ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ လူငယ်စကားဝိုင်းကျင်းပ

ကျောင်းသား၊ ကျောင်းသူများ  ဗလငါးတန်   ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏   စီစဉ်မှုဖြင့်  ရန်ကုန်တိုင်းဒေသကြီး  ရန်ကင်းမြို့နယ်ရှိ  ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ စက်တင်ဘာ  ၂၃  ရက်က  လူငယ်စကားဝိုင်းကျင်းပသည်။

အခမ်းအနားတွင် ရန်ကင်းပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြတ်စိုးက  အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက လူငယ် စကားဝိုင်းကျင်းပရခြင်းနှင့်  ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင်  လူငယ်များ အနေဖြင့်  လူငယ်စကားဝိုင်းမှ   အသိဉာဏ်ပညာ  ဗဟုသုတများ    ပိုမိုရရှိစေရေး၊ စကားပြော အတတ်ပညာကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့၌ ရဲဝံ့စွာ စကားပြောဆိုတတ်စေရေး စသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်    လူငယ်စကားဝိုင်းများ  ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန     လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်နှင့် ရန်ကင်းပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများ က လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ် ကျေးမှု၊  လူငယ်နှင့်စာရိတ္တ၊  လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် နည်းပညာ စသည့်ခေါင်းစဉ်များဖြင့် အသီး သီးရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် အခမ်းအနားသို့ တက် ရောက်လာကြသော     ကျောင်းသား၊ ကျောင်းသူများက   သိရှိလိုသည်များကို မေးမြန်းရာ   ဦးဆောင်ဆွေးနွေးသူများက ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။            

နိုင်လင်းအောင်(တာမွေ)