ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်ဖွံ့ဖြိုးရေး ကွင်းဆင်းစစ်ဆေး

မှော်ဘီမြို့နယ်နှင့်လှည်းကူးမြို့နယ်အတွင်းရှိ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန်(၁) ဟင်းသီးဟင်းရွက်လက်ကား ဈေးတည်ဆောက်မည့် မြေနေရာသို့ ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီး ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန် ဦးဆောင်ကော်မတီအဖွဲ့ဝင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးဗိုလ်ဌေးနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့မှ လက်ကားဈေး အဆောက်အအုံများနှင့် စိုက်ခင်းပြုလုပ်မည့် မြေနေရာများအား မြေညှိပြုပြင်နေမှု၊ စိုက်ခင်းများပြုလုပ်နေမှုနှင့် စိုက်ခင်းပတ်လည်ရေမြောင်းတူးဖော်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး စိုက်ပေါင်များသေသပ်စွာ ပြုပြင်ရန်၊ စိုက်ခင်းအတွက် အရန်ရေရရှိရေး စိုက်ခင်းအနောက်ဘက်ထောင့်တွင် ရေစုကန်တူး၍မြောင်းပိတ်ရေသွင်း သိုလှောင်ထားရှိရန်၊ မြောင်းဆက်လက်စီးဆင်းရာ Pipe Culvert  ပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းရန်တို့အားမှာကြားကာ   လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်(၂) စီမံခန့်ခွဲရေးကော်မတီရုံးသို့သွားရောက်၍ ရုံးအဆောက်အအုံ၊ အစည်းအဝေးခန်း၊ သန့်စင်ခန်းများနှင့် မျှော်စင်ပြုပြင်ထားရှိမှု၊ ရုံးအဝင်မြောင်းကူး တံတားအသစ်တည်ဆောက်ထားရှိမှု၊ ရုံးပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ထားရှိမှုနှင့် ရုံးပတ်လည်ရေမြောင်းရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားမှုတို့အား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ် ရန်ကုန်-ပြည်လမ်းလမ်းဘေးဝဲ/ယာ သန့်ရှင်းသာယာ သပ်ရပ်ရေးအတွက် မြက်ပင်ချုံနွယ်များရှင်းလင်းနေမှု၊ သစ်ပင်အောက်တက်များ ရှင်းလင်းနေမှုတို့အားလည်းကောင်း၊ ရန်ကုန်-ပြည်လမ်း လှည်းတန်းခုံးကျော်တံတားနှင့် ပါရမီလမ်းအကြား အရှည်ပေ ၉၃၀၀၊ အကျယ် ၇၂ ပေ၊ ထု ၂ လက်မ ကတ္တရာကွန်ကရိ(AC)ခင်းကျင်းနေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ပြည်သူ့ရင်ပြင်နှင့်ပြည်သူ့ဥယျာဉ်၌ ရွှေတိဂုံစေတီတော်ကြီးအား ပန်း၊ ဆီမီးတို့ဖြင့်ပူဇော်သည့်အသွင်ဆောင်ရန် ရန်ကုန်-ပြည်လမ်းမှရွှေတိဂုံဘုရားသို့ရှုမြင်ရသည့် မြင်ကွင်း လမ်းကြောင်း Visual Axis အတွင်း မီးတိုင်များ၊ ပန်းခုံများ၊ မြေယာရှုခင်းများဖြင့် အလှဆင်ပုံဖော် ဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှ အုန်းပင် ၄၇၆၃ ပင် ပျိုးထောင်ထားရှိသည့် အုန်းပင်ပျိုးခြံ၊ ပန်းပျိုးခြံများပျိုးထောင်ပြုပြင်နေမှုနှင့် ပျိုးခြံအသစ်များပြုလုပ်ရန်   မြေပြုပြင်ဆောင်ရွက်နေမှု တို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝန်းရံခ