တူတော့မတူကြောင်း၊ တချို့နိုင်ငံများတွင် ခံသာသည့်နိုင်ငံရှိသလို မိမိတို့နိုင်ငံ၌လည်း လက်လုပ်လက်စားများတွင် မခံသာသည့်သူများလည်းရှိကြောင်း၊ မိမိတို့အစိုးရအနေနှင့် လုပ်ပေးနေသည်မှာ  ဆင်းရဲကျပ်တည်းမှု ကြုံတွေ့နေသည့်သူများကို တပ်မတော်နှင့် တိုင်းဒေသကြီး၊  ပြည်နယ်အစိုးရ အဖွဲ့များမှ ဦးဆောင်ပြီး   ပံ့ပိုးပေးနေကြောင်း၊ ကုန်ပစ္စည်းများနှင့်ပတ်သက်ပြီး အခြေခံ စားသောက်ကုန်များ လိုက်လံရောင်းချပေး ခြင်းများကိုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နောက်တစ်ခုက  ဥပမာစာရင်းဇယားနှင့် ပြောရမည်ဆိုလျှင် အမေရိကန်တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုများ ၁၁ ဒသမ ၄ ရာခိုင်နှုန်း ရှိကြောင်း၊ ယခင်ပစ္စည်းတစ်ခုကို ကုန်ဈေး နှုန်းကထိုမျှရှိပြီး ယခုဆိုလျှင် ဈေးနှုန်းအရ ဒေါ်လာ ၄၈၀ ခန့်ပိုပြီးပေးဝယ်နေရသည့် သဘောရှိကြောင်း၊ သိအောင်နှိုင်းယှဉ်ပြီး ပြောခြင်းဖြစ်ကြောင်း၊ အဓိကသည်အခြေခံကုန်ဈေးနှုန်းနှင့်ပတ်သက်ပြီး စားသောက် ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များ ထိရောက်စွာထုတ်လုပ်နိုင်စေရေးနှင့် ၎င်းတို့၏ သွင်းအားစုများကို ဈေးနှုန်းသက်သာစွာရရှိရေးအတွက် မိမိတို့ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ ဥပမာ ဓာတ်မြေသြဇာများ  အမှန်တကယ် အသုံးလိုသည့်သူများ ဈေးနှုန်းသက်သာစွာဖြင့်ရရှိရေး၊ စက်သုံးဆီနှင့်ပတ်သက်ပြီး ရရှိရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး တချို့ တင်သွင်းရသည့် ပစ္စည်းများသည် ပိတ်ဆို့မှုများ၊ တင်းကျပ်မှုများရှိသည့် အတွက်ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ကိုင်တွယ်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ရုရှား နိုင်ငံကတင်သွင်းလာသည့် စက်သုံးဆီများ ကို မိမိတို့အနေနှင့် ဌာနဆိုင်ရာများအဓိက Public Transporation ပြည်သူလူထုနှင့်သက်ဆိုင်သည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဓိကလုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထုနှင့်ပတ်သက်သည့်လုပ်ငန်းများမှာ ခရီးသည်တင်ဘတ်စကားများ၊ ရထားလိုင်းများ၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ပြည်သူလူထုနှင့်ဆိုင်သည်များကို အဓိကထားဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဓာတ်မြေသြဇာနှင့် ပတ်သက်ပြီး  ပိတ်ဆို့မှုများရှိကြောင်း၊ ဓာတ်မြေသြဇာများနှင့်ပတ်သက်ပြီး ကုန် ပစ္စည်းချင်းလဲလှယ်နိုင်ရေးအတွက် ရုရှားနိုင်ငံနှင့်မိမိတို့နားလည်မှုများ၊ စာချုပ်များချုပ်ဆိုပြီးဖြစ်ကြောင်း၊ ထိုကိစ္စများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အနိမ့်ဆုံးလုပ်အားခနှင့်ပတ်သက်ပြီး နှစ်စဉ်အလုပ်သမားဝန်ကြီးဌာနက   ပြန်လည် ဆန်းစစ်ရသည်များရှိကြောင်း၊  အနည်းဆုံးလုပ်အားခ တိုးမြှင့်ပေးရမည်ဆိုလျှင် ဌာနတစ်ခုတည်းကိုသာ မိမိတို့တိုးမြှင့်ပေးရမည် မဟုတ်ကြောင်း၊ တစ်နိုင်ငံလုံးတွင်ရှိ သည့်ကဏ္ဍအားလုံးကို တိုးမြှင့်ပေးရမည်ဖြစ်ကြောင်း၊ အလုပ်သမားဝန်ကြီးဌာနက နှစ်စဉ်သုံးသပ်ချက် များနှင့်အတူ လုပ်ဆောင် သည်ဖြစ်ကြောင်း၊ ထိုလုပ်ငန်းစဉ်အတိုင်းသာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ဖြေကြားသည်။

Voice of Myanmar သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက ယနေ့နိုင်ငံတော်၏  အောက်ခြေနေရာ ပေါင်းစုံတွင် အခက်အခဲများအဆင်ပြေရန် မည်သို့များဆောင်ရွက်ပေးမည်ကို သိလိုကြောင်း၊ နေပြည်တော်တွင် စည်ပင်သာယာ ရေးကော်မတီမှ  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သုခတော်ဝင်တန်ဖိုး သင့်အိမ်ရာတွင် အမှန်တကယ်နေချင်သည့် သူများလျှောက်၍မရကြောင်း၊ မြေညီထပ်ဆိုလျှင် သိန်း ၂၅၀၊ ၂၄၀ စသဖြင့် ပတ်သက်ရာပတ်သက်ကြောင်း လူများကလျှောက်ပြီး သိန်း ၆၀၀ ကျော်ဖြင့် ပြန်ပြီးရောင်းစားနေကြကြောင်း၊ ထိုသို့ ရောင်းစားနေသည်ကို သက်ဆိုင်ရာတာဝန်ရှိသူများ သိ၊ မသိကိုသိလိုကြောင်း၊ သိသည်ဆိုလျှင် မည်သို့အရေးယူမည်ကိုသိလိုကြောင်း၊  နိုင်ငံ မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး နေပြည် တော်နေရာအနှံ့တွင် မြေကွက်များကို သိန်း ထောင်ချီ၊  သောင်းချီပြီး  ရောင်းချနေကြကြောင်း၊ အရောင်းအဝယ်ဖြစ်သည်ဆိုသည်မှာ ရောင်းသူ၊ ဝယ်သူ၊ အိမ်ခြံမြေ အကျိုးဆောင်များနှင့် ညှိနှိုင်းပြီး လုပ်ဆောင်နေကြကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်ပြီး နိုင်ငံတော်ကအခွန်ငွေများရအောင် မည်သို့ လုပ်ဆောင်နေသည်များကို သိလိုကြောင်း၊ တစ်ဆက်တည်းအနေဖြင့်    လုံခြုံရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများကို ပစ်မှတ်ထားပြီးလုပ်ကြံနေကြကြောင်း၊   မြို့နယ်အမည်များနှင့်ဟစ်တိုင်ပေ့ချ်များထောင်ပြီး စိန်ခေါ်သတ်ဖြတ်နေကြကြောင်း၊ အုပ်ချုပ်ရေးမှူးများကို သတ်ရန် အလှူခံနေကြပြီး သတ်ဖြတ်နေကြ ကြောင်း၊ အသတ်ခံရသည့် အုပ်ချုပ်ရေမှူးများ၊ ရာအိမ်မှူးများကို မည်သို့ကူညီ ထောက်ပံ့မှုများပေးနေသည်ကို  သိလိုကြောင်း၊  မြို့နယ်တစ်ခု၌ ၎င်းမြို့နယ်တွင် ရှိသည့်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများက   လုပ်ကြံခံရသည့်   အုပ်ချုပ်ရေးမှူး၊  ရာအိမ်မှူးများအတွက် ၎င်းတို့၏လစာငွေများထဲမှ အလှူငွေများပေးနေရသည်ဟု ကြားသိရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း၊ နောက်တစ်ခုသည် ARSA နှင့်ပေါင်းပြီးတိုက်လာသည့် AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာရန်ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  နေပြည်တော်စည်ပင်သာယာရေး တိုက်ခန်းများ နှင့်ပတ်သက်ပြီး    နေပြည်တော်စည်ပင်၊ သုခတော်ဝင်အိမ်ရာတိုက်ခန်းများ ဝယ်ယူနိုင်ရေးကို ၁-၆-၂၀၂၀ မှ ၉-၄-၂၀၂၁ ရက်နေ့အထိ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများတွင်ထည့်ထားသည်ဟု အကြောင်းပြန်ထားသည်ကို သိရကြောင်း၊ နေထိုင်နိုင်ခွင့်ရှိသည့်သူများက  ပြန်လည်ဝယ်ယူပြီး ရောင်းချခြင်းသည် ဥပဒေနှင့် ငြိ/မငြိကို ဌာနဆိုင်ရာများအား ပြန်လည်မေးပေးမည်ဖြစ်ကြောင်း၊ အိမ်ဝိုင်းများနှင့်ပတ်သက်ပြီး ရောင်းခြင်း၊ ဝယ်ခြင်းသည် အွန်လိုင်းပေါ်တွင် တွေ့နေရကြောင်း၊ နေပြည်တော်၌ အိမ်ဝိုင်းများနှင့်ပတ်သက်ပြီး ရောင်းချခြင်းသည်  အိမ်ခြံမြေဈေးကွက်ဆိုသည်မှာ ဈေးကွက်စီးပွားရေးစနစ်တွင် တချို့နေရာများ၌ ရင်းနှီးမြှုပ်နှံမှုများအဖြစ် သုံးသည်များရှိကြောင်း၊ တချို့သည် ဈေးနှုန်းအတက်အကျပေါ်မူတည်ပြီး မြေကွက်များဈေးကစားခြင်းသည် ဈေးကွက်စီးပွားရေးစနစ်၏ လုပ်ငန်းဆောင်တာတစ်ခုဖြစ်သည်ဟုပြောလိုကြောင်း၊ ပိုင်ဆိုင်မှုတစ်ခု Accept တစ်ခုဟုပြော၍ရကြောင်း၊ Accept တစ်ခု ဖြစ်သည့်အတွက်  နိုင်ငံတကာ၌လည်း လုပ်ဆောင်နေသည်များ ရှိကြောင်း၊ တခြားနိုင်ငံများတွင်လည်း အိမ်ခြံမြေကို ပိုင်ဆိုင်မှုတစ်ခုအဖြစ် လုပ်ဆောင်နေသည်ကို တွေ့ရကြောင်း၊ နိုင်ငံတော်အနေဖြင့် စည်းကြပ်နိုင်သည်မှာ ရောင်းဝယ်သည့်အချိန် တွင် ထိုက်သင့်သည့်အခွန်ရရှိရေး စည်းကြပ်ခြင်း၊ ငွေကြေးခဝါချမှုမဖြစ်စေရန် စည်းကြပ် နိုင်ရေးတို့ကိုသာ လုပ်ဆောင်နိုင်လိမ့်မည် ဟု ပြောလိုကြောင်း၊ အုပ်ချုပ်ရေးမှူးများနှင့်ပတ်သက်ပြီး တကယ်နစ်နာသူများရှိလျှင် ပြည်ထဲရေးဝန်ကြီးဌာနကို  တင်ပြပါ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ သေဆုံးခြင်းများနှင့်ပတ်သက်ပြီး  နှစ်စဉ်လစဉ် ပံ့ပိုးငွေများ၊    ဆုငွေများရရှိစေရန် ဝန်ထမ်းနှင့်ပတ်သက်လာလျှင် နိုင်ငံတော်က အသိအမှတ်ပြုသည့် ဂုဏ်ပြုမှုများ ရရှိစေရန် မိမိတို့ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ AA  သည် ယခင်က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းခံရပြီး ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်း ပေးလိုက်သည့် အဖွဲ့ဖြစ်ကြောင်း၊ AA ကိစ္စ နှင့်ပတ်သက်ပြီး  အကြမ်းဖက်အဖွဲ့ဖြစ်၊ မဖြစ်ဆိုသည်မှာ ၎င်းတို့၏လုပ်ရပ်အပေါ်ဆက်လက်ပြီး မူတည်သွားမည်ဟု ပြောလိုကြောင်း ဖြေကြားသည်။

Cohesion News Agency မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက ရုရှားနိုင်ငံမှ ပြန်လာချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ  ဗိုလ်ချုပ်တို့အနေဖြင့် မိမိတို့တပ်မတော်သားများ၏ ဘဝတိုးတက်မြင့်မားလာရန် မည်သည့်အရာများ လုပ်ဆောင်သင့်ကြောင်း၊  မည်သို့မည်ပုံပံ့ပိုးသင့်ကြောင်း  ယခုလိုအပ်ချက်များကို ဗိုလ်ချုပ်တို့အနေဖြင့် ထင်ထင်ရှားရှား သိမြင်ပြီး ဖြစ်မည်ဖြစ်ကြောင်း၊ တပ်မတော်သား များနှင့်တကွ ၎င်းတို့၏မိသားစုများ ဘဝတိုးတက်ပြောင်းလဲလာရန် မည်သို့မည်ပုံ လုပ်ဆောင်ပေးမည်ကို သိလိုကြောင်း၊ တပ်မတော်သားများအနေပျော်မှ တိုင်းပြည်လုံခြုံ မည်ဖြစ်ကြောင်း၊ တိုင်းပြည်လုံခြုံမှ နောက်တန်းက ပြည်သူလူထုများ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများအဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း၊ မိမိရှေ့မှ မီဒီယာများ တင်ပြသွားသကဲ့သို့ လစာများတိုးခြင်းဖြင့် စီးပွားရေးများ အဆင်ပြေစေရန်ဖြစ်ကြောင်း၊ တပ်မတော်သားများ၏ လခများကို ဗိုလ်ချုပ်တို့သိမြင်ပြီးဖြစ်ကြောင်း၊ တပ်မတော်သားများနှင့်တကွ ပြည်သူ့ရဲများလည်းပါကြောင်း၊ နိုင်ငံတော်၏လုံခြုံရေးနှင့် ရှေ့တန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်နေသည့် တပ်မတော်သားများ၏ဘဝနှင့် ၎င်းတို့၏ မိသားစုများတိုးတက်ရန် ဗိုလ်ချုပ်တို့အနေနှင့်မည်သို့စီစဉ်ထားသည်ကို သိလိုကြောင်း၊ ရုရှားကအပြန်    တပ်မတော်သားများ၏ဘဝကို ဗိုလ်ချုပ်တို့ ပိုမိုသိမြင်လာမည်ဟု ထင်မြင်ကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ပထမဦးဆုံး မိမိမေးခွန်းပြန်ထုတ်လိုသည်မှာ မြန်မာနိုင်ငံတွင် ယခင်ကတည်းက ပညာသင် ကြားသည့်အချိန်တွင်  မည်သည့်အဖွဲ့အစည်းသည်  မိမိတို့၏သားသမီးများအပေါ် နံပါတ်တစ်ပညာ သင်စရိတ်အားလုံး ပံ့ပိုးသည့်အဖွဲ့အစည်းမျိုး   သတင်းထောက်ကြီးအနေဖြင့်တွေ့ဖူးလား၊ နံပါတ်နှစ်  အဖွဲ့အစည်းတစ်ခုလုံးက  ပံ့ပိုးသည်မဟုတ်ကြောင်း၊    တပ်ရင်းတပ်ဖွဲ့အလိုက် ပညာသင်စရိတ်သာမက ကျောင်းဝတ်စုံ အထက်၊ အောက်၊ ကျောင်းသွားလျှင် ကျောင်းကား၊ ယခင်ကတည်းက ပြဋ္ဌာန်း စာအုပ်အခမဲ့၊  ဗလာစာအုပ်အခမဲ့ပေးသည့် အဖွဲ့အစည်းမျိုး သတင်းထောက်ကြီး တွေ့ဖူးပါသလား၊ အခြေခံအဆင့်သာ မိမိပြောခြင်းဖြစ်ကြောင်း၊ နံပါတ်သုံးတပ်မတော်သားများနှင့်ပတ်သက်ပြီး သက်စွန့်ဆံဖျား ပေးသည့်အဖွဲ့အစည်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပါဝင်ကြောင်း၊ စရိတ်မျိုးစုံပေးသည့် အဖွဲ့အစည်းမျိုး သတင်းထောက်ကြီးမြင်ဖူးပါသလား၊ နံပါတ်လေးအနေနှင့် တပ်မတော် သို့စဝင်လာသည့်အချိန်မှစ၍ သေဆုံးသည်အထိ သင်္ဂြိုဟ်စရိတ်ပေးသည့် အဖွဲ့အစည်း သတင်းထောက်ကြီးတွေ့ဖူးသလားဟု မေးလိုကြောင်း၊ ယခုအချိန် ရုရှားကပြန်လာပြီးမှ   မိမိတို့အနေဖြင့်  ထပြီးလုပ်စရာအကြောင်း မရှိကြောင်း၊ တပ်မတော်အနေဖြင့် ယခင်ကတည်းကတိုင် အခြေခံပြီး လုပ်ခဲ့သည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တပ်မတော်သားများသည် ပြည့်စုံလုံလောက်ပြီး ချမ်းသာနေသည်ဟုပြောခြင်းမဟုတ်ကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် တပ်မတော်သားများသာမက အခြားသော

ဝန်ထမ်းများကိုလည်းပေးရကြောင်း၊ မိမိတို့တပ်မတော်သားများသာလျှင် နိုင်ငံတော်တာဝန် ထမ်းဆောင်နေရခြင်း မဟုတ်ကြောင်း၊ မိမိတို့သည်သာ နိုင်ငံတော်ကိုချစ်နေခြင်း မဟုတ်ကြောင်း၊ ကျန်သည့်ဝန်ထမ်းများလည်း နိုင်ငံတော်ကိုချစ်ကြောင်း၊ ကျန်သည့် ဝန်ထမ်းမှမဟုတ် မည်သည့်ဝန်ထမ်းမှ မလုပ်သည့် ပြည်သူများတွင်လည်း နိုင်ငံတော်ကိုချစ်သည်များရှိကြောင်း၊ သတင်းထောက်ကြီးတို့ Media များထဲတွင် မည်သူမျှ  နိုင်ငံ့ဝန်ထမ်းလုပ်ခဲ့ဖူးသူများမဟုတ်ကြောင်း၊  နြိငေ  များထဲ၌ မိမိတို့ထက် တိုင်းပြည်ကို ချစ်နေသည့် Media များရှိကြောင်း၊ အမုန်းခံအဆဲခံရပြီး သတ်မည်ဖြတ် မည်ခြိမ်းခြောက်ခြင်းခံနေရသော်လည်း တိုင်းပြည်အတွက် နိုင်ငံအတွက်လုပ်နေသည့် သူများလည်းရှိကြောင်း၊ တပ်မတော်သားများ သက်စွန့်ဆံဖျားလုပ်ရသည်မှာမှန်ပါ ကြောင်း၊ တပ်မတော်နှင့် ပြည်သူကြားထဲတွင် တပ်မတော်သားများသည် ပြည်သူထက် ခေါင်းတစ်လုံးမြင့်သည်ဆိုသည့်  အတွေးအခေါ်မျိုးမရောက်စေချင်ကြောင်း၊ ပို၍ သွေးကွဲပါကြောင်း၊ တပ်မတော်သားများသည် အားလုံးထက်ပိုပြီးအနစ်နာခံသည် ဆိုသည့်အတွေးအခေါ်မျိုး မရောက်စေချင်ကြောင်း၊ သွေးကွဲစေပြီး အားလုံးသည် တန်းတူဖြစ်ပါကြောင်း၊ တန်းတူထဲမှာမှပို၍ အနစ်နာခံခဲ့သည် ဆိုသည့် စိတ်ဓာတ်မျိုး ရှိလျှင်ရပါကြောင်း၊ အားလုံးထက်မြင့်မြတ် သည်ဆိုသည့် စိတ်ဓာတ်သည်  သွေးကွဲစေကြောင်း၊ မိမိတို့အနေဖြင့် ယခုအစိုးရလက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သက်၍ ခံစားခွင့်(၂၄)ခုကို ယခင်သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်လည်း နှစ်ပတ်လည်မိန့်ခွန်းထဲတွင် ပြောခဲ့ကြောင်း၊ ပညာရေးဝန်ထမ်းများကိုရည်မှန်းပြီး အိမ်ငှားစရိတ်များ ပေးခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏တတ်နိုင်သည့် စီးပွားရေး အခြေအနေအရ အားလုံးကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ တပ်မတော် သားများဖြစ်စေ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များဖြစ်စေ အားလုံးသည် နိုင်ငံတော်၏ပြည်သူပြည်သားများ ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ စီးပွားရေး အခြေအနေအရ တတ်နိုင်သရွေ့ အကျိုးဆောင်ပြီး လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

Cohesion News Agency မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက တပ်မတော်သား ခေါင်းတစ်လုံး ပိုမြင့်သည်ဆိုသည့် စကားသည် အပြင်ဝန်ထမ်းများတွင် အိမ်ထောင် ဦးစီးသည် ဌာနဆိုင်ရာတစ်ခုခုတွင်အလုပ် လုပ်နေသည်ဆိုပါက ကျန်သည့်မိသားစု သည်  တခြားသောအလုပ်ကို လုပ်လို့ရကြောင်း၊ တပ်မတော်သား၏မိသားစုသည် တပ်မတော်သားနှင့်အတူ  တပ်မတော်အတွက် တာဝန်ထမ်းဆောင်သကဲ့သို့ အတူတူလုပ်နေရကြောင်း၊ ထို့ကြောင့် တပ်မတော်သားများသည် ခေါင်းတစ်လုံးပိုမြင့်သည်ဟုဆိုခြင်းသည် မြင့်သင့်ပါကြောင်း ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော် သားမိသားစုဝင်များထဲတွင် လုံခြုံရေးနှင့် ပတ်သက်၍ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့ကြကြောင်း၊ တပ်ရင်းတပ်ဖွဲ့အသီးသီးတွင် ရဲဘော်ရဲမေများအားလုံး ရွပ်ရွပ်ချွံချွံဆောင်ရွက် ခဲ့ကြကြောင်း၊ လိုအပ်ပါက လက်နက်ကိုင်၍ လုပ်ဆောင်ရကြောင်း၊ ပြောရလျှင် သတင်းထောက်ကြီးထက် မိမိတို့၏သွေးသားများ ဖြစ်ကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် ခံစားခွင့်များရှိကြောင်း၊ ပြည့်စုံလုံလောက်ခြင်း မရှိသေးပါကြောင်း၊ မိမိတို့အနေဖြင့် ယင်းကိစ္စများအတွက် ကြိုးစားဆောင်ရွက်နေကြောင်း၊  လုပ်ဆောင်သွားမည်ဖြစ် ကြောင်း၊  မြန်မာတစ်နိုင်ငံလုံးတွင် ရှိနေသည့် ပြည်သူလူထု၊ တစ်နိုင်ငံလုံးတွင် ရှိနေသည့်ဝန်ထမ်းများ၊ တစ်နိုင်ငံလုံး၌ ရှိနေသည့် လုံခြုံရေးအဖွဲ့များအတွက် အစိုးရ အနေဖြင့် အားလုံးကိုခြုံငုံစဉ်းစားရကြောင်း ပြန်လည်ဖြေကြားသည်။  

Cohesion News Agency မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက ပြိုင်ဘက်ပါတီ ဆိုလျှင်ဖမ်းပြီး အမျိုးဘာသာ၊ သာသနာကို အလေးပေးလျှင် ဖမ်းသည့်ခေတ်ကို မိမိတို့ ၅ နှစ်တာကြုံခဲ့ရကြောင်း၊ ပါတီချင်း သူနိုင်၊ ငါနိုင် ပြိုင်သည်ထက်ပို၍ မိမိနိုင်ငံအတွက် မိမိပါတီသည် မည်ကဲ့သို့ကောင်းအောင်ပိုလုပ်မည်ဆိုခြင်းကိုသာ ပြည်သူများကပြိုင်စေချင်ကြကြောင်း၊  မိမိမကြာသေးမီက UEC ကိုမေးသည်မှာ အသုံးအနှုန်းလွဲသွားပါကြောင်း၊ မတရားအသင်းအဖြစ်ကြေညာခြင်း မဟုတ်ပါကြောင်း၊  နှင်းဆီပါတီကို နိုင်ငံရေးပါတီမှနေ၍ ပယ်ဖျက်ခဲ့ခြင်းသာ

ဖြစ်ပါကြောင်း၊ နှင်းဆီပါတီ ဦးကျော်မြင့်သည် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်၍ နိုင်ငံ ရေးစကားဝိုင်းသို့ ရောက်ရှိခဲ့သူဖြစ်ကြောင်း၊ ဗိုလ်ချုပ်တို့လည်း အတိအလင်းသိပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အနာဂတ်ကလေးငယ်များကိုပြုစုပျိုးထောင်ပြီး အမျိုးဘာသာ၊ သာသနာအတွက်  နောက်မျိုးဆက်များ အားထားနိုင်လောက်သည့် မဟော်သဓာကျောင်း၏ Founder တစ်ယောက်ဖြစ်သည့် ဦးစိုးထွန်းရှိန်သည် NLD လက်ထက်တွင် မတရားဖမ်းဆီးခံခဲ့ရသည်ဟုမြင်ပါကြောင်း၊ တပ်မတော်အနေဖြင့် နောင်လာမည့်   ရွေးကောက်ပွဲများ ကျင်းပပေးရန်အတွက် စီစဉ်နေသည်များရှိနေကြောင်း၊ လက်နက်ကိုင်အဖွဲ့များကိုလည်း စိတ်သဘော ထားကြီးမားစွာဖြင့် ပြန်လည်ညှိနှိုင်းနေသည်ကို တွေ့ရပါကြောင်း၊ ယခုလိုအချိန်တွင် အမျိုးဘာသာ၊ သာသနာနှင့်တိုင်းပြည်အတွက် အားကိုးအားထားပြုနိုင်သည့် သူများကို အပြစ်မှဖြေလျှော့၍ တပ်မတော်အနေဖြင့် ပူးပေါင်းလက်တွဲပြီး ဆောင်ရွက်နိုင်မည့် အစီအစဉ်ရှိ/မရှိနှင့် အပြစ်များမှ ဖြေလျှော့ပေးနိုင်မည့် အစီအစဉ် ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက နှင်းဆီပါတီနှင့် ပတ်သက်၍ နိုင်ငံရေးပါတီမှပယ်ဖျက်ခဲ့ကြောင်း၊ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ပြန်လည်သုံးသပ်ချိန်တွင် တချို့အရာများသည် မှန်ကန်သည့်အတွက် လုပ်ခဲ့ပါကြောင်း၊ ဦးစိုးထွန်းရှိန်ကိစ္စသည် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ၎င်းအနေဖြင့် သွင်းရမည်များကို ပေးသွင်းရမည် ဖြစ်ကြောင်း၊  ၎င်းလုပ်ဆောင်ရမည်များကို လုပ်ရမည်ဖြစ်ကြောင်း၊ တချို့နေရာများတွင် လုပ်ဆောင်ချက်နှင့် လူပုဂ္ဂိုလ်ဟူ၍ ရှိကြောင်း၊ လူပုဂ္ဂိုလ်သည် မည်မျှအပြစ်ကင်းစင်သည်ဟု ယူဆသည်ဖြစ်စေ တရားဥပဒေအရ ငြိစွန်းပါက တရားဥပဒေအရ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Cohesion News Agency မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက ရုရှားနိုင်ငံမှ ရောက်ရှိလာမည့် စက်သုံးဆီများသည် မည်သည့်နေရာတွင်ရောက်ရှိနေပြီး မည်သည့်အခြေအနေတွင်ရှိနေကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုရှားနိုင်ငံမှ ရောက်ရှိလာမည့် စက်သုံးဆီများဖြန့်ဖြူးမှု အပိုင်းသည်  Public Transportation သို့ အများအားဖြင့် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း၊ စက်သုံးဆီများနှင့်ပတ်သက်လျှင် လမ်းခရီးတွင် ကြန့်ကြာမှုရှိကြောင်း၊ ရုရှားနိုင်ငံမှထွက်လာပြီး လမ်းခရီးတွင်ရောက်ရှိနေပြီဖြစ်ကြောင်း၊ မကြာမီရက်ပိုင်းအတွင်းရောက်ရှိလာမည်ဖြစ်ကြောင်း၊ မည်သည့်ရက်တွင် ရောက်ရှိမည်ကို အတိအကျဖြေကြားပေးနိုင်မည်မဟုတ်ကြောင်း ပြန်လည်ဖြေကြားသည်။

လူထုရင်ဖွင့်သံဂျာနယ်မှ အယ်ဒီတာ ဒေါ်ခိုင်စံပယ်ဦးက ကျန်းမာရေးနှင့် ပတ်သက်သည့်မေးခွန်း မေးမြန်းလိုကြောင်း၊ ပရဟိတအဖွဲ့များအနေဖြင့် Accident ဖြစ်ပွားခဲ့သည့် နေရာမှလူနာကို လမ်းပေါ်မှ ကောက်ပြီး သက်ဆိုင်ရာမြို့နယ်ဆေးရုံသို့ သွားရောက်ပို့ဆောင်သည့်အခါ ပြည်သူ့ဆေးရုံများမှ လူနာရှင်မပါရှိပါက လူနာကို ဆေးရုံတင်ခွင့်မပြုကြောင်း၊ လူနာတင်ကားပေါ်တွင်ထားရှိစေပြီး လူနာရှင်နှင့် အဆက်အသွယ်ရရှိမှသာ ဆေးရုံတင်ခွင့် ပြုကြောင်း၊ လူနာတစ်ဦးအား ယခုဆေးရုံမှ အဆင်မပြေ၍ နောက်ဆေးရုံတစ်ရုံသို့ ကုသမှုလိုအပ်ချက်အရ ရွှေ့ပြောင်းရာတွင်လည်း ဆေးရုံကားအသုံးမပြုဘဲ မူလခေါ်ယူလာသော လူနာတင်ကားကို ဖုန်းဆက်ခေါ်ယူ၍ အသုံးပြုခဲ့ကြောင်း၊ သက်ဆိုင်ရာဆေးရုံများမှ  လူနာတင်ကားများလည်း ပုံမှန်လည်ပတ်နေသည်ဟုသိရကြောင်း၊ ယင်းကိစ္စကို မည်သို့ဖြေရှင်းပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းသည်။

ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက အဆိုပါကိစ္စနှင့်ပတ်သက်၍  မိမိပြောလိုသည်မှာ ပြည်သူ့ဆေးရုံများအနေဖြင့် လူနာရှင်ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ ခွဲခြားခြင်းမရှိဘဲ ကုသပေးနေပါကြောင်း၊ မိမိကိုယ်တိုင်လည်း ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်ကတည်းက လူနာရှင်မပါဘဲ  သေဆုံးပြီးမှ ရောက်လာသည့်  Dead Body များကို ဆေးရုံကတာဝန်ယူပြီး သင်္ဂြိုဟ်ပေးခဲ့ရကြောင်း၊ မီဒီယာကြီးပြောခဲ့ သည့်ဖြစ်စဉ်နှင့်နေရာကို  အသေးစိတ်ပြောခဲ့စေလိုကြောင်း၊  သို့မှသာတာဝန်ရှိသူများကို ထပ်ဆင့် တင်ပြပေးနိုင်မည် ဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်ဖော်ပြပါမည်။