နေပြည်တော်၏  Digital Transformation  လုပ်ငန်းစဉ်၌ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ၊ မိတ်ဖက် အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်း ပါဝင်နိုင်ရေး ဖိတ်ခေါ်

နေပြည်တော်၏  Digital Transformation  လုပ်ငန်းစဉ်၌ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ၊ မိတ်ဖက် အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်း ပါဝင်နိုင်ရေး ဖိတ်ခေါ်

နေပြည်တော် စက်တင်ဘာ ၂၂

နေပြည်တော်၏ Digital Transformation လုပ်ငန်းစဉ်၌ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ၊ မိတ်ဖက်အဖွဲ့အစည်းများ အနေဖြင့် ပူးပေါင်းပါဝင်နိုင်ရေး နေပြည်တော် မြို့တော်ဝန် ဦးတင်ဦးလွင်က ဖိတ်ခေါ်လိုက်သည်။

ယမန်နေ့ညနေပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ ကျင်းပသည့် International Forum Kazan Digital Week 2022 ၏ Mayor's Round Table ဖိုရမ်သို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်သည် Online  ဖြင့် တက်ရောက်မိန့်ခွန်း ပြောကြားရာတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

 International Forum Kazan Digital Week – 2022 ကို ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာဇန်မြို့၌  စက်တင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပလျက် ရှိကြောင်း၊ Mayor's Round Table ဖိုရမ်ကို "Digital Transformation  of  the  City Management  (မြို့တော်များ၏ စီမံခန့်ခွဲမှုအား Digital  အသွင်ပြောင်းခြင်း)ဓ ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၂၁ ရက်က သီးခြား ကျင်းပခဲ့ရာ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်က နေပြည်တော်မြို့တော်၏ စီမံခန့်ခွဲအုပ်ချုပ်မှုကို Digital နည်းပညာဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်း၍ Corruption Prevention Unit (CPU)  ဖွဲ့စည်းပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ှုဃွှ နည်းပညာအသုံးပြု၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ စည်ပင်သာယာရေးလုပ်ငန်းနှင့် ပတ်သက်သည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေမှုရှိ၊ မရှိကို Online  မှတစ်ဆင့် ပြည်သူလူထုထံမှ သဘောထား မှတ်ချက်များ ရယူဆောင်ရွက်လျက် ရှိသည့်အခြေအနေ၊  လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု လုပ်ငန်းများကို Digitalနည်းပညာ အသုံးပြု၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းများတွင် e-Government စနစ် အကောင်အထည်ဖော်လျက်ရှိသည့် အခြေအနေ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီသို့ ပေးဆောင်ရန်ရှိသည့် ရေဖိုးရေခများကို e-Payment  စနစ်ဖြင့် ပေးဆောင်နိုင်သည့် အခြေအနေ၊ နေပြည်တော်ကို Safe City အဖြစ် တည်ဆောက်လျက်ရှိသည့် အခြေအနေနှင့် နေပြည်တော် အတွက် GIS Database တည်ဆောက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဖိုရမ်သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူကီယဲသမ္မတနိုင်ငံ၊   မော်လ်ဒိုဗာနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံတို့မှ မြို့တော်ဝန်များနှင့် အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။